စိတ်နာပြီဆိုရင် လှည့်တောင် မကြည့်ချင်ဘူး

စိတ်နာပြီဆိုရင် လှည့်တောင် မကြည့်ချင်ဘူး

စိတ်နာပြီဆိုရင် လှည့်တောင် မကြည့်ချင်တော့တဲ့ စိတ်ဓာတ်ရှိတဲ့ မိန်းကလေးတွေဆိုတာမိန်းကလေးတွေဟာ ချစ်တတ်တဲ့နေရာမှာ နှစ်ယောက်မရှိအောင်ကို ချစ်တတ်ကြပါတယ်။ တစ်ယောက်ကို

ချစ်ပြီဆိုရင် သစ္စာရှိစွာနဲ့ အနွံတာခံပြီးချစ်တတ်တဲ့သူတွေဖြစ်ပါတယ်။ကိုယ့်အပေါ်မှာဘယ်လောက်ပဲ နာကျင်မှုတွေ၊ ဒဏ်ရာတွေပေးပေး သည်းခံပြီး ချစ်မြတ်နိုးတတ်တဲ့သူတွေဖြစ်ပါတယ်ဒါပေမယ့် တကယ်တမ်းစိတ်နာသွားပြီဆိုရင်

လှည့်တောင်မကြည့်ချင်တော့လောက်အောင် ပြတ်သားတဲ့မိန်းကလေးတွေလည်းဖြစ်ပါတယ်။ခုဖော်ပြပေးမှာကတော့ စိတ်နာပြီဆိုရင် လှည့်တောင်မကြည့်ချင်တော့တဲ့ စိတ်ဓာတ်ရှိတဲ့မိန်းကလေးတွေအကြောင်းပဲဖြစ်ပါတယ်

၁- အဆုံးစွန်ထိသည်းခံတယ်

ဒီလိုမိန်းကလေးတွေဟာ လူတစ်ယောက်အပေါ်မှာ အဆုံးအထိသည်းခံပေးတဲ့သူတွေဖြစ်ပါတယ်လူတစ်ယောက် သူတို့အပေါ်မှာ ဘယ်လိုပဲဆိုးဆိုး၊ ဘယ်လိုပဲနာကျင်အောင်လုပ်လုပ် သည်းခံ

ခွင့်လွှတ်ပေးတဲ့သူတွေ ဖြစ်ပါတယ်သည်းခံနိုင်သမျှအကုန် သည်းခံပေးခဲ့ပြီးပြီဖြစ်လို့ တော်ပြီဆိုရင် လှည့်ကိုမကြည့်ချင်တော့တဲ့သူတွေဖြစ်ပါတယ်

၂-အခွင့်အရေးထပ်မပေးတော့ဘူး

ဒီလိုမိန်းကလေးတွေဟာ တော်ပြီလို့ ဆုံးဖြတ်ပြီးတဲ့အခါမှာ နောက်ထပ်အခွင့်အရေးတွေ ထပ်ပေးတော့မှာ မဟုတ်ပါဘူးလူတစ်ယောက်ကို အခွင့်အရေးပေးသင့်သလောက် ပေးခဲ့အပြီးမှာ

ယုံကြည်မှုတွေကို အလွဲသုံးစားလုပ်ခဲ့ရင် နောက်ထပ်အခွင့်အရေးပေးတော့မှာ မဟုတ်ပါဘူးအကြောင်းကတော့ လူတစ်ယောက်ရဲ့ အကြိမ်ကြိမ်အရူးလုပ်ခြင်းကို မခံချင်တော့လို့ပါပဲ

၃- အချစ်တွေအားလုံးပေးခဲ့ပြီးပြီ

ဒီလိုမိန်းကလေးတွေဟာ လူတစ်ယောက်ကိုချစ်ပြီဆိုရင် အချစ်တွေအားလုံးပုံအောပြီး ချစ်တတ်တဲ့သူတွေပါလူတစ်ယောက်ကို အချစ်တွေအားလုံးနဲ့ချစ်နိုင်သမျှ ချစ်ခဲ့ပြီးဖြစ်ပါတယ်။ ဒါကြောင့် မချစ်တော့ဘူး၊

တော်ပြီလို့ ဆုံးဖြတ်ပြီးတဲ့အခါမှာတော့ နောက်တစ်ခါပြန်ပြီး လှည့်ကြည့်တော့မှာမဟုတ်ပါဘူး။ အကြောင်းကတော့ ပေးစရာအချစ်တွေထပ်ပြီး မရှိတော့လို့ပါ

၄- ဆုံးဖြတ်ပြီးရင်မပြင်တော့ဘူး

ဒီလိုမိန်းကလေးတွေဟာ ဆုံးဖြတ်ပြီးရင် ပြန်မပြင်ချင်တဲ့သူတွေပါ။ လူတစ်ယောက်အတွက် ရှိသမျှသိက္ခာတွေနဲ့ အရှက်တွေအားလုံးကို ပုံအောဖို့အထိ မိုက်မဲတဲ့သူတွေမဟုတ်ပါဘူးလူတစ်ယောက်ကိုစွန့်လွှတ်ဖို့ လွယ်လွယ်နဲ့မဆုံးဖြတ်သလို၊

ဆုံးဖြတ်လိုက်ပြီဆိုရင်လည်း နောက်ထပ်ပြန်ပြင်တော့မှာမဟုတ်ပါဘူးလူတစ်ယောက်အတွက်နဲ့ ကိုယ့်ရဲ့ဘဝတစ်ခုလုံးကို ဘယ်တော့မှပုံအပ်မယ့်သူတွေ မဟုတ်ပါဘူး

၅- ကိုယ့်အတွက်ကိုယ်ပဲကြည့်ချင်တော့တယ်

ဒီလိုမိနျးကလေးတှဟော မခစြျတော့ဘူးလို့ ဆုံးဖွတျလိုကျပွီဆိုရငျ သူ့အကွောငျးကိုတောငျ ခေါငျးထဲအဝငျခံတော့မှာ မဟုတျပါဘူး။သူ့အတွက်ပဲအမြဲစဉ်းစား၊ သူ့အတွက်ပဲ အမြဲတွေးနေပေမယ့် သူကတော့ကိုယ့်အတွက်

မစဉ်းစားပဲ အကြိမ်ကြိမ်နာကျင်အောင်ပဲ လုပ်နေခဲ့မယ်ဆိုရင်တော့ ထားခဲ့ဖို့ကိုပဲ ဆုံးဖြတ်လိုက်ပြီး ကိုယ့်အတွက်ကိုယ်ပဲ ကြည့်ချင်တော့တဲ့ စိတ်မျိုးရှိတဲ့သူတွေပါ

Credit