ကိုယ်နံ့ သင်းအောင် ကူညီနိုင်တဲ့ အစားအသောက်တွေ

ကိုယ်နံ့ သင်းအောင် ကူညီနိုင်တဲ့ အစားအသောက်တွေ

၁- ဒိန်ချဉ်

နွားနို့နဲ့ ဒိန်ချဉ်ဆိုရင် ဒိန်ချဉ်စားပါလို့ ပြောချင်ပါတယ်။ နွားနို့မှာ ကိုယ်နံ့ကို ပိုထွက်စေတဲ့ Choline ပါလို့ ဖြစ်ပါတယ်။ဒိန်ချဉ်မှာတော့ အနံ့ဆိုးထွက်စေတဲ့ ဒြပ်ပေါင်းပမာဏ နည်းလို့ပါ။နောက်ပြီး ဒိန်ချဉ်ထဲမှာ ပါတဲ့ ဗိုက်တာမင်ဒီဟာ ခံတွင်းထဲမှာ ရှိတဲ့

၂- ရေနွေးကြမ်း

ဆေးဖက်ဝင် လက်ဖက်ရည်ဟာ ဓါတ်တိုးဆန့်ကျင်မှုတွေ အပြည့်ပါတဲ့ သောက်စရာတစ်ခုဖြစ်ပါတယ်။ကိုယ်တွင်းအဆိပ်အတောက်တွေ လျော့ပါးစေပြီး ကိုယ်နံ့ကို ပိုမို ကောင်းမွန်စေနိုင်စွမ်း ရှိပါတယ်။

၃- ပန်းသီး

ပန်းသီးမှာ ပါတဲ့ သဘာဝသန့်စင်မှု ဂုဏ်သတ္တိတွေကြောင့် ခံတွင်းနံ့ဆိုးတာ ကာကွယ်နိုင်ပါတယ်။

၄- လိမ္မော်သီး

အချဉ်ဓါတ်ပါတဲ့ အသီးတွေဟာ ရနံ့သင်းပျံ့သလို ကိုယ်ခန္ဓာကနေလည်း အလွယ်တကူ စုပ်ယူနိုင်စွမ်း ရှိပါတယ်။

၅- ငါး

အနီရောင် အသားစားတဲ့သူတွေဟာ ကိုယ်နံ့ပိုဆိုးနိုင်ပါတယ်။နှစ်ပတ်လောက် အသားစားတာ ဖြတ်လိုက်တာနဲ့ သိသာတဲ့ ပြောင်းလဲမှုကို ခံစားရမှာပါ။ငါးကတော့ အစာကြေညက်လွယ်သလို မခံသာတဲ့အနံ့မျိုးလည်း စွန့်ထုတ်မှု မရှိပါဘူး။

Credit

Unicode


၁- ဒိန်ချဉ်


၂- ရေနွေးကြမ်း


၃- ပန်းသီး


၎- လိမ္မော်သီး


၅- ငါး

