မိန်းမ မာယာ သဲကိုးဖြာ

မိန်းမ မာယာ သဲကိုးဖြာ

ပုရိသတွေကို ဂျွမ်းထိုးမှောက်ခုံကျစေမဲ့ အကွက် ၄၀ (သို့) မိန်းမတို့ မာယာ (၄၀) ဖတ်ဖြစ်အောင်ဝင်ဖတ်သွားသင့်တယ်နော် မိန်းမမာယာ သဲကိုးဖြာလို့ တင်စားသ မုတ်ကြကုန်၏။ အမှန်စင်စစ်အားဖြင့် သဲကိုးဖြာ မကပေ။ စာရှိအဆို ကျမ်းရင်းလာတွင် မာယာအပါး (၄၀) ရှိပေသည်။ ယခုခေတ် အခါသမယတွင် သတ် မှတ်ကြလျှင် မိန်းမ မာယာကား အပါး (၄၀) မှပင် ကချေမည် မဟုတ်ပေ။

သို့သော် ရှိရင်းစွဲ မိန်းမမာယာတွေကိုတော့ ခေတ်လူငယ် သတို့သားတို့ သိမှတ်ဖို့ရာ တင်ပြပါမည်။ ဤအချက်အလက်များနှင့် တိုက်ဆိုင်မှုရှိနေသော မိန်းကလေးများကလည်း မိန်းမ သားပီသစွာ မာယာများကို ထိန်းသိမ်းစောင့်ထိန်းရာ၏။

ထုတ်ဖော်ပြသရန် မသင့်ပေ။ မိမိ၏ အမူအ ကျင့်ထဲတွင် ပါဝင်နေသည့် အချက်အလက်များကိုလည်း ရှောင်ရှားနိုင်ကြပါစေကုန်လို့ ဆုတောင်းရင်းသား တင်ပြလိုက်ရပါတော့သည်။ မိန်းမမာယာ အပါး (၄၀) တကယ်မှန်ကန်တဲ့အချက်တွေလို့ မဆိုလိုပါဘူး။

မှန်တာတွေက များနေတော့ ပြောရတာ အခက်သားပဲ။ ကုဏာလဇာတ် ဘာသာပြန်နှင့် ဆရာကြီးသုခမှတ်စုတို့နေ ထုတ်နုတ်ထားတာပါ။ သိစေချင်ရုံ သက်သက်ပါပဲ။ ဒါတွေကို မာယာလို့တော့ မပြောလိုပါဘူး။ ကျမ်းဂန်လာ စာအတိုင်း ပြန်လည် တင်ပြထားပါတယ်။ ဖတ်ရှုတော်မူကြပါကုန် (၁) တင့်တယ်စံပယ်သော အမူအရာကို ပြု၏။

(ဝိဇမ ္ဘတိ) (၂) တခုခုကိုချ၍ ကျောကုန်းကို မြင်စေခြင်းငှာ ကုန်း၍ကောက်၏။ (ဝိနမတိ) (၃) ဣရိယာပုတ်ဖြင့်လည်းကောင်း၊ ဖီးလိမ်းပြင်ဆင်ခြင်း ဖြင့်လည်းကောင်း တင့်တယ်အောင်ပြု၏။

(ဝိလာသတိ) (၄) ရှက်ယောင်ဆောင်၏။ (ဝိလဇ္ဇတိ) (၅) လက်သည်းချင်းပွတ်၏။ (နခေန နခံဃဋ္ဋေတိ) (၆) ခြေတဖက်ဖြင့် ခြေတဖက်ကို နင်း၏။ (ပါဒေန ပါဒံ အကက္ကမတိ) (၇) တုတ်ဖြင့် မြေကို ရေးခြစ်၏။ (ကဋ္ဌေန ပထဝိ ံလေခတိ) (၈) ကလေးကိုချီမြှောက်၏။ (ဒါရကံ ဥလ္လင်္ဃတိ) (၉) ကလေးကို သူတပါးအား ချီစေ၏။

(ဒါရကံ ဥလ္လင်္ဃာပေတိ) (၁၀) မိမိက ကပြ၏။ (ကီဠတိ) (၁၁) ကလေးကို အကခိုင်း၏။ (ကီဠပေတိ) (၁၂) ကလေး၏ ပါးစသည်ကို ပါးစပ်ဖြင့် စုပ်၏။ (စုမ္ဗတိ) (၁၃) ကလေးကို အစုပ်ခိုင်း၏။(စုမ္ဗပေတိ) (၁၄) လက်ကို ဆကာ ဆကာ (နိုင်နိုင် စသည်ဖြင့်) စားဟန်ပြု၏။ (ဘုဉ္ဇတိ) (၁၅) ကလေးကို အထက်ပါ ပုံစံအတိုင်း စားစေ၏။ (ဘုဉ္ဇာပေတိ) (၁၆) တခုခုကို ကလေးအား ပေး၏။

(ဒဒါတိ) (၁၇) ကလေးလက်ကဟာကို တောင်း၏။ (ယာစတိ) (၁၈) ကလေးကို အတုလိုက်ကာ ပြောင်၏။ (ကတမနုကရောတိ) (၁၉) အသံကျယ်ကျယ်ပြော၏။

(ဥစ္စံ ဘာသတိ) (၂၀) တိုးတိုးပြော၏။ (နီစံဘာသတိ) (၂၁) တိုက်ရိုက်ပြော၏။ (အဝိ ဝိစ္စံ ဘာသတိ) (၂၂) မခို့တယို့ ဘာလိုလိုပြော၏။ (ဝိ ဝိစ္စံ ဘာသတိ) (၂၃) ကခုန်ခြင်း၊ သီချင်းဆိုခြင်း၊ ငိုခြင်းတို့ဖြင့် အရိပ်နိမိတ်ကိုပြု၏။ (နစ္စဂီတ ရောဒိတေန နိမိတ္တံ ကရောတိ) (၂၄) အသံကျယ်ကျယ် ပြင်းစွာရယ်၏။

(ဇဂ္ဃတိ) (၂၅) တစိန်းစိန်းနှင့် စိုက်ကြည့်၏။ (ပေက္ခတိ) (၂၆) ခါးကို လှုပ်စေ၏။ (ကဋိစာလေတိ) (၂၇) အတွင်းသားများကို လှုပ်စေ၏။ (ဂုယှဘဏ္ဍံ သဉ္ဇာလေတိ) (၂၈) ပေါင်ကို ဖွင့်၏။

(ဦရုံဝိဝရတိ) (၂၉) ပေါင်ကို ပိတ်၏။ (ဦရုံပိ ဒဟတိ) (၃၀) သားမြတ်ကိုပြ၏။ (ထနံ ဒဿေတိ) (၃၁) လက်ကတီးကို ပြ၏။ (ကစ္ဆံ ဒဿေတိ) (၃၂) ချက်ကိုပြ၏။ (နာဘိ ံဒဿေတိ) (၃၃) မျက်စိမှိတ် ပြ၏။ (အက္ခိ ံနိခနတိ) (၃၄) မျက်စပစ်၏။ (ဘမုကံ ဥက္ခိပတိ) (၃၅) သွားဖြင့် နှုတ်ခမ်းကို ကိုက်၏။

(သြဋ္ဌံ ဥပလိခတိ) (၃၆) လျှာကို ထုတ်၏။ (ဇိဝှံ နိလ္လာဠေတိ) (၃၇) ထမီကို ကျွတ်ဟန်ပြု၏။ (ဒုဿံ မုစ္စတိ) (၃၈) ထမီကိုပြင်၍ ဝတ်၏။ (ဒုဿံပတိ ဗန္ဓတိ) (၃၉) ဆံထုံးကို ဖြေ၏။ (သိရသံ မုစ္စတိ) (၄၀) ဆံထုံးကို ပြင်၍ ထုံး၏။ (သိရသံ ဗန္ဓတိ) ဤသည်ကား မိန်းမတို့၏ မာယာများပေတည်း။