မိန်းမသားများ မျက်နှာပြင် နုပျိုမှုကို ဘယ်လိုထိန်းကြမလဲ

မိန်းမသားများ မျက်နှာပြင် နုပျိုမှုကို ဘယ်လိုထိန်းကြမလဲ

မျက်နှာပြင် အသားအရေ ဟာ မိန်းမသား တွေ အတွက် အလွန် အရေးကြီးတဲ့ အဓိက အချက်လို့ ဆိုရင် မမှားပါဘူး ။

မျက်နှာပြင် အသားအရေကို မထိန်းသိမ်းမိဘူး ဆိုရင် အရွယ် မတိုင်ခင် ရင့်ရော်မူှတွေ ဖြစ်တတ် ပါတယ် ။

နေရောင်ခြည်ကြောင့် အသညးအရေကို ထိခိုက်တာရယ် ပတ်ဝန်းကျင် အကြောင်း အချက်တွေကြောင့် ရလာတဲ့ ဓာတ်တိုးပစ္စည်းတွေကြောင့် ထိခိုက် တာရယ် ဖြစ်တတ် ပါတယ် ။

အချို့အသက်ကြီး သော်လည်း အသားအရေ မပျက်စီးပဲ တောက်ပ နုပျို နေတာဟာ သဘာဝက ပေးတဲ့အသားအရေ ထိန်းသိမ်းနည်းတွေ ကြောင့်ပါ ။

ဒါဆိုရင် သဘာဝက ဘယ်လိုမျိုးများ အသားအရေ တောက်ပမူှကို ပေးသလည်း ဆိုတာကို ပြောပြချင်ပါတယ် ။

ပျားရည်နဲ့ အသားအရေ ””’

ပျားရည်ဟာ သင့် အသားအရည် အတွက် အကောင်းဆုံးသော သဘာဝ ပစ္စည်း တစ်မျိုးပါ ၊ ပျားရည်မှာ

အရေပြားကို ပြန်လည် ကောင်းမွန်စေနိုင်တဲ့ အင်တီအောက်ဆီဒင့်တွေ ပါဝင်ပြီး ဘက်တီးရီးယားကို ကင်းစေတဲ့ အာနိသင်လည်း ပါဝင်ပါတယ် ။

ဒါကြောင့် ပျားရည်ကို မျက်နှာသန့်စင် ဆေးအဖြစ်လည်း အသုံးပြု နိုင်ပါတယ် ။

အသုံးပြုပုံ ကတော့

ပျားရည် အနည်းငယ် ရေနွေးအနည်းငယ်တို့ကို ရောပြီး သမသွားသည်အထိ မွှေပါ ၊

ထို့နောက် မျက်နှာပေါ်မှာ သုတ်လိမ်းပေးပါ ။ မျက်နှာပြင်မှာ ရှိနေတဲ့ ချေးများကို သန့်စင်ဖို့ ဆိုရင်တော့ သကြားအညိုကို ထမင်းစားဇွန်း တစ်ဇွန်းခန့် ထည့်ပေးပါ ။

မျက်နှာပြင်ပေါ် သုတ်လိမ်းပြီး ဆယ်မိနစ်ခန့် ထားပြီးနောက် ရေဖြင့် သန့်စင်ပေးပါ ။

ထူးခြားတောက်ပတဲ့ အသားအရေကို သင်ရရှိ ပါလိမ့်မယ် ။

ထောပတ်သီးနဲ့ သဘာဝဆေး ”””

အသားအရေ နုးညံ့ ချောမွေ့နေစေရန် ဘီတာမင်ဓာတ်တွေဟာ မရှိမဖြစ် လိုအပ်ပါတယ် ။

ထောပတ်သီးမှာ ဘီတာမင် အေ၊ ဘီ ၊ ဒီ နဲ့ အီးတို့ များစွာ ပါဝင် ပါတယ် ။

ကျန်းမာရေးကို အားဖြညွမဲ့ အဆီဓာတ်တွေ ပါဝင် သလို ပိုတက်ဆီယမ် ပါဝင်မူှဟာ ငှက်ပျောသီး တစ်လုံးမှာထက် ပိုပါတယ် ။

သဘာဝအရ အစိုဓာတ်ကို များစွာ ထိန်းနိုင်ပါတယ် ။

ထောပတ်သီးမှာ ပါဝင်တဲ့ သဘာဝ အဆီဓာတ်တွေဟာမျက်နှာပြင်က အညစ်အကြေးတွေကို ဖယ်ရှားပေးပြီး

ပါးရေတွန့်ခြင်း အိုမင်းခြင်း လက္ခဏာတို့ကို လျော့ကျ စေပါတယ် ။

နှင်းခူနာ အနီရောင် အစက်အပျောက်နဲ့ ထိလွယ် ခိုက်လွယ်တဲ့ အသားအရေအတွက် ကုသရာမှာအကောင်းဆုံး သဘာဝ ပစ္စည်း ဖြစ်ပါတယ် ။

အသုံးပြုပုံကတော့

ထောပတ်သီးအမှည့် တစ်လုံးကို ကျေညက်သည်ထိ ကြိတ်ချေပါ၊ မျက်နှာပြင်ပေါ် ညင်ညင်သာသာလိမ်းပါ၊ ဆယ်မိနစ် အကြာမှာ

အေးမြစိုစွတ်တဲ့ အစသန့်သန့်နဲ့ ပြန်သုတ်လိုက်ပါ ၊ အစိုဓာတ် ပိုမိုရရှိစေလိုပါက နွားနို့သို့မဟုတ် ပျားရည်အနည်းငယ် ထည့်ပြီး သုတ်လိမ်း ပေးပါ ။

ထောပတ်သီးဟာ မျက်နှာပေါင်းတင်တဲ့ အခါ မျက်နှာပြင် အသားအရေကို ကောင်းကျိုးပြည့်ဝစွာ ပေးနိုင်စွမ်း ပါတယ် ။

သင်္ဘောသီးကလည်း အခရာ ””

သဘာဝအရ သင်္ဘောသီးမှာ ဘီတာမင်စီနဲ့ ကယ်ရိုတင်းဓာတ်တို့ ပါဝင်ပါတယ် ။

သတ္ထုဓာတ်နဲ့ ပက်ပိန်းအင်ဇိုင်းပါဝင်မူှများတာမို့ အစိုဓာတ်ကို ထိန်းသိမ်းနိုင်ပြီး အသားအရေ ချောမွေ့စေပါတယ် ။

အစက်အပျောက်များကီု လျော့ပါးစေပြီးအသားအရေ တောက်ပစေပါတယ်။ချွေးပေါက်ပိတ်မူှကိုကာကွယ်နိုင်ပါတယ် ။

အသုံးပြုရမဲ့နည်းကတော့

သင်္ဘောသီးမှည့်ရဲ့အနှစ်ကိုကြေညက်အောင်ပြုပြီး မျက်နှာပြင်ပေါ်မှာ စက်ဝိုင်သဏ္ဍာန်လှည့်လည်နှိပ်နယ်ပြီးသုတ်ပေးပါ။

လိမ်းရုံမက စားသုံးပေးခြင်းကလည်းအကျိုးထိရောက်မူှကိုရရှိပါတယ်။

အမျှင်ဓာတ်ပိုတက်စီယမ်နဲ့ဘီတာမင် အေ၊ စီတို့ပါဝင်ခြင်းကြောင့်အသားအရေ နုညံ့တောက်ပမူှအကျိုးကိုအပြည့်အဝရရှိစေမှာဖြစ်ပါတယ်။

အရွယ်မတိုင်ခင်အိုမင်းရင့်ရော်ခြင်းမှကင်းဝေးကာ အသားအရေရဲ့ကောင်းခြင်းကို ရရှိမှာမို့ ဒီနေ့ပဲ သဘာဝအလှပြင်ပစ္စည်းများကိုသံးစွဲကည့်ကြပါစို့….