သူကိုယ့်အနားရှိနေလို့လဲ ကိုယ်မပျော်ရတော့ပါဘူး

သူကိုယ့်အနားရှိနေလို့လဲ ကိုယ်မပျော်ရတော့ပါဘူး

သူမရှိရင်မနေနိုင်ပါဘူးဆိုတဲ့စကားတွေနဲ့ ကိုယ့်ကိုယ်ကိုယ်ညာတယ် ပြီးတော့ ကိုယ့်ကိုမစာနာတဲ့သူကိုမှ မျက်ရည်တွေနဲ့ဆွဲထားပြီး ကိုယ့်အနားပါနေပါဆိုပြီးတောင်းပန်တယ် ။ သူရှိနေရင်ကော ကိုယ်ပျော်နေရမယ်လို့ထင်နေတာလား

ညီမလေးရယ်သေချာတွေးကြည့်မယ်ဆိုရင် သေချာပေါက် ညီမလေး ပျော်ရတော့မှာမဟုတ်ဘူး ကိုယ်က ဆွဲထားလိုက်တယ်ဆိုကတည်းက သူ မပျော်ပဲရပ်နေလိုက်ရသလို ကိုယ့်ကို မလိုအပ်ပဲ ကိုယ့်အနားမှာ ရှိနေရုံသက်သက်ပါပဲ အဲ့လိုတွေးမိတဲ့

အခါတိုင်း ကိုယ်တစ်ခါ ငိုရတတ်တယ်ငါမရှိရင် သူမနေနိုင်ပါဘူးဆိုတဲ့အတွေးတွေရယ် ငါဘာလုပ်လုပ် သူငါ့ကို ခွဲမသွားနိုင်ပါဘူးဆိုတဲ့အတွေးတွေ လွယ်လွယ်လေးတွေးသွားကြလိမ့်မယ် အရင်ကတောင် ကိုယ့်ကိုမစာနာတာ အရင်ကထက်ကိုယ့်ကို

ပိုပြီးရက်စက်ဖို့ပဲတွေးတော့မှာလေ ။ ကိုယ်ငိုရင် ကိုယ်ကိုယ်တိုင်တိတ်ရပြီး ကိုယ်နဲနဲလေးတင်းလိုက်တာနဲ့ သူလှည့်ထွက်သွားလိမ့်မယ်ကိုယ့်စိတ်ကိုယ် မပြတ်မသားမချင်း ဒီဝဋ်တွေက ကျွတ်ဖို့လမ်းမမြင်ပါဘူး နှစ်တွေကြာလာတဲ့အခါ

ငါဘာကြောင့်ဆွဲထားမိပါလိမ့်ဆိုတဲ့နောင်တတွေ ရလာတဲ့အခါမှ ရုန်းမရအောင် နစ်နေမယ်ဆိုရင် မိအေး နှစ်ခါမက နာပါတယ် ။ကိုယ်ဆွဲမှမြဲမယ့်လက်ဆို လွှတ်ချပေးလိုက်တော့ ကိုယ်ငိုမှ ပျော်မယ့်ဝဋ်တွေကို ကျေအောင်ဆပ်လိုက်တော့

ဘဝဆိုတာ တိုတိုလေးပါတဲ့ တကယ်တမ်းဒုက္ခတွေနဲ့နေထိုင်ရတဲ့အခါ နေ့ရက်တိုင်းက ရှည်ပါတယ် သူအနားမှာရှိနေပေမယ့် ကိုယ်မပျော်တော့တာထက်စာရင် နှစ်ယောက်သွားဝေးနေကြတာ ပိုကောင်းပါတယ် ။

Credit

Unicode

သူကိုယ့္အနားရွိေနလို႔လဲ ကိုယ္မေပ်ာ္ရေတာ့ပါဘူး

သူမရွိရင္မေနနိုင္ပါဘူးဆိုတဲ့စကားေတြနဲ႕ ကိုယ့္ကိုယ္ကိုယ္ညာတယ္ ၿပီးေတာ့ ကိုယ့္ကိုမစာနာတဲ့သူကိုမွ မ်က္ရည္ေတြနဲ႕ဆြဲထားၿပီး ကိုယ့္အနားပါေနပါဆိုၿပီးေတာင္းပန္တယ္ ။ သူရွိေနရင္ေကာ ကိုယ္ေပ်ာ္ေနရမယ္လို႔ထင္ေနတာလား

ညီမေလးရယ္ေသခ်ာေတြးၾကည့္မယ္ဆိုရင္ ေသခ်ာေပါက္ ညီမေလး ေပ်ာ္ရေတာ့မွာမဟုတ္ဘူး ကိုယ္က ဆြဲထားလိုက္တယ္ဆိုကတည္းက သူ မေပ်ာ္ပဲရပ္ေနလိုက္ရသလို ကိုယ့္ကို မလိုအပ္ပဲ ကိုယ့္အနားမွာ ရွိေန႐ုံသက္သက္ပါပဲ အဲ့လိုေတြးမိတဲ့

အခါတိုင္း ကိုယ္တစ္ခါ ငိုရတတ္တယ္ငါမရွိရင္ သူမေနနိုင္ပါဘူးဆိုတဲ့အေတြးေတြရယ္ ငါဘာလုပ္လုပ္ သူငါ့ကို ခြဲမသြားနိုင္ပါဘူးဆိုတဲ့အေတြးေတြ လြယ္လြယ္ေလးေတြးသြားၾကလိမ့္မယ္ အရင္ကေတာင္ ကိုယ့္ကိုမစာနာတာ အရင္ကထက္ကိုယ့္ကို

ပိုၿပီးရက္စက္ဖို႔ပဲေတြးေတာ့မွာေလ ။ ကိုယ္ငိုရင္ ကိုယ္ကိုယ္တိုင္တိတ္ရၿပီး ကိုယ္နဲနဲေလးတင္းလိုက္တာနဲ႕ သူလွည့္ထြက္သြားလိမ့္မယ္ကိုယ့္စိတ္ကိုယ္ မျပတ္မသားမခ်င္း ဒီဝဋ္ေတြက ကြၽတ္ဖို႔လမ္းမျမင္ပါဘူး ႏွစ္ေတြၾကာလာတဲ့အခါ

ငါဘာေၾကာင့္ဆြဲထားမိပါလိမ့္ဆိုတဲ့ေနာင္တေတြ ရလာတဲ့အခါမွ ႐ုန္းမရေအာင္ နစ္ေနမယ္ဆိုရင္ မိေအး ႏွစ္ခါမက နာပါတယ္ ။ကိုယ္ဆြဲမွၿမဲမယ့္လက္ဆို လႊတ္ခ်ေပးလိုက္ေတာ့ ကိုယ္ငိုမွ ေပ်ာ္မယ့္ဝဋ္ေတြကို ေက်ေအာင္ဆပ္လိုက္ေတာ့

ဘဝဆိုတာ တိုတိုေလးပါတဲ့ တကယ္တမ္းဒုကၡေတြနဲ႕ေနထိုင္ရတဲ့အခါ ေန႕ရက္တိုင္းက ရွည္ပါတယ္ သူအနားမွာရွိေနေပမယ့္ ကိုယ္မေပ်ာ္ေတာ့တာထက္စာရင္ ႏွစ္ေယာက္သြားေဝးေနၾကတာ ပိုေကာင္းပါတယ္ ။