ရင်နင့်ဖွယ် ဖြစ်ပျက်ကြုံတွေ့ရတာတွေ ပြောပြလာတဲ့ ပန်ဆယ်လို

ရင်နင့်ဖွယ် ဖြစ်ပျက်ကြုံတွေ့ရတာတွေ ပြောပြလာတဲ့ ပန်ဆယ်လို

အာဏာသိမ်း တယ်ဆိုတာ စာတွေထဲပဲ ဖတ်ဖူးခဲ့တာ၊ တစ်ခါမှမကြုံခဲ့ဖူးတော့ ဖြစ်လာမယ့် အကျိုးဆက်တွေကို ကြိုတွေးခေါ်နိုင်စွမ်း နည်းခဲ့တယ်။အာဏာသိမ်းနံနက်ခင်းမှာ လာဖမ်းတယ်။ မျိုးစုံလှည့်စားပြီး

သုံးရက်မြောက်နေ့မှာ အိမ်က ထွက်ပြေးနိုင်ခဲ့တယ်။ ရက်ပိုင်းအတွင်း အိမ်ပြန်ရမှာပဲလို့ တွေးခဲ့ပေမယ့် တဖြည်းဖြည်း အိမ်နဲ့ ပိုဝေးလာခဲ့တယ်။ကိုယ်ပဲ ဝရမ်းပြေးဖြစ်မယ်၊ ကိုယ် ထွက်ပြေးရင် ရပြီလို့

တွေးခဲ့ပေမယ့် တကယ်တမ်းအခြေအနေက အဲ့လို မဟုတ်ခဲ့ဘူး။ မိသားစုတွေကိုပါ လိုက်လံဖမ်းဆီးတဲ့ အခြေအနေဖြစ်လာတယ်။ မိသားစုပါ ဝရမ်းပြေးဖြစ်လာတယ်။ အသက်၃ နှစ်ကျော် ကလေးပါ ကိုယ့်ကြောင့် ဝရမ်းပြေးဖြစ်ခဲ့ရတယ်။

နေပူထဲ နှစ်နာရီလောက်လမ်းလျှောက်၊ ရင်ခေါင်းလောက်ရှိတဲ့ ရေထဲကနေ ဖြတ်ပြီး မိသားစုလိုက် ပြေးကြရတာ။ ကိုယ့်သမီးလေးခဗျာ မောလွန်းလို့ အဖိုးပုခုံးပေါ် အိပ်ပျော်သွားတဲ့အထိ။ ကိုယ့်မှာ ကိုယ့်မိသားစု

လွတ်မြောက်နယ်မြေ မရောက်ခင်ထိ တစ်ရက်မှ ကောင်းကောင်းအိပ် မပျော်ခဲ့ဘူး။ ပူပန်နေ တာတွေ လူမသိအောင်၊ ကြေကွဲ ရတာတွေ သူတို့မသိအောင် အတင်းမာဆုံး ရပ်တည်ခဲ့တယ်။

သမီးလေး ကိုယ့်ဘဝ ထဲရောက်လာကတည်းက တစ်ခါမှ မခွဲခဲ့ဖူးဘူး။ ဒီတစ်ခါခွဲခဲ့ရတာ နှစ်ဝက်နီးပါး။ အနေဆင်းရဲ အစားဆင်းရဲတွေကြား သမီးက အိမ်ပြန်မယ်ဆိုပြီး အော်ငိုတဲ့အခါ ဘယ်လိုချော့ရမယ် မသိတဲ့ အချိန်တွေ။

အိမ်မှာ လူဆိုးကြီးတွေ ရှိတယ် သမီးရယ်။ မေမေ့တို့ အိမ်ပြန် လို့မရဘူး။ လူဆိုးကြီးတွေ သေမှ မေမေတို့ အိမ်ပြန် လို့ရမှာ။ မီးမီးက မေမေ့ဆီလိုက် လာရမှာလို့ တတ်သလောက် မှတ်သလောက် နှစ်သိမ့်ရင်းပေါ့။

သူမှတ်မိနေတဲ့ မှတ်ဉာဏ်ထဲက သူ့ကုတင်လေး၊ သူ့အရုပ်တွေ၊ သူကားလေးတွေ။ မီးမီးအိမ်က ဘယ်ရောက် သွားတာလဲလို့ ထထမေး တဲ့အခါ ရင်နင့်ရတဲ့ အချိန်တွေ။အိမ်ပြန်မရောက်ပေမယ့်

အမေ့ရင်ခွင်ပြန်ရောက်တာနဲ့တင် အဆိုးထဲက အကောင်းပါပဲ။ သူ့ရဲ့ ဆံပင်ကောက်ကောက်လေးတွေက ကတုံးဖြစ်သွားတယ်။ ပါးဖောင်းဖောင်းလေး အသားဖွေးဖွေးလေးသာလည်း ပိန်ကျညိုပြာလာတဲ့အထိ။

စစ်အာဏာရှင်စနစ်ဆိုးဆိုတာ ဒါပဲ သမီးရဲ့လို့ တစ်ချိန်ကျ မေမေက ပြောပြဖြစ်ဦးမှာ။ မီးမီးအတွက် အရုပ်သွားဝယ်ဦးမယ်လို့ လိမ်ပြီး ထွက်သွားတဲ့ အမေနဲ့ နှစ်ဝက်ကြာမှ ပြန်ဆုံ ခွင့်ရတာ စစ်အာဏာရူးတွေရဲ့ ရက်စက်မှုပဲ။

အခု ဒီမှာ မေမေက သမီးကို အရင်လို အိမ်အကောင်းကြီးနဲ့ မထားနိုင်တော့ဘူး။ အမေက လုပ်ငန်းရှင် တစ်ယောက်လည်း မဟုတ်တော့ဘူး။ ဒါပေမယ့် အမေတတ်နိုင်တာထက် ပိုကြိုး စားပြီး သမီးကို ဂရုတစိုက် ကြင်နာမှာ။

လွမ်းနေခဲ့တာ သမီးရယ်။ မေမေတို့ ပြန်ဆုံခွင့်ရလို့ ဝမ်းသာရပေမယ့် ပြန်ဆုံခွင့်မရတော့တဲ့ မိသားစုတွေ၊ ပြန်ဆုံခွင့်မရသေးတဲ့ မိသားစုတွေအတွက် ရင်နင့်နေဆဲပဲ။မေမေက သမီးအနားမှာရှိတဲ့

အင်အားတွေနဲ့ ပြန်ဆုံခွင့်မရသေးသူအတွက် ကျရာဘဝ နိုင်ရာနေရာက ဆတိုးပါဝင်သွားဦးမှာဆိုတာ ကတိပေးပါတယ်။ မေမေတို့ တိုင်းပြည်ထဲမှာ သမီးလို အမေ့ရင်ခွင်ပြန်မရောက်သေးတဲ့ ကလေးငယ်တွေ အတွက်ရောပေါ့။

ပိတ်မိနေတဲ့ သူတို့လေးတွေ အနာဂတ်အတွက်ရောပေါ့။ ဒီကြားကာလတွေမှာ ဒုက္ခတွေကို ဖြတ်သန်းပေးခဲ့တဲ့ သမီးလေးကိုလည်း မေမေ အမြဲကျေးဇူးတင်နေမှာပါ။

အိပန္ဆယ္လို

Unicode

ရင္နင့္ဖြယ္ ျဖစ္ပ်က္ႀကဳံေတြ႕ရတာေတြ ေျပာျပလာတဲ့ ပန္ဆယ္လို

အာဏာသိမ္း တယ္ဆိုတာ စာေတြထဲပဲ ဖတ္ဖူးခဲ့တာ၊ တစ္ခါမွမႀကဳံခဲ့ဖူးေတာ့ ျဖစ္လာမယ့္ အက်ိဳးဆက္ေတြကို ႀကိဳေတြးေခၚနိုင္စြမ္း နည္းခဲ့တယ္။အာဏာသိမ္းနံနက္ခင္းမွာ လာဖမ္းတယ္။ မ်ိဳးစုံလွည့္စားၿပီး

သုံးရက္ေျမာက္ေန႕မွာ အိမ္က ထြက္ေျပးနိုင္ခဲ့တယ္။ ရက္ပိုင္းအတြင္း အိမ္ျပန္ရမွာပဲလို႔ ေတြးခဲ့ေပမယ့္ တျဖည္းျဖည္း အိမ္နဲ႕ ပိုေဝးလာခဲ့တယ္။ကိုယ္ပဲ ဝရမ္းေျပးျဖစ္မယ္၊ ကိုယ္ ထြက္ေျပးရင္ ရၿပီလို႔

ေတြးခဲ့ေပမယ့္ တကယ္တမ္းအေျခအေနက အဲ့လို မဟုတ္ခဲ့ဘူး။ မိသားစုေတြကိုပါ လိုက္လံဖမ္းဆီးတဲ့ အေျခအေနျဖစ္လာတယ္။ မိသားစုပါ ဝရမ္းေျပးျဖစ္လာတယ္။ အသက္၃ ႏွစ္ေက်ာ္ ကေလးပါ ကိုယ့္ေၾကာင့္ ဝရမ္းေျပးျဖစ္ခဲ့ရတယ္။

ေနပူထဲ ႏွစ္နာရီေလာက္လမ္းေလွ်ာက္၊ ရင္ေခါင္းေလာက္ရွိတဲ့ ေရထဲကေန ျဖတ္ၿပီး မိသားစုလိုက္ ေျပးၾကရတာ။ ကိုယ့္သမီးေလးခဗ်ာ ေမာလြန္းလို႔ အဖိုးပုခုံးေပၚ အိပ္ေပ်ာ္သြားတဲ့အထိ။ ကိုယ့္မွာ ကိုယ့္မိသားစု

လြတ္ေျမာက္နယ္ေျမ မေရာက္ခင္ထိ တစ္ရက္မွ ေကာင္းေကာင္းအိပ္ မေပ်ာ္ခဲ့ဘူး။ ပူပန္ေန တာေတြ လူမသိေအာင္၊ ေၾကကြဲ ရတာေတြ သူတို႔မသိေအာင္ အတင္းမာဆုံး ရပ္တည္ခဲ့တယ္။

သမီးေလး ကိုယ့္ဘဝ ထဲေရာက္လာကတည္းက တစ္ခါမွ မခြဲခဲ့ဖူးဘူး။ ဒီတစ္ခါခြဲခဲ့ရတာ ႏွစ္ဝက္နီးပါး။ အေနဆင္းရဲ အစားဆင္းရဲေတြၾကား သမီးက အိမ္ျပန္မယ္ဆိုၿပီး ေအာ္ငိုတဲ့အခါ ဘယ္လိုေခ်ာ့ရမယ္ မသိတဲ့ အခ်ိန္ေတြ။

အိမ္မွာ လူဆိုးႀကီးေတြ ရွိတယ္ သမီးရယ္။ ေမေမ့တို႔ အိမ္ျပန္ လို႔မရဘူး။ လူဆိုးႀကီးေတြ ေသမွ ေမေမတို႔ အိမ္ျပန္ လို႔ရမွာ။ မီးမီးက ေမေမ့ဆီလိုက္ လာရမွာလို႔ တတ္သေလာက္ မွတ္သေလာက္ ႏွစ္သိမ့္ရင္းေပါ့။

သူမွတ္မိေနတဲ့ မွတ္ဉာဏ္ထဲက သူ႕ကုတင္ေလး၊ သူ႕အ႐ုပ္ေတြ၊ သူကားေလးေတြ။ မီးမီးအိမ္က ဘယ္ေရာက္ သြားတာလဲလို႔ ထထေမး တဲ့အခါ ရင္နင့္ရတဲ့ အခ်ိန္ေတြ။အိမ္ျပန္မေရာက္ေပမယ့္

အေမ့ရင္ခြင္ျပန္ေရာက္တာနဲ႕တင္ အဆိုးထဲက အေကာင္းပါပဲ။ သူ႕ရဲ႕ ဆံပင္ေကာက္ေကာက္ေလးေတြက ကတုံးျဖစ္သြားတယ္။ ပါးေဖာင္းေဖာင္းေလး အသားေဖြးေဖြးေလးသာလည္း ပိန္က်ညိဳျပာလာတဲ့အထိ။

စစ္အာဏာရွင္စနစ္ဆိုးဆိုတာ ဒါပဲ သမီးရဲ႕လို႔ တစ္ခ်ိန္က် ေမေမက ေျပာျပျဖစ္ဦးမွာ။ မီးမီးအတြက္ အ႐ုပ္သြားဝယ္ဦးမယ္လို႔ လိမ္ၿပီး ထြက္သြားတဲ့ အေမနဲ႕ ႏွစ္ဝက္ၾကာမွ ျပန္ဆုံ ခြင့္ရတာ စစ္အာဏာ႐ူးေတြရဲ႕ ရက္စက္မႈပဲ။

အခု ဒီမွာ ေမေမက သမီးကို အရင္လို အိမ္အေကာင္းႀကီးနဲ႕ မထားနိုင္ေတာ့ဘူး။ အေမက လုပ္ငန္းရွင္ တစ္ေယာက္လည္း မဟုတ္ေတာ့ဘူး။ ဒါေပမယ့္ အေမတတ္နိုင္တာထက္ ပိုႀကိဳး စားၿပီး သမီးကို ဂ႐ုတစိုက္ ၾကင္နာမွာ။

လြမ္းေနခဲ့တာ သမီးရယ္။ ေမေမတို႔ ျပန္ဆုံခြင့္ရလို႔ ဝမ္းသာရေပမယ့္ ျပန္ဆုံခြင့္မရေတာ့တဲ့ မိသားစုေတြ၊ ျပန္ဆုံခြင့္မရေသးတဲ့ မိသားစုေတြအတြက္ ရင္နင့္ေနဆဲပဲ။ေမေမက သမီးအနားမွာရွိတဲ့

အင္အားေတြနဲ႕ ျပန္ဆုံခြင့္မရေသးသူအတြက္ က်ရာဘဝ နိုင္ရာေနရာက ဆတိုးပါဝင္သြားဦးမွာဆိုတာ ကတိေပးပါတယ္။ ေမေမတို႔ တိုင္းျပည္ထဲမွာ သမီးလို အေမ့ရင္ခြင္ျပန္မေရာက္ေသးတဲ့ ကေလးငယ္ေတြ အတြက္ေရာေပါ့။

ပိတ္မိေနတဲ့ သူတို႔ေလးေတြ အနာဂတ္အတြက္ေရာေပါ့။ ဒီၾကားကာလေတြမွာ ဒုကၡေတြကို ျဖတ္သန္းေပးခဲ့တဲ့ သမီးေလးကိုလည္း ေမေမ အၿမဲေက်းဇူးတင္ေနမွာပါ။