မိန်းကလေးများ အိန္ဒြေကြီးပေမယ့် ချစ်လွန်း ကြိုက်လွန်းတဲ့အခါ ကြိုက်မရှက် ငိုက်မရှက်ပဲ
မိန်းကလေးများ အိန္ဒြေကြီးပေမယ့် ချစ်လွန်း ကြိုက်လွန်းတဲ့အခါ ကြိုက်မရှက် ငိုက်မရှက်ပဲ
တစ်ကယ် ချစ်မိတဲ့အခါ.. ကိုယ်ချစ်ရတဲ့ သူအတွက် အမြဲလိုလို ပူပင်နေရတဲ့ အခါမျိုးရှိပါတယ်။ ပြောရရင် မနက်ဘက် က စပြီး သူ့မျက်နှာလေး ကြည့်လို့ သူ့မျက်နှာလေး မကြည်ရင် ချစ်မိတဲ့ လူက အလိုလို စိတ်ပူတယ်။
ဘာဖြစ်နေတာလဲ သူ ဘာအဆင်မပြေသလဲ နဲ့ ကိုယ့်စိတ်လည်း အဆင်မပြေ ဖြစ်ရတယ်။သူ့မျက်နှာ မကြည်လင်မူကို သူ့ကို မေးလို့လည်း ဘာမှမဟုတ်ပါဘူးနဲ့ ပြောပြီး သူ့မျက်နှာက မူန်ကုပ်ဆဲ မူန်မြဲ မကြည်လင်မြဲ
မကြည်လင်ဆဲဆို သူ့ဘေးကအပေါင်း အသင်းအချို့မေးလိုက် ရမ်းလိုက်နဲ့ ကိုယ့်မှာ ပြာယာခပ်ရတယ် စိတ်ပူတယ် ဖြစ်ရတယ်။ ဒါက အနေ နီးပေမယ့် ချစ်မိတဲ့အခါ ပူရတဲ့ အပူ။
ဒါဖြစ် အဝေးမှာ ဆိုတော့ မျက်နှာ မြင်ရတာလည်း မဟုတ် မပူရဘူးပေါ့လို့လည်း မပြောပါနဲ့။ အဝေးမှာ ကျလည်း ပူရတယ်။ သူ ခု ဘာလုပ်နေလဲ၊ သူ အဆင်မှ ပြေရဲ့လား၊ သွားရေး လာရေး
နေရေးထိုင်ရေး စားရေးသောက်ရေး ဩဟယ် သူ့လက်သည်းများရှည်ပြီး နေရထိုင်ရ ခက်နေမလား က အစ ပူရတယ်။သူ့ဘေးက လူတွေလည်း ခဏ ခဏ ဖုန်းဆက်မေးရတယ်။ ဒီနေ့ သူ့မျက်နှာ
အခြေအနေ သူအဆင်ပြေလား ထပ်မေးရတယ်။ ဘေးကလူကလည်း အဆင်ပြေပါတယ် ဆိုမှ ကိုယ့်မှာ စိတ်အေးရတယ်။ ချစ်ရတာ မလွယ်ပါဘူး။ ကိုယ် သူ့အတွက်မေးနေတာ ဂရုစိုက်နေတာ
လုပ်ပေးနေတာ ရှက်လို့ ရှက်ရကောင်းမှန်းလည်း မသိတော့။အာ့ကြောင့် ပြောတာနေမှာ ကြိုက်မရှက် ငိုက်မရှက်တဲ့။ ချစ်လွန်း ကြိုက်လွန်းတဲ့အခါ ကိုယ်မေးတာ ကိုယ်ဂရုစိုက်နေတာ ရှက်ရကောင်းမှန်း တစ်ကယ်မသိဖြစ်ရပါတယ်။
Credit
Unicode
မိန်းကလေးများ အိန္ဒကြေီးပေမယ့် ချစ်လွန်း ကြိုက်လွန်းတဲ့အခါ ကြိုက်မရှက် ငိုက်မရှက်ပဲ