ဒီအချက်တွေနဲ့ ပြည့်စုံနေရင် သင်ဟာ ခပ်လွယ်လွယ်မိန်းမသားမဟုတ်ဘူ

ဒီအချက်တွေနဲ့ ပြည့်စုံနေရင် သင်ဟာ ခပ်လွယ်လွယ်မိန်းမသားမဟုတ်ဘူး

မိန်းကလေးတိုင်းမှာ ကိုယ်ပိုင်တန်ဖိုးတွေဆိုတာ ရှိတတ်ပါတယ်။ ဒါပမေယ့် ကိုယ့်ရဲ့ တန်ဖိုးတွေကို လက်လွတ်စပယ် အသုံးချလိုက်ကျတဲ့သူနဲ့ ကိုယ်ရဲ့တန်ဖိုးတွေကို ပိုအရောင်အသွေးတောက်ပလာအောင် ဖန်တီးတတ်တဲ့သူဆိုပြီးကွဲပြားသွား ပါတယ်နော်။

လွယ်ကူရိုးရှင်းတဲ့ သူတစ်ယောက် မဟုတ်ဘဲ ကိုယ့်ရဲ့ တန်ဖိုးကို အလေးအနက်ထားတဲ့ မိန်းကလေးတွေဆီ မှာတော့ ဒီအချက်လေးတွေကိုတွေ့ရတတ်ပါတယ်။

မာနရှိတယ်

ဒီလိုမိန်းကလေးတွေက မလိုအပ်ပဲ မာနတွေထောင်လွှားနေတာမျိုး မဟုတ်ပေမယ့် သူတို့ရဲ့ မာနကို ထိခိုက်လာရင်တော့ ခေါင်းငုံခံတတ်တဲ့ သူတွေမဟုတ်ပါဘူး။

သူတို့ကို လွယ်လွယ် တိုက်ခိုက်ပြောဆိုလို့မရသလို မတရားစွပ်စွဲပြောဆိုတာတွေကိုလည်း အရမ်းမုန်းတတ်ကြတဲ့ သူတွေပါ။ သူတို့ကို ဒီလိုမျိုး မတရားစွပ်စွဲမှုပြောဆိုတာတွေ ရှိလာခဲ့ရင်တော့ သူတို့ရဲ့မာနအတွက် ကောင်းကောင်းကြီး တုံ့ပြန်တတ်ကြတဲ့ သူတွေဖြစ်ပါတယ်။

သူများနဲ့ မတူတဲ့ အတွေးအခေါ်တွေ ပိုင်ဆိုင်ထားတယ်

ရိုးရှင်းမှုမရှိတဲ့ မိန်းကလေးတွေက သာမာန်မိန်းကလေးတွေနဲ့ ကွာခြားနေတတ်ပါတယ်။ သူတို့ရဲ့ ပုံစံက အပြင်ပန်းကြည့်လိုက်ရင်တော့ သိပ်မထူးခြားဘူးလို့ ထင်ရပေမယ့် သူတို့ရဲ့ အတွေးအခေါ်တွေ၊ စဉ်းစားတွေးခေါ်နိုင်စွမ်းတွေဟာ

မြင့်မားနေတတ်ပါတယ်။ ပြသနာတစ်ခုကို လွယ်လွယ် အဖြေရှာလို့ရတတ််သလို၊ သူများနဲ့မတူတဲ့ အတွေးအခေါ်ကောင်းတွေ ပိုင်ဆိုင်ထားကြသူတွေပါ။

Credit

Unicode


 



မာနရှိတယ်





မြင့်မားနေတတ်ပါတယ်။ ပြသနာတစ်ခုကို လွယ်လွယ် အဖြေရှာလို့ရတတ်သလို၊ သူများနဲ့မတူတဲ့ အတွေးအခေါ်ကောင်းတွေ ပိုင်ဆိုင်ထားကြသူတွေပါ။