ကျန်းကျန်း မာမာနဲ့ လှလို့ ဝလို့ ဖြစ်ချင်ရင် ဒီ (၉) ချက် ဆောင်

ကျန်းကျန်း မာမာနဲ့ လှလို့ ဝလို့ ဖြစ်ချင်ရင် ဒီ (၉) ချက် ဆောင်­

အဆီတွေ အများကြီး စားတာတို့ သကြားဓာတ် ပေါင်းတွေ အများကြီး စားတာတို့လုပ်ရင်တော့ ခဏ တွင်းချင်းကို အဝ လွန်လာပြီး ကျန်းမာရေး အန္တရာယ် တွေကို ဖိတ် ခေါ် နေသလို ဖြစ်နေ မှာ ပါ ။အာလူးလို ဟာတွေကို မဟားဒယား စားပြန်တော့ ဆီးချို နလုံး ရောဂါနဲ့ ကင်ဆာကို လက်ယက်ခေါ် သလို ဖြစ်နေတယ် ။

ဒါတွေ ထားလိုက်ပါ ။ကိုယ်က အကျင့်လေး တစ်ခုကို လုပ်ကြည့် လိုက်ရင် ကျန်းကျန်း မာမာနဲ့ ဝဖြိုး လာမယ် ။ဝလို့ လှလို့ ဆိုတာ ဖြစ်လာမှာ ပါနော် ။

ကျန်းကျန်း မာမာနဲ့ လှလို့ ဝလို့ ဖြစ်ချင်ရင် ဒီ (၉) ချက် ဆောင်

၁- ဘာစားမယ် ဆိုတာကို ကြို မစဉ်းစား ထားနဲ့

အစား အစာကို ဘာစားရင် ကောင်းမယ် ဆိုတာကို ကြို စဉ်းစား ထားရင် အစာကိုတကယ် စားရတဲ့ အခါ ကိုယ်တွေးထား သလိုအရသာက ရဖို့ ခက်တယ် ။

အဲ့ဒိ အခါ စားရတဲ့ အစာအပေါ်စိတ် အနှောက်အယှက် ဖြစ်လို့ ခံတွင်း ပျက်တယ် ။ပြောချင် တာက အိမ်မှာ ကိုယ့်ဖာသာ ကိုယ် လုပ်စားတာက လွဲလို့ အပြင်မှာ စားတဲ့အခါ ဘယ်လို မျိုး စားမယ် ဆိုတာကို ကြိုမတွေးပါနဲ့ ။

၂ -အချိန်နဲ့ စား

အစာကို တတ်နိုင် သလောက် အချိန်မှန်အောင် စာခြင်းက တစ်နှပ်နဲ့ တစ်နှပ် ကြားမှာ အဆာလွန်တာ မရှိတော့ နောက် တစ်နှပ်ကို အဝအပြဲ မစားဖြစ် တော့ဘူး။အဲ့ဒိ နည်းနဲ့ ကယ်လိုရီ ချိန်တာက အထိရောက်ဆုံး နည်းပါပဲ။

ကျန်းကျန်း မာမာနဲ့ လှလို့ ဝလို့ ဖြစ်ချင်ရင် ဒီ (၉) ချက် ဆောင်

၃- ပျင်းတိုင်း မစားနဲ့

စားရင်ဝမှာပဲ ။ ပိုစားရင် ပိုဝမှာပဲ ။ပျင်းတိုင်း အားတိုင်း စားနေရင် ကယ်လိုရီကို ချိန်မရဘဲ အဝလွန်တာတွေ ဖြစ်လာ လိမ့်မယ် ။ြ မန်မာပြည်က သရေစာ အများစုက ကယ်လိုရီတွေ တအား များတယ် ။ပျင်းတိုင်သာ စားနေရင် ဝလို့လှလို့ ဖြစ်မလာဘဲ အဝလွန်တာ ဖြစ်သွားလိမ့်မယ် ။

၄- အမြန်မစားနဲ့

အစားစားတဲ့ အခါမှာ မြန်မြန်စား တာကလည်း အဝလွန် သွားစေတယ် ။အစာအိမ်နဲ့ ဦးနှောက် ဆက်သွယ်ချက်က မိနစ် ၂၀ ကြာပါတယ် ။အဲ့ဒိ ကာလအတွင်းမှာ စားတဲ့ ပမာဏကို ဦးနှောက်က လိုက် မမှတ်မိ အောင် အမြန်စားရင်

ဗိုက်ပြည့်ပြီလို့သိလိုက်တဲ့အခါမှာ အစားတွေက များနေပြီ ဖြစ်နေ တတ်တယ် ။အစားနှေးတဲ့သူက အစားမြန်တဲ့ လူထက် သုံးဆနည်းတယ်တဲ့ အစာခြေအား ပိုကောင်းပါတယ်တဲ့ ။

၅- အဆီဓာတ် နည်းတာကိုစား

ဒါကိုတော့ လူတိုင်း သိပါတယ် ။အဝ မလွန်အောင် အဆီအဆိမ့်တွေ နည်းအောင် စားပြီး ဝတယ်ဆိုရုံ ကလေး ထိန်းထားသင့် တာပေါ့ ။

၆- ပန်းကန်ကြီးတာကို သုံး

ဒါက စိတ်ပိုင်း ဆိုင်ရာ ဆင်ခြင်မှုပါ ။ပန်းကန် သေးသေးလေးနဲ့ ဆိုရင် မဝဘူး ၊ ငါစားတာ နည်းနည်းလေး ဆိုတဲ့ အမြင်မဖြစ် အောင်လို့ ပန်းကန်ကြီးကြီး နဲ့ စားတာက ကိုယ့်ရဲ့ အာသီသ ကို ပြေပျောက် စေ ပါ တယ် ။

ကျန်းကျန်း မာမာနဲ့ လှလို့ ဝလို့ ဖြစ်ချင်ရင် ဒီ (၉) ချက် ဆောင်ပန်းကန် အနီရောင်ကို သုံးရင် ပိုတောင် အာသီသ ပြေတယ်လို့ စပိန် အယူအဆ တစ်ခုတောင် ရှိတယ် ။

၇- ဖျော်ရည်တွေကို သတိထား

ဖျော်ရည် ကြိုက်တတ်တာကို သတိထား ရမယ် ။

လက်ဖျော်ပဲ ဖြစ်ဖြစ် စက်ဖျော်ပဲ ဖြစ်ဖြစ် ဖျော်ရည် သောက်တာက ကိုယ်ထဲကို သကြားရည်တွေ လောင်းထည့် သလိုပါပဲ ။အရက် ဘီယာ လည်း ဘာထူး လည်း ၊ အဲ့ဒါတွေကလည်း ကယ်လိုရီ အများကြီး ပါတာပဲ ။ရေ ကော်ဖီ လက်ဖက်ရည်တွေ ကတော့ ကယ်လိုရီ နည်းတော့ နည်းနည်း ပိုအဆင်ပြေမယ် ။

၈- အပေါင်းအသင်းရွေးလိုက်တော့

အစားကြီးတဲ့ သူငယ်ချင်းတွေကို မပေါင်းနဲ့လို့ ပြောတာမဟုတ်ဘူး ။ကိုယ် အစားစားတဲ့ အခါ တတ်နိုင်သလောက် အစားကြီး သူတွေနဲ့ တွဲ မစားခိုင်းတာပါ ။

သူတို့ကိုကြည့်ပြီး ပို စားဖြစ်လို့ပါပဲ ။သူတို့နဲ့ တွဲစားတာနဲ့ သူတို့က ဟိုဟာ စားကြည့်ဦး မြည်းကြည့်ဦး ဆိုပြီး သိပ်ခိုင်းတာ ။ကိုယ်က တိုနှံ့တိုနှံ့ လိုက်စားရင်း ကယ်လိုရီတွေ အများကြီး စားဖြစ် သွားလို့ပါ ။

၉- အများကြီး မအိပ်နဲ့

အိပ်ချိန်များရင် သကြားဓာတ်ကို ချေဖျက်ဖို့အတွက် အင်ဆူလင်ထုတ်တာနည်း သွားတယ်။သကြားတွေ မချေဖျက်တော့ဘူး ဆိုရင် အဆီ အဖြစ်နဲ့ ကိုယ်မှာ လာစုတော့ တာပါပဲ ။

ဒီအချက် ၉ ချက် ကတော့ ကိုယ် ဖာသာကိုယ် လေ့ကျင့်ယူ လိုရပါတယ် ။အခက်အခဲကြီးလည်းမဟုတ်ပါဘူး၊ နည်းနည်းချင်း လုပ်ကြည့်ရင် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ၀၀ လှလှလေးတွေ ဖြစ်သွားမှာပါနော် ။

Credit