သုသာန်မှာ အကူအညီပေးနေကြတဲ့သူတွေအတွက် တတ်နိုင်တဲ့ဘက်ကနေ ထမင်းဘူးလေးတွေလှူဒါန်းခဲ့တဲ့ သဇင်ထူးမြင့်တို့မိသားစု

သုသာန်မှာ အကူအညီပေးနေကြတဲ့သူတွေအတွက် တတ်နိုင်တဲ့ဘက်ကနေ ထမင်းဘူးလေးတွေလှူဒါန်းခဲ့တဲ့ သဇင်ထူးမြင့်တို့မိသားစု

သုသာန်မှာ အကူအညီပေးနေကြတဲ့သူတွေအတွက် တတ်နိုင်တဲ့ဘက်ကနေ ထမင်းဘူးလေးတွေလှူဒါန်းခဲ့တဲ့ သဇင်ထူးမြင့်တို့မိသားစု

သုသာန်မှာ အကူအညီပေးနေကြတဲ့သူတွေအတွက် တတ်နိုင်တဲ့ဘက်ကနေ ထမင်းဘူးလေးတွေလှူဒါန်းခဲ့တဲ့ သဇင်ထူးမြင့်တို့မိသားစုသရုပ်ဆောင် သဇင်ထူးမြင့်ကတော့မြန်မာနိုင်ငံရဲ့ လက်ရှိဖြစ်ပေါ်နေတဲ့

လူထုလှုပ်ရှားမှုတွေမှာ ပြည်သူတွေနဲ့အတူ တက်ကြွစွာ ပါဝင်ခဲ့တဲ့ အနုပညာရှင်တစ်ဦး ဖြစ်ပါတယ်။လမ်းထွက်ဆန္ဒပြမှုတွေမှာလည်းနေ့တိုင်းလိုလိုပါ၀င်ခဲ့တဲ့သူဖြစ်ပြီး မိသားစုလိုက်ရပ်တည်ချက်ပြတ်ပြတ်သားသားနဲ့

လျှောက်လှမ်းခဲ့တာကြောင့် ၅၀၅(က)နဲ့ အမှုဖွင့်အရေးယူခံ ထားရတာဖြစ်ပါတယ်.။သဇင်ထူးမြင့်တို့မိသားစုဟာ ၅၀၅(က)နဲ့အမှုဖွင့်ခံထားရတာကြောင့် ဘေးလွတ်ရာကိုတိမ်းရှောင်နေရပေမယ့်လည်း အရေ းတော်ပုံကြီးအောင်မြင်ရေးနဲ့

လက်ရှိဖြစ်ပေါ်နေတဲ့ကိုဗစ်အ ခြေအနေတွေမှာ တတ်နိုင်တဲ့ဘက်ကနေပါ၀င်ကူညီပေးနေတာ တွေ့ရပါတယ်။ယနေ့မှာဆိုရင်လည်း သဇင်ထူးမြင့်တို့မိသားစုဟာ သုသာန်တွေမှာ အပင်ပန်းခံပြီး

ကူညီပေးနေကြတဲ့ ပရဟိတအဖွဲ့သားတွေနဲ့ မီးသဂြိုလ်‌ပေးဖို့စောင့်နေကြရတဲ့သူတွေအတွက် ထမင်း ဘူးတွေလှူဒါန်းခဲ့တာဖြစ်ပါတယ်။ဒီအကြောင်းအရာလေးကိုလည်းသူမရဲ့Facebookစာမျ က်နှာမှာ “သုသာန်မှာ

အကြာကြီးစောင့်နေရတဲ့သူတွေကို ထ မင်းဘူးတွေလှူဖို့တွက် ကူညီလှူဒါန်းပေးတဲ့ Clean Yango n ကအကိုတွေကိုအရမ်းကျေးဇူးတင်ပါတယပရဟိတအသင်း၂ခုကို ဒီနေ့မှာလှူဒါန်းဖို့တွက် ကြိုတင်ပြင်ဆင်နေတုန်း မနေ့က

မထင်မှတ်ပဲကြားလိုက်ရတဲ့သတင်းက သဲတို့အဖွားလေးအောက်စီဂျင်ကျပြီး ရုတ်တရက်ဆုံးပါးသွားပါတ ယ်…အဲ့တော့ဒီအလှူလေးကို အဖွားလေးတွက် ရည်စူးပြီးလှူဒါန်းပါတယ်🙏အဖွားကောင်းရာဘုံဘဝမှာအေးအေးချမ်းချမ်း

ရှိနေမယ်လို့လည်းယုံကြည်ပါတယ်နောက်ဆုံးခရီးကို လို က်ပို့ခွင့်လည်းမရခဲ့ပေမယ့်အဖွားတွက် တတ်နိုင်သလောက်ကောင်းမှုကုသိုလ်တွေ ထပ်ပြီးလုပ်ပေးသွားပါ့မယ်.” ဆိုပြီးရေးသားမျှဝေထားခဲ့ပါတယ်။ ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

crd#original writer

Unicode








