မမေ့နိုင်ဖြစ်နေတဲ့ရည်စားဟောင်းကို မေ့ပစ်နိုင်မယ့် နည်းလမ်းများ

မမေ့နိုင်ဖြစ်နေတဲ့ရည်စားဟောင်းကို မေ့ပစ်နိုင်မယ့် နည်းလမ်းများ

တစ်စုံတစ်ယောက်ကို လွမ်းနေရတာဟာ အဆိုဆုံးပါပဲ။ ကိုယ့်ကို မချစ်တော့တဲ့ လူတစ်ယောက်ကို လွမ်းနေရတာကလည်း

အဆိုးဆုံးပါပဲ။ ကိုယ့်မမေ့နိုင်ဖြစ်နေတဲ့ ရည်စားဟောင်းကို မေ့ပစ်ချင်ရင် ဒီအချက်လေးတွေအတိုင်း လုပ်ကြည့်လိုက်ပါ ။

၁- အလုပ်များများ ဖိလုပ်ပါ

သင့်ရဲ့ ရည်စားဟောင်းကို သတိရပြီး အရမ်းလွမ်းနေရင် အလုပ်ကိုပဲဖိလုပ်ပေးလိုက်ပါနော်။ သင်အတွက် အချိန်ဆို

တာ အားရတယ် မရှိအောင် အလုပ်ကိုပဲ ဖိလုပ်နေလိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ အားတဲ့အချိန်ဆို သူ့အကြောင်းကိုပဲ တွေမိ

နေမှာ စိုးလို့ပါ။အလုပ်ကိုလုပ်နေချိန်မှာတော့ သူ့အကြောင်းကို မတွေးမိအောင်နေလိုက်ပါ။ ဒါမှမဟုတ် လေ့ကျင့်ခန်းလုပ်

ပေးတာတို့၊ သူငယ်ချင်းတွေနဲ့ အပြင်လျှောက်သွားတာတို့ ဆိုရင် သူ့အကြောင်းကို မတွေးမိနိုင်လောက်တော့ပါဘူးနော် ။

၂- သင့်ကိုယ့်သင် အချိန်ပေးပါ

ရည်းစားဟောင်းကိုမေ့ပစ်ဖို့ အတွက် သင့်ကိုယ်သင် အချိန်ပေးလိုက်ပါနော်။ အချိန်ကပဲကုစားသွားပါပဲ ဆိုတဲ့ စကားပုံအတိုင်

းပါပဲ။ ချက်ချင်းကြီးတော့ မမေ့ပစ်နိုင်သေးပါဘူး။ ချစ်ခဲ့တဲ့လူတစ်ယောက်ကို မေ့ပစ်ဖို့ဆိုတာ မလွယ်ပါဘူး။ ဒါကြောင့်

သင့်အတွက် အချိန်တစ်ခု လိုပါတယ်။ အဲ့အချိန်တွင်းမှာတော့ သင့်စိတ်ဝင်စားတဲ့ အရာတစ်ခုခုကို စိတ်နှစ်ပြီး လုပ်လိုက်ပါ ။

၃- သူ့နဲ့ပတ်သက်တဲ့ အရာတွေကို လွှင့်ပစ်လိုက်ပါ

သူ သင့်ကို ပေးဖူးတဲ့လက်ဆောင်တွေ ရှိနေသေးရင် လွှင့်ပစ်လိုက်ပါတော့နော်။ သင့်ဆီ မပြန်လာနိုင်တော့ လူတစ်ယောက်

 

ကိုမေ့ပစ်နိုင်ဖို့အတွက် သူ့နဲ့ ပတ်သက်တဲ့ အရာတွေကို လွှင့်ပစ်လိုက်ပါ။ အဲ့အရာတွေကိုမြင်နေရင် သူ့ကို သတိရနေမှာစိုးလို့ ဖြစ်ပါတယ် ။

၄-သူငယ်ချင်းတွေနဲ့ များများတွေ့ပေးပါ

အချိန်အားနေရင် သူငယ်ချင်းတွေနဲ့ အပြင်ထွက်လည်ပေးပါ။ သူတို့နဲ့ ရုပ်ရှင်ကြည့်တာတို့၊ မုန့်စားကြတာတို့ လုပ်ပေး

ပါ။ အတတ်နိုင်ဆုံး သူ့အကြောင်း မတွေးမိအောင် နေလိုက်ပါ။ အလုပ်က လူတွေနဲ့ လည်းအပြင်ထွက်ပေးပါ။

သူငယ်ချင်းတွေနဲ့ ခရီးထွက်လိုက်ပါ။ စိတ်လန်းသွားအောင်လို့ပါ ။

၅- သင့်အရှေ့မှာ သူ့အကြောင်း မပြောမိအောင် ပြောထားပါ

စိတ်ပြေလက်ပျောက် ဖြစ်အောင် သူငယ်ချင်းတွေနဲ့ တွေ့ကာမှ သင်ကို သူ့အကြောင်းတွေ မေးနေတာတို့၊ သူ့ကြောင်

းချည်းပဲ ပြောနေတာတို့ဆို အဆင်မပြေလောက်ပါဘူး။ သူ့အကြောင်းချည်းကြားနေရရင် သတိရစိတ်ကပိုများလာမှာပါ။

အဲ့ဒါကြောင့် သူတို့ နဲ့တွေ့ရင် သူ့အကြောင်းမမေးဖို့ကို ကြိုပြောပြထားလိုက်ပါ ။

၆-ကိုယ့်ကာယ လေ့ကျင့်ခန်းလေး ပြုလုပ်ပေးပါ

လေ့ကျင့်လုပ်လိုက်တာဟာ စိတ်ဖိစီးနေမှုကို သက်သာစေပါတယ်။ လေ့ကျင့်လုပ်လိုက်လို့ ချွေးထွက်သွားရင် သင့်ရဲ့

စိတ်ဖိစီးမှုနဲ့ စိတ်ခြောက်ခြားနေတာတွေ ကို သက်သာစေပါတယ်။ အဲ့ဒါဆို သင်

သူကို သတိရနေတဲ့ စိတ်တွေလည်း လျော့နည်းသွားမှာပါနော်။

Credit

Unicode

မေမ့နိုင္ျဖစ္ေနတဲ့ရည္စားေဟာင္းကို ေမ့ပစ္နိုင္မယ့္ နည္းလမ္းမ်ား

တစ္စုံတစ္ေယာက္ကို လြမ္းေနရတာဟာ အဆိုဆုံးပါပဲ။ ကိုယ့္ကို မခ်စ္ေတာ့တဲ့ လူတစ္ေယာက္ကို လြမ္းေနရတာကလတ

အဆိုးဆုံးပါပဲ။ ကိုယ့္မေမ့နိုင္ျဖစ္ေနတဲ့ ရည္စားေဟာင္းကို ေမ့ပစ္ခ်င္ရင္ ဒီအခ်က္ေလးေတြအတိုင္း လုပ္ၾကည့္လိုက္ပါ ။

၁- အလုပ္မ်ားမ်ား ဖိလုပ္ပါ

သင့္ရဲ႕ ရည္စားေဟာင္းကို သတိရၿပီး အရမ္းလြမ္းေနရင္ အလုပ္ကိုပဲဖိလုပ္ေပးလိုက္ပါေနာ္။ သင္အတြက္ အခ်ိန္ဆို

တာ အားရတယ္ မရွိေအာင္ အလုပ္ကိုပဲ ဖိလုပ္ေနလိုက္ပါ။ ဘာျဖစ္လို႔လဲဆိုေတာ့ အားတဲ့အခ်ိန္ဆို သူ႕အေၾကာင္းကိုပဲ ေတြး

မိေနမွာ စိုးလို႔ပါ။အလုပ္ကိုလုပ္ေနခ်ိန္မွာေတာ့ သူ႕အေၾကာင္းကို မေတြးမိေအာင္ေနလိုက္ပါ။ ဒါမွမဟုတ္ ေလ့က်င့္ခန္းလုပ္

ေပးတာတို႔၊ သူငယ္ခ်င္းေတြနဲ႕ အျပင္ေလွ်ာက္သြားတာတို႔ ဆိုရင္ သူ႕အေၾကာင္းကို မေတြးမိနိုင္ေလာက္ေတာ့ပါဘူးေနာ္ ။

၂- သင့္ကိုယ့္သင္ အခ်ိန္ေပးပါ

ရည္းစားေဟာင္းကိုေမ့ပစ္ဖို႔ အတြက္ သင့္ကိုယ္သင္ အခ်ိန္ေပးလိုက္ပါေနာ္။ အခ်ိန္ကပဲကုစားသြားပါပဲ ဆိုတဲ့ စကားပုံအတိုင္

းပါပဲ။ ခ်က္ခ်င္းႀကီးေတာ့ မေမ့ပစ္နိုင္ေသးပါဘူး။ ခ်စ္ခဲ့တဲ့လူတစ္ေယာက္ကို ေမ့ပစ္ဖို႔ဆိုတာ မလြယ္ပါဘူး။ ဒါေၾကာင့္

သင့္အတြက္ အခ်ိန္တစ္ခု လိုပါတယ္။ အဲ့အခ်ိန္တြင္းမွာေတာ့ သင့္စိတ္ဝင္စားတဲ့ အရာတစ္ခုခုကို စိတ္ႏွစ္ၿပီး လုပ္လိုက္ပါ ။

၃- သူ႕နဲ႕ပတ္သက္တဲ့ အရာေတြကို လႊင့္ပစ္လိုက္ပါ

သူ သင့္ကို ေပးဖူးတဲ့လက္ေဆာင္ေတြ ရွိေနေသးရင္ လႊင့္ပစ္လိုက္ပါေတာ့ေနာ္။ သင့္ဆီ မျပန္လာနိုင္ေတာ့ လူတစ္ေယာက္

ကိုေမ့ပစ္နိုင္ဖို႔အတြက္ သူ႕နဲ႕ ပတ္သက္တဲ့ အရာေတြကို လႊင့္ပစ္လိုက္ပါ။ အဲ့အရာေတြကိုျမင္ေနရင္ သူ႕ကို သတိရေနမွာစိုးလို႔ ျဖစ္ပါတယ္ ။

၄-သူငယ္ခ်င္းေတြနဲ႕ မ်ားမ်ားေတြ႕ေပးပါ

အခ်ိန္အားေနရင္ သူငယ္ခ်င္းေတြနဲ႕ အျပင္ထြက္လည္ေပးပါ။ သူတို႔နဲ႕ ႐ုပ္ရွင္ၾကည့္တာတို႔၊ မုန႔္စားၾကတာတို႔ လုပ္ေပး

ပါ။ အတတ္နိုင္ဆုံး သူ႕အေၾကာင္း မေတြးမိေအာင္ ေနလိုက္ပါ။ အလုပ္က လူေတြနဲ႕ လည္းအျပင္ထြက္ေပးပါ။

သူငယ္ခ်င္းေတြနဲ႕ ခရီးထြက္လိုက္ပါ။ စိတ္လန္းသြားေအာင္လို႔ပါ ။

၅- သင့္အေရွ႕မွာ သူ႕အေၾကာင္း မေျပာမိေအာင္ ေျပာထားပါ

စိတ္ေျပလက္ေပ်ာက္ ျဖစ္ေအာင္ သူငယ္ခ်င္းေတြနဲ႕ ေတြ႕ကာမွ သင္ကို သူ႕အေၾကာင္းေတြ ေမးေနတာတို႔၊ သူ႕ေၾကာင္

းခ်ည္းပဲ ေျပာေနတာတို႔ဆို အဆင္မေျပေလာက္ပါဘူး။ သူ႕အေၾကာင္းခ်ည္းၾကားေနရရင္ သတိရစိတ္ကပိုမ်ားလာမွာပါ။

အဲ့ဒါေၾကာင့္ သူတို႔ နဲ႕ေတြ႕ရင္ သူ႕အေၾကာင္းမေမးဖို႔ကို ႀကိဳေျပာျပထားလိုက္ပါ ။

၆-ကိုယ့္ကာယ ေလ့က်င့္ခန္းေလး ျပဳလုပ္ေပးပါ

ေလ့က်င့္လုပ္လိုက္တာဟာ စိတ္ဖိစီးေနမႈကို သက္သာေစပါတယ္။ ေလ့က်င့္လုပ္လိုက္လို႔ ေခြၽးထြက္သြားရင္ သင့္ရဲ႕

စိတ္ဖိစီးမႈနဲ႕ စိတ္ေျခာက္ျခားေနတာေတြ ကို သက္သာေစပါတယ္။ အဲ့ဒါဆို သင္

သူကို သတိရေနတဲ့ စိတ္ေတြလည္း ေလ်ာ့နည္းသြားမွာပါေနာ္။