လူမှုကွန်ယက်တွင် အချိန်အတော်ကြာပျောက်ကွယ်သွားရတဲ့အကြောင်းရင်းကို ပြောပြလာတဲ့ အဆို‌ေတာ်အုိင်းရင်းဇင်မာမြင့်

လူမှုကွန်ယက်တွင်အချိန်အတော်ကြာပျောက်ကွယ်သွားရတဲ့အကြောင်းရင်းကိုပြောပြလာတဲ့အဆို‌ေတာ်အုိင်းရင်းဇင်မာမြင့်

ကိုဗစ်ရောဂါပိုးတွေဟာလက်ရှိအချိန်မှာအတော်လေးကိုပျံ့နှံ့လျက်ရှိနေပါတယ်၊အရင်လိုMaskတပ်လက်ဆေးရုံနဲ့တင်မရတော့ဘဲအတတ်နိုင်ဆုံးအပြင်မထွက်ဘဲသေသေချာချာလေးဂရုစိုက်နိုင်မှသာရောဂါကူးစက်ခံရခြင်းမှကာကွယ်နိုင်မှာဖြစ်ပါတယ်၊လတ်တလောမှာရောဂါကူးစက်ခံနေရသူတော်တော်များများအောက်ဆီဂျင်ကျကာအသက်ဆုံးရှုံးသွားရတဲ့အထိကိုဖြစ်နေကြပါတယ်။

ပြည်သူတွေအားလုံးကိုဗစ်ရောဂါပိုးကူးစက်မှုကနေကာကွယ်နိုင်ဖို့ဆရာဝန်များကဆောင်ရန်၊ရှောင်ရန်တွေကိုလူမှုကွန်ယက်များတွင်မျှဝေပေးနေပါတယ်၊အနုပညာရှင်တော်တော်များများကလည်းဆရာဝန်များရဲ့ထုတ်ပြန်ချက်တွေကိုတစ်ဆင့်ပြန်လည်မျှဝေပေးနေကြတာကိုလည်းမြင်တွေ့ရပါတယ်။

တတ်နိုင်တဲ့ဘက်ကနေကူညီပေးနေတဲ့အနုပညာရှင်တစ်ချို့ကိုFollowersရှာချင်တဲ့အတွက်သတင်းတွေတင်ပေးနေတယ်လို့ဝေဖန်နေကြသူတွေလည်းရှိနေကြပါတယ်၊ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးမနေ့ညကအဆိုတော်အိုင်းရင်းဇင်မာမြင့်ရဲ့လူမှုကွန်ယက်ထက်မှာကျန်းမာရေးဗဟုသုတတွေဝေမျှပေးနေတာကိုFollowersရှာတယ်ဆိုပြီးဝေဖန်အပြစ်ပြောနေကြသူများကြောင့်စိတ်မကောင်းဖြစ်နေရကြောင်းကိုရင်ဖွင့်ရေးသားလာပါတယ်။

အခုလိုကျန်းမာရေးဗဟုသုတအနည်းငယ်ကိုတင်ပေးနေတဲ့သဘောကလေFollowersတိုးဖို့ရည်ရွယ်ချက်မရှိပါဘူးရှင်၊ကိုယ်ဖတ်မိပြီဆိုကိုယ့်မိဘအရွယ်ကိုယ့်ညီအစ်ကိုမောင်နှမတွေဆိုတဲ့စိတ်ပဲထားပီးပြန်Shareပေးတာပါ၊မှားနေတယ်၊အမှားတွေshareမိတယ်ဆိုလည်းအမှန်ပြောပြပေးကြပါအခုချိန်မှာတစ်ယောက်နဲ့တစ်ယောက်အမှားထောက်ပြီးဟားတိုက်နေမယ့်အစားအတူတူဖေးမကြရအောင်ရှင်ကျန်းမာအေးချမ်းတဲ့အနာဂတ်မှာပြန်ဆုံကြမယ်နော်ပျောက်နေတယ်နော်ဆိုပြီးမေးကြတဲ့သူတွေများလို့ဖြေပါ့မယ်နော်Ireneအမေ့ကိုတိတ်တိတ်လေးအဝေးတစ်နေရာကနေလွမ်းနေပါတယ်ရှင်ဆိုပြီးရေးသားထားပါတယ်၊အခုကာလဟာရာသီတုတ်ကွေးနဲ့အတူCOVIDရောဂါပါကူးစက်ပြန့်ပွားနေတာကြောင့်အတတ်နိုင်ဆုံးဂရုတစိုက်နဲ့နေထိုင်ကြပါလို့ပြောကြားရင်းဒီသတင်းကိုတင်ဆက်ပေးလိုက်ရပါတယ်။

Zawgyi vision

ကိုဗစ်ရောဂါပိုးတွေဟာလက်ရှိအချိန်မှာအတော်လေးကိုပျံ့နှံ့လျက်ရှိနေပါတယ်၊အရင်လိုMaskတပ်လက်ဆေးရုံနဲ့တင်မရတော့ဘဲအတတ်နိုင်ဆုံးအပြင်မထွက်ဘဲသေသေချာချာလေးဂရုစိုက်နိုင်မှသာရောဂါကူးစက်ခံရခြင်းမှကာကွယ်နိုင်မှာဖြစ်ပါတယ်၊လတ်တလောမှာရောဂါကူးစက်ခံနေရသူတော်တော်များများအောက်ဆီဂျင်ကျကာအသက်ဆုံးရှုံးသွားရတဲ့အထိကိုဖြစ်နေကြပါတယ်။

ပြည်သူတွေအားလုံးကိုဗစ်ရောဂါပိုးကူးစက်မှုကနေကာကွယ်နိုင်ဖို့ဆရာဝန်များကဆောင်ရန်၊ရှောင်ရန်တွေကိုလူမှုကွန်ယက်များတွင်မျှဝေပေးနေပါတယ်၊အနုပညာရှင်တော်တော်များများကလည်းဆရာဝန်များရဲ့ထုတ်ပြန်ချက်တွေကိုတစ်ဆင့်ပြန်လည်မျှဝေပေးနေကြတာကိုလည်းမြင်တွေ့ရပါတယ်၊တတ်နိုင်တဲ့ဘက်ကနေကူညီပေးနေတဲ့အနုပညာရှင်တစ်ချို့ကိုFollowersရှာချင်တဲ့အတွက်သတင်းတွေတင်ပေးနေတယ်လို့ဝေဖန်နေကြသူတွေလည်းရှိနေကြပါတယ်၊ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးမနေ့ညကအဆိုတော်အိုင်းရင်းဇင်မာမြင့်ရဲ့လူမှုကွန်ယက်ထက်မှာကျန်းမာရေးဗဟုသုတတွေဝေမျှပေးနေတာကိုFollowersရှာတယ်ဆိုပြီးဝေဖန်အပြစ်ပြောနေကြသူများကြောင့်စိတ်မကောင်းဖြစ်နေရကြောင်းကိုရင်ဖွင့်ရေးသားလာပါတယ်။

Credit