ကိုဗစ်ရောဂါနဲ့ပတ်သတ်ပြီး မြန်မာတစ်နိုင်ငံလုံးဂရုတစိုက်နေထိုင်ကြဖို့ မှာကြားလာတဲ့ ဒေါ်အောင်ဆန်းစုကြည်

ကိုဗစ်ရောဂါနဲ့ပတ်သတ်ပြီးမြန်မာတစ်နိုင်ငံလုံးဂရုတစိုက်နေထိုင်ကြဖို့မှာကြားလာတဲ့ဒေါ်အောင်ဆန်းစုကြည်

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့နိုင်ငံတော်သမ္မတဦးဝင်းမြင့်အပါအဝင်ခေါင်းဆောင်အများပိုင်းကိုစစ်ကောင်စီကမတရားသဖြင့်အမှုဖွင့်အရေးယူပြီးနေအိမ်အကျယ်ချုပ်ဖမ်းဆီးထားကြပါတယ်။

ယနေ့ဇွန်လ၂၈ရက်တနင်္လာနေ့မှာနေပြည်တော်အထူးသီးသန့်တရားရုံးတွင်ရုံးချိန်းရင်ဆိုင်ရသည့် ဒေါ်အောင်ဆန်းစုကြည်နှင့်နိုင်ငံတော်သမ္မတဦးဝင်းမြင့်တို့ကိုရုံးထုတ်ချိန်တွင်အမှုလိုက်ရှေ့နေနဲ့အဖွဲ့များကိုဒေါ်အောင်ဆန်းစုကြည်ကစကားတစ်ချို့ပါးလိုက်တာပဲဖြစ်ပါတယ်၊ရုံးထုတ်စစ်ဆေးမှုမတိုင်မီနိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့သမ္မတဦးဝင်းမြင့်တို့နှစ်ဦးကိုနံနက်၉နာရီခွဲမှ၁၀နာရီခွဲအထိတစ်နာရီတွေ့ဆုံစကားပြောခွင့်ရခဲ့ကြောင်းကိုဦးခင်မောင်ဇော်ကပြောကြားထားပါတယ်။

Covid19ကပ်ရောဂါထပ်မံပျံပွားလာသည့်ကိစ္စနှင့်ပတ်သက်၍တစ်တိုင်းပြည်လုံးဂရုစိုက်နေထိုင်သွားကြဖို့ဖမ်းဆီးခံထားရသည့်နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကမှာကြားကြောင်းသူမ၏ရှေ့နေအပြောအရသိရပါတယ်။

ဒေါ်စုကနေပြည်တော်နဲ့တစ်ပြည်လုံးကိုဗစ်တိုးလာတဲ့အခြေအနေကိုမေးပါတယ်၊ဂရုစိုက်နေထိုင်ကြဖို့လည်းမှာပါတယ်၊ပထမကရှေ့နေအဖွဲ့ကိုမှာပါတယ်၊ပြီးတော့တစ်ပြည်လုံးကိုဂရုစိုက်ကြဖို့မှာပါတယ်ဟုတရားလွှတ်တော်ရှေနေဦးခင်မောင်ဇော်ကပြောထားပါတယ်။

ယနေ့ရုံးချိန်းမှာသမ္မတဦးဝင်းမြင့်ကိုစွဲဆိုထားတဲ့သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေပုဒ်မ၂၅တစ်မှုအတွက်တရားလိုပြသက်သေတစ်ဦးကိုစစ်ဆေးခဲ့ပါတယ်၊နောက်ပြီးဒေါ်အောင်ဆန်းစုကြည်ကိုစွဲဆိုထားတဲ့သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဥပဒေပုဒ်မ၂၅အတွက်တရားလိုပြသက်သေနှစ်ဦးအားစစ်ဆေးခဲ့ပါတယ်။

ဒါ့အပြင်အာဏာသိမ်းစစ်ကောင်စီကအမှုခုနှစ်တပ်ကာတရားစွဲခံထားရသည့်အသက်၇၆နှစ်အရွယ်ဒေါ်အောင်ဆန်းစုကြည်အားစွဲဆိုထားသည့်အမှုတစ်ခုဖြစ်သောဆက်သွယ်ရေးဥပဒေပုဒ်မ၆၇အတွက်တရားလိုရဲအရာရှိတစ်ဦးကိုစစ်မေးခဲ့ပြီးပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ၈အတွက်တရားလိုပြသက်သေနှစ်ယောက်ကိုထပ်မံစစ်ဆေးခဲ့ပြီးယနေ့ရုံးချိန်းကိုရပ်နားခဲ့ပါတယ်။

အမှုနှစ်ခုလုံးအတွက်လာမည့်ရုံးချိန်းကိုဇူလိုင်၅ရက်သို့ပြန်လည်ချိန်းဆိုထားပါတယ်၊မတရားအမှုဖွင့်အရေးယူထားခြင်းခံရတဲ့နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့နိုင်ငံတော်သမ္မတဦးဝင်းမြင့်အပါအဝင်တစ်ခြားခေါင်းဆောင်များအနုပညာရှင်များပြည်သူများအမြန်ဆုံးပြန်လွတ်ပေးဖို့ဆုတောင်းရင်ဒီသတင်းကိုတင်ဆက်လိုက်ရပါတယ်။

Credit