ပရိတ်သတ်တွေရဲ့အား​ပေးချစ်ခင်မှုကိုပြန်လည်ရရှိလာတဲ့ကျော်ကျော်နန္ဒ

​ဖေဖော်ဝါရီလ၁ရက်နေ့ကတည်းကစတင်ခဲ့တဲ့လူထုလှုပ်ရှားမှုတွေမှာပြည်သူတွေနဲ့အတူအနုပညာရှင်တစ်ချို့လဲလမ်းပေါ်ထွက်ပြီးတော်လှန်ရေးကြီးမှာပါဝင်ခဲ့ပါတယ်၊အခုလက်ရှိမှာဆိုရင်တော့လူထုလှုပ်ရှားမှုတွေမှာပါဝင်ခဲ့သူများကတော့ပုဒ်မ၅၀၅ကနဲ့တရားစွဲအရေးယူထားခြင်းခံရတာကြောင့်ဘေးကင်းရာသို့တိမ်းရှောင်းနေကြရပါတယ်၊တိမ်းရှောင်နေတဲ့သူတွေထဲမှာပြည်သူတွေနဲ့အတူအမှန်တရားဘက်ကရပ်တည်ပေးခဲ့တဲ့ကျော်ကျော်နန္ဒလဲအပါအဝင်ဖြစ်ပါတယ်။

ပြေးလာတဲ့အချိန်မှာအင်္ကျီသုံးထည်သာပါလာခဲ့ကြောင်းသူ့ရဲ့လူမှုကွန်ယက်မှာရေးသားခဲ့တာကြောင့်ပရိသတ်တွေကကျော်ကျော်နန္ဒအပေါ်ကရုဏာသက်ခဲ့ကြပါတယ်၊အရင်တုန်းကကျော်ကျော်နန္ဒရဲ့ဝတ်စားဆင်ယင်ပုံစံတွေကိုသဘောမကျကြသူတွေရှိတာကြောင့်အမြဲလိုလိုဝေဖန်ခံခဲ့ရသူပဲဖြစ်ပါတယ်၊သို့သော်လည်းဖေဖော်ဝါရီလမှစပြီးပြည်သူတွေနဲ့အတူတစ်သွေးတည်းတစ်သားတည်းရပ်တည်ခဲ့သူဖြစ်ခဲ့တာကြောင့်အားလုံးကချစ်ခင်အားပေးလာကြတာဖြစ်ပါတယ်။

အခုလိုပရိသတ်တွေရဲ့မေတ္တာစေတနာတွေကြောင့်သူ့ရဲ့ဘဝလေးနွေးထွေးအေးချမ်းပျော်ရွှင်မှုတွေရရှိလာကြောင်းကိုမကြာသေးခင်မိနစ်ပိုင်းလောက်ကကျော်ကျော်နန္ဒရဲ့လူမှုကွန်ယက်မှာရေးသားထားပါတယ်ပရိသတ်တွေရဲ့မေတ္တာစေတနာကြောင့်ကျွန်တော်လေဘဝလေးနွေးထွေးအေးချမ်းပျော်ရွင်မှုတွေရလာပါတယ်ဗျ အားလုံးဘေးကင်းကျန်းမာကြပါစေနော်ဆိုပြီးရေးသားထားတာဖြစ်ပါတယ်။

သူ့ရဲ့ပို့စ်အောက်မှာလည်းကျန်းမာရေးဂရုစိုက်ဖို့ပရိသတ်တွေကအထူးမှာကြားနေကြတာပါတယ်၊တိမ်းရှောင်နေစဉ်ကာလအတွင်းမှာလည်းဘေးအန္တရာယ်ကင်းရှင်းပါစေလို့ဆုတောင်းပေးရင်းဒီသတင်းကိုတင်ဆက်ပေးလိုက်ပါတယ်။

Zawgyi vision

​ဖေဖော်ဝါရီလ၁ရက်နေ့ကတည်းကစတင်ခဲ့တဲ့လူထုလှုပ်ရှားမှုတွေမှာပြည်သူတွေနဲ့အတူအနုပညာရှင်တစ်ချို့လဲလမ်းပေါ်ထွက်ပြီးတော်လှန်ရေးကြီးမှာပါဝင်ခဲ့ပါတယ်၊အခုလက်ရှိမှာဆိုရင်တော့လူထုလှုပ်ရှားမှုတွေမှာပါဝင်ခဲ့သူများကတော့ပုဒ်မ၅၀၅ကနဲ့တရားစွဲအရေးယူထားခြင်းခံရတာကြောင့်ဘေးကင်းရာသို့တိမ်းရှောင်းနေကြရပါတယ်၊တိမ်းရှောင်နေတဲ့သူတွေထဲမှာပြည်သူတွေနဲ့အတူအမှန်တရားဘက်ကရပ်တည်ပေးခဲ့တဲ့ကျော်ကျော်နန္ဒလဲအပါအဝင်ဖြစ်ပါတယ်။

ပြေးလာတဲ့အချိန်မှာအင်္ကျီသုံးထည်သာပါလာခဲ့ကြောင်းသူ့ရဲ့လူမှုကွန်ယက်မှာရေးသားခဲ့တာကြောင့်ပရိသတ်တွေကကျော်ကျော်နန္ဒအပေါ်ကရုဏာသက်ခဲ့ကြပါတယ်၊အရင်တုန်းကကျော်ကျော်နန္ဒရဲ့ဝတ်စားဆင်ယင်ပုံစံတွေကိုသဘောမကျကြသူတွေရှိတာကြောင့်အမြဲလိုလိုဝေဖန်ခံခဲ့ရသူပဲဖြစ်ပါတယ်၊သို့သော်လည်းဖေဖော်ဝါရီလမှစပြီးပြည်သူတွေနဲ့အတူတစ်သွေးတည်းတစ်သားတည်းရပ်တည်ခဲ့သူဖြစ်ခဲ့တာကြောင့်အားလုံးကချစ်ခင်အားပေးလာကြတာဖြစ်ပါတယ်။

အခုလိုပရိသတ်တွေရဲ့မေတ္တာစေတနာတွေကြောင့်သူ့ရဲ့ဘဝလေးနွေးထွေးအေးချမ်းပျော်ရွှင်မှုတွေရရှိလာကြောင်းကိုမကြာသေးခင်မိနစ်ပိုင်းလောက်ကကျော်ကျော်နန္ဒရဲ့လူမှုကွန်ယက်မှာရေးသားထားပါတယ်ပရိသတ်တွေရဲ့မေတ္တာစေတနာကြောင့်ကျွန်တော်လေဘဝလေးနွေးထွေးအေးချမ်းပျော်ရွင်မှုတွေရလာပါတယ်ဗျ အားလုံးဘေးကင်းကျန်းမာကြပါစေနော်ဆိုပြီးရေးသားထားတာဖြစ်ပါတယ်၊သူ့ရဲ့ပို့စ်အောက်မှာလည်းကျန်းမာရေးဂရုစိုက်ဖို့ပရိသတ်တွေကအထူးမှာကြားနေကြတာပါတယ်၊တိမ်းရှောင်နေစဉ်ကာလအတွင်းမှာလည်းဘေးအန္တရာယ်ကင်းရှင်းပါစေလို့ဆုတောင်းပေးရင်းဒီသတင်းကိုတင်ဆက်ပေးလိုက်ပါတယ်။

Credit