နွေဦးတော်လှန်ရေးမှာ ဘာမှမလုပ်လို့အပြစ်တင်ဝေဖန်နေတဲ့ လူတစ်ချို့ကိုပြန်လည်ရှင်းပြလိုက်တဲ့ အဆိုတော်ရဲရင့်အောင်

နွေဦးတော်လှန်ရေးမှာဘာမှမလုပ်လို့အပြစ်တင်ဝေဖန်နေတဲ့လူတစ်ချို့ကိုပြန်လည်ရှင်းပြလိုက်တဲ့အဆိုတော်ရဲရင့်အောင်

ပြည်သူတွေနဲ့အတူအမှန်တရားဘက်ကရပ်တည်တဲ့သူတွေထဲမှာအဆိုတော်ရဲရင့်အောင်လဲပါဝင်ပါတယ်၊မြန်မာနိုင်ငံမှာလက်ရှိဖြစ်ပေါ်နေတဲ့လူထုလှုပ်ရှားမှုတွေမှာလည်းတက်ကြွစွာပါဝင်ခဲ့ပြီးနေ့စဉ်လမ်းပေါ်ထွက်ပြီးဆန္ဒထုတ်ဖော်ခဲ့သူလဲဖြစ်ပါတယ်။

လတ်တလောမှာတော့အခြေအနေအရပ်ရပ်ကြောင့်ဘေးကင်းရာသို့တိမ်းရှောင်နေရတာကြောင့်သူ့ရဲ့လှုပ်ရှားနေမှုတွေကိုအပြည့်အစုံမဝေမျှနိုင်တာဖြစ်ပါတယ်။

ဒီအကြောင်းအရင်းတွေကိုမသိဘဲတစ်ချို့တွေကရဲရင့်အောင်အားဝေဖန်ပြောဆိုနေကြတာတွေရှိပါတယ်၊မနေ့ညကသူ့ရဲ့FacebookStoryမှာတော်လှန်ရေးနဲ့ပတ်သက်ပြီးဘာလှုပ်ရှားမှုမှမတွေ့လို့အပြစ်တင်ဝေဖန်နေတဲ့လူတစ်ချို့အချက်ကျကျပြန်ရှင်းပြလိုက်ပါတယ်။

သူကတော့ဘာတွေလုပ်ခဲ့တယ်ဘယ်နေရာမှာဘယ်လိုနေခဲ့ရတယ်ဆိုတာအကုန်ထုတ်ပြောပြီးကိုယ့်သေတွင်းကိုယ်တူးပြမှနေ့စဉ်ဖြစ်ပျက်နေတာတွေကိုFacebookမှာpostတင်ပေးနိုင်မှတော်လှန်တယ်လို့သတ်မှတ်နေတယ်ဆိုရင်သူ့ကိုလည်းboycottစာရင်းထဲသာထည့်လိုက်ကြဖို့စိတ်မကောင်းစွာရေးသားထားပါတယ်၊သူလုပ်သမျှအရာတွေဟာဘယ်သူမှသဘောကျကျေနပ်ဖို့မဟုတ်ဘဲကိုယ့်ယုံကြည်ချက်နဲ့ကိုယ်လုပ်နေတာဖြစ်ကြောင်းကိုလည်းအခုလိုရေးသားပြောပြထားပါတယ်။

ဘာတွေလုပ်ခဲ့တယ်ဘယ်လိုတွေလုပ်ခဲ့ရတယ်အခုဘာတွေလုပ်နေတယ်ဘယ်နေရာမှာဘယ်လိုနေနေရတယ်ဆိုတာတွေကိုအကုန်ထုတ်ပြောပြပြီးကိုယ့်သေတွင်းကိုယ်တူးပြမှနေ့စဉ်ဖြစ်သမျှသတင်းတွေကိုအများနဲ့တန်းတူနားစွင့်နေရတဲ့အခြေအနေမျိုးထဲသူများလာပြောပြမှသိရတဲ့အခြေအနေမျိုးထဲနေ့တိုင်းFacebookမှာpostတွေတင်ပေးနိုင်မှတော်လှန်နေတယ်လို့သတ်မှတ်တယ်ဆိုရင်တော့ငါ့လည်းboycottစာရင်းထဲသာထည့်လိုက်ပါတော့ကွာဆုံးရှုံးစရာလည်းကုန်သွားပါပြီငါဘာတွေလုပ်နေလဲဆိုတာငါပဲသိတယ်February၁ရက်နေ့မနက်၆နာရီကစပြီးငါလုပ်သမျှအရာတွေကမင်းတို့သဘောကျဖို့အတွက်မဟုတ်ဘူးငါ့ယုံကြည်ချက်နဲ့ငါပါအားတဲ့အချိန်စိတ်ထွက်ပေါက်အနေနဲ့သုံးတဲ့Instagramပို့စ်တွေအောက်မှာအာလာချောင်တာတွေရပ်ပါတော့ငါတို့လုပ်စရာရှိတာတွေကိုတတ်နိုင်တဲ့ဘက်ကနေသိုသိုသိပ်သိပ်လုပ်နေလို့မရဘူးလား ဆိုပြီးရေးသားထားပါတယ်၊တော်လှန်ရေးကာလမှာကိုယ်လုပ်နေတဲ့တစ်ချို့အရာတွေကိုလူမသိအောင်လုပ်ဆောင်ရတာမျိုးတွေရှိနေတတ်ပါတယ်၊ဒါတွေကိုအပြစ်ပြောမနေကြဘဲကိုယ်ပါဝင်နိုင်တဲ့နေရာကနေသာပူးပေါင်းဆောင်ရွက်ပေးကြဖို့ပြောကြားရင်းဒီသတင်းလေးကိုတင်ဆက်ပေးလိုက်ရပါတယ်။

Zawgyi vision

ပြည်သူတွေနဲ့အတူအမှန်တရားဘက်ကရပ်တည်တဲ့သူတွေထဲမှာအဆိုတော်ရဲရင့်အောင်လဲပါဝင်ပါတယ်၊မြန်မာနိုင်ငံမှာလက်ရှိဖြစ်ပေါ်နေတဲ့လူထုလှုပ်ရှားမှုတွေမှာလည်းတက်ကြွစွာပါဝင်ခဲ့ပြီးနေ့စဉ်လမ်းပေါ်ထွက်ပြီးဆန္ဒထုတ်ဖော်ခဲ့သူလဲဖြစ်ပါတယ်၊လတ်တလောမှာတော့အခြေအနေအရပ်ရပ်ကြောင့်ဘေးကင်းရာသို့တိမ်းရှောင်နေရတာကြောင့်သူ့ရဲ့လှုပ်ရှားနေမှုတွေကိုအပြည့်အစုံမဝေမျှနိုင်တာဖြစ်ပါတယ်။

ဒီအကြောင်းအရင်းတွေကိုမသိဘဲတစ်ချို့တွေကရဲရင့်အောင်အားဝေဖန်ပြောဆိုနေကြတာတွေရှိပါတယ်၊မနေ့ညကသူ့ရဲ့FacebookStoryမှာတော်လှန်ရေးနဲ့ပတ်သက်ပြီးဘာလှုပ်ရှားမှုမှမတွေ့လို့အပြစ်တင်ဝေဖန်နေတဲ့လူတစ်ချို့အချက်ကျကျပြန်ရှင်းပြလိုက်ပါတယ်၊သူကတော့ဘာတွေလုပ်ခဲ့တယ်ဘယ်နေရာမှာဘယ်လိုနေခဲ့ရတယ်ဆိုတာအကုန်ထုတ်ပြောပြီးကိုယ့်သေတွင်းကိုယ်တူးပြမှနေ့စဉ်ဖြစ်ပျက်နေတာတွေကိုFacebookမှာpostတင်ပေးနိုင်မှတော်လှန်တယ်လို့သတ်မှတ်နေတယ်ဆိုရင်သူ့ကိုလည်းboycottစာရင်းထဲသာထည့်လိုက်ကြဖို့စိတ်မကောင်းစွာရေးသားထားပါတယ်၊သူလုပ်သမျှအရာတွေဟာဘယ်သူမှသဘောကျကျေနပ်ဖို့မဟုတ်ဘဲကိုယ့်ယုံကြည်ချက်နဲ့ကိုယ်လုပ်နေတာဖြစ်ကြောင်းကိုလည်းအခုလိုရေးသားပြောပြထားပါတယ်။

Credit