ပြည်သူအချင်းအချင်းရန်လိုအပြစ်တင်နေတာတွေရှိနေလို့ အရေးကြီးတဲ့အချက်ကိုသတိပေးလာတဲ့ ပြေဇင်

ပြည်သူအချင်းအချင်းရန်လိုအပြစ်တင်နေတာတွေရှိနေလို့အရေးကြီးတဲ့အချက်ကိုသတိပေးလာတဲ့ပြေဇင်

မနေ့ကမန္တလေးမြို့မှာဖြစ်ပွားခဲ့တဲ့ကိစ္စနဲ့ပတ်သက်ပြီးလတ်တလောလူမှုကွန်ယက်စာမျက်နှာထက်မှာပြည်သူတွေစကားသံတွေကိုအမျိုးမျိုးကြားနေရတာဖြစ်ပါတယ်၊PDFအဖွဲ့ဝင်တွေဖမ်းဆီးခံလိုက်ရတဲ့အကြောင်းရင်းကPDFတွေရဲ့နေရာကိုပြည်သူတစ်ဦးကမသိဘဲဓာတ်ပုံရိုက်ပြီးတင်လိုက်တာကြောင့်လို့ပြောဆိုနေကြတာဖြစ်ပါတယ်၊ဒီကိစ္စနဲ့ပတ်သက်ပြီးပြည်သူတွေကတော့မနေ့ကမနက်ပိုင်းလူမှုကွန်ယက်စာမျက်နှာထက်မှာအစောဆုံးပျံ့နှံ့လာတဲ့ဓာတ်ပုံတစ်ပုံရဲ့ပိုင်ရှင်ကိုအပြစ်တင်ဝေဖန်နေကြတာပဲဖြစ်ပါတယ်။

အခုလိုမျိုးပြည်သူအချင်းချင်းအငြင်းပွားစရာတွေဖြစ်နေတာနဲ့ပတ်သက်ပြီးသရုပ်ဆောင်ပြေဇင်ကမေတ္တာရပ်ခံလာခဲ့တာဖြစ်ပါတယ်၊ပြေဇင်ကအခုချိန်မှာအာဏာရှင်ကိုတော်လှန်နေကြတဲ့ပြည်သူအချင်းချင်းရန်မလိုကြဖို့နဲ့တစ်ယောက်အမှားကိုတစ်ယောက်တိုးတိုးတိတ်တိတ်ဖြေရှင်းကြဖို့အကြံပေးထားတာဖြစ်ပါတယ်၊ဒါ့အပြင်မှန်တဲ့သူတွေကလည်းအမှားတွေဖြစ်လာနိုင်တာကြောင့် အားလုံးသွေးမကွဲကြဖို့အတွက်သူကကြားထဲကနေတောင်းပန်ထားတာဖြစ်ပါတယ်။

အထူးသဖြင့်ဒီလိုခက်ခဲနေတဲ့အချိန်မှာပြည်သူအချင်းချင်းသွေးကွဲနေမယ်ဆိုရင်သူတို့အကွက်ထဲဝင်သွားနိုင်တာကြောင့်စည်းစည်းလုံးလုံးနေကြပါဆိုပြီးပြေဇင်ကပြောထားတာပဲဖြစ်ပါတယ်၊ပြေဇင်ကတော့ပြည်သူတွေအငြင်းပွားနေတာနဲ့ပတ်သက်ပြီးမဖြစ်သင့်တာတွေမဖြစ်ရအောင်တောင်းပန်ပေးထားတာပဲဖြစ်ပါတယ်၊အားလုံးပန်းတိုင်တစ်ခုတည်း သွားနေတဲ့အချိန်မှာသွေးမကွဲဘဲစည်းလုံးဖို့က အဓိကဖြစ်ကြောင်းပြေဇင်ကထောက်ပြလိုက်တာဖြစ်ပါတယ်။

Zawgyi vision

မနေ့ကမန္တလေးမြို့မှာဖြစ်ပွားခဲ့တဲ့ကိစ္စနဲ့ပတ်သက်ပြီးလတ်တလောလူမှုကွန်ယက်စာမျက်နှာထက်မှာပြည်သူတွေစကားသံတွေကိုအမျိုးမျိုးကြားနေရတာဖြစ်ပါတယ်၊PDFအဖွဲ့ဝင်တွေဖမ်းဆီးခံလိုက်ရတဲ့အကြောင်းရင်းကPDFတွေရဲ့နေရာကိုပြည်သူတစ်ဦးကမသိဘဲဓာတ်ပုံရိုက်ပြီးတင်လိုက်တာကြောင့်လို့ပြောဆိုနေကြတာဖြစ်ပါတယ်၊ဒီကိစ္စနဲ့ပတ်သက်ပြီးပြည်သူတွေကတော့မနေ့ကမနက်ပိုင်းလူမှုကွန်ယက်စာမျက်နှာထက်မှာအစောဆုံးပျံ့နှံ့လာတဲ့ဓာတ်ပုံတစ်ပုံရဲ့ပိုင်ရှင်ကိုအပြစ်တင်ဝေဖန်နေကြတာပဲဖြစ်ပါတယ်။

အခုလိုမျိုးပြည်သူအချင်းချင်းအငြင်းပွားစရာတွေဖြစ်နေတာနဲ့ပတ်သက်ပြီးသရုပ်ဆောင်ပြေဇင်က မေတ္တာရပ်ခံလာခဲ့တာဖြစ်ပါတယ်၊ပြေဇင်ကအခုချိန်မှာအာဏာရှင်ကိုတော်လှန်နေကြတဲ့ပြည်သူအချင်းချင်းရန်မလိုကြဖို့နဲ့တစ်ယောက်အမှားကိုတစ်ယောက်တိုးတိုးတိတ်တိတ်ဖြေရှင်းကြဖို့အကြံပေးထားတာဖြစ်ပါတယ်၊ဒါ့အပြင်မှန်တဲ့သူတွေကလည်းအမှားတွေဖြစ်လာနိုင်တာကြောင့် အားလုံးသွေးမကွဲကြဖို့အတွက်သူကကြားထဲကနေတောင်းပန်ထားတာဖြစ်ပါတယ်။

အထူးသဖြင့်ဒီလိုခက်ခဲနေတဲ့အချိန်မှာပြည်သူအချင်းချင်းသွေးကွဲနေမယ်ဆိုရင်သူတို့အကွက်ထဲ၀င်သွားနိုင်တာကြောင့်စည်းစည်းလုံးလုံးနေကြပါဆိုပြီးပြေဇင်ကပြောထားတာပဲဖြစ်ပါတယ်၊ပြေဇင်ကတော့ပြည်သူတွေအငြင်းပွားနေတာနဲ့ပတ်သက်ပြီးမဖြစ်သင့်တာတွေမဖြစ်ရအောင်တောင်းပန်ပေးထားတာပဲဖြစ်ပါတယ်၊အားလုံးပန်းတိုင်တစ်ခုတည်းသွားနေတဲ့အချိန်မှာသွေးမကွဲဘဲစည်းလုံးဖို့က အဓိကဖြစ်ကြောင်းပြေဇင်ကထောက်ပြလိုက်တာဖြစ်ပါတယ်။

Credit