သူတို့ရဲ့ဆိုင်တွေကို ်Boycottကြဖို့ပြောနေတဲ့လူတွေကိုသက်သေအခိုင်အလုံဖြင့် ပြန်လည်ရှင်းပြလိုက်တဲ့သဉ္ဇာဝင်းတို့ဇနီးမောင်နှံ

သူတို့ရဲ့ဆိုင်တွေကိုBoycottကြဖို့ပြောနေတဲ့လူတွေကိုသက်သေအခိုင်အလုံဖြင့်ပြန်လည်ရှင်းပြလိုက်တဲ့သဉ္ဇာဝင်းတို့ဇနီးမောင်နှံ

သဉ္ဇာနွယ်ဝင်းကတော့အိမ်ထောင်ကျပြီးနောက်ပိုင်းအနုပညာလှုပ်ရှားမှုတွေသိပ်မရှိတော့ဘဲခင်ပွန်းဖြစ်သူရဲ့စီးပွားရေးလုပ်ငန်းတွေကိုဝိုင်းကူပေးနေတာဖြစ်ပါတယ်၊အခုရက်ပိုင်းအတွင်းမှာတော့သူမတို့ဇနီးမောင်နှံရဲ့စီးပွားရေးလုပ်ငန်းတွေနဲ့ပတ်သက်ပြီးသတင်းတစ်ချို့ထွက်နေပါတယ်ဒါကတော့သူမတို့ဖွင့်ထားတဲ့ဟော့ပေါ့နဲ့အကင်ဆိုင်တွေကိုတပ်အသိုင်းအသိုင်းနဲ့ဆက်နွယ်မှုကြောင့်Boycottကြဖို့လတ်တလောလူမှုကွန်ယက်စာမျက်နှာပေါ်မှာရေးသာနေပါတယ်။

ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးမနေ့ညကသဉ္ဇာနွယ်ဝင်းခင်ပွန်းရဲ့လူမှုကွန်ယက်တွင်ပြန်လည်ဖြေရှင်းထားတာတွေ့ရပါတယ်၊အခုနာမည်ကြီးနေတဲ့ဓာတ်ပုံတစ်ပုံကတော့၂၀၁၈ခုနှစ်ကသူတို့ရဲ့သားအကြီးဆုံးရဲ့မွေးနေ့အခမ်းအနားတုန်းကပုံဖြစ်ပြီးမဟုတ်ဘဲနဲ့သတင်းအမှားဖြစ်ကြောင်းရှင်းပြထားပါတယ်၊သူတို့အတွက်ကြောင့်နဲ့အကုသိုလ်မရစေဖို့မဟုတ်မှန်တဲ့သတင်းတွေကိုပြန်လည်စဉ်းစားကြဖို့ကိုလည်းအခုလိုရေးသားတောင်းဆိုထားပါတယ်။

ဟိုးရက်ကကျွန်တော့်အသိတစ်ယောက်ဖုန်းဆက်လာပြီးအကြံတောင်းတယ်၊သူလုပ်တဲ့ဟိုတယ်ရဲ့အပေါ်ထပ်မှာတပ်ပေးစွဲထားပါတယ်၊ဘယ်လိုဘယ်လိုလုပ်နေပါတယ်ဆိုပြီးအကောင့်တစ်ခုနဲ့လုပ်ငန်းပေ့ချ်အောက်မှာရောဂရုတွေထဲလည်းလျှောက်ရေးရောမဟုတ်ပေမယ့်လည်းအဲ့ဒီသတင်းကြီးကပွပြီးဝိုင်းဆဲတာကောင်းကောင်းခံလိုက်ရတော့သူဘယ်လိုပြန်ရှင်းသင့်လဲလာမေးတယ်ပြောရရင်သူကစီးပွားရေးကိုသန့်သန့်လေးလုပ်ပြီးသူ့ကြိုးစားမှုနဲ့သူတက်လာတာမို့ဒီလိုပလိန်းကြီးရေးခံထိတာတော်တော်လေးဒုက္ခရောက်ရတယ်နဂိုကတည်းကလူအေးဆိုတော့ဘယ်အဖွဲ့အစည်းနဲ့မှမပေါင်းသင်းမလုပ်ရတဲ့ဟိုတယ်လိုင်းလေးပဲသေချာလေးလုပ်နေတဲ့သူသူ့ဟိုတယ်မှာဟိုကဖွသလိုဘာမှမရှိသလိုလူအဝင်ပါးလို့စိတ်ဆင်းရဲနေတဲ့ကြားကဒီလိုချောက်တွန်းခံရလိုက်ရတော့မင်းကွာဖြေရှင်းမနေပါနဲ့လို့ပြောလိုက်ရပေမယ့်လည်းသူ့ကိုလာရန်ရှာတဲ့facebookလူအုပ်ကြီးကလည်းကြောက်စရာအခုတော့ကိုယ့်အလှည့်ကျမှခံစားဖူးမှသိတော့တယ်သားလေးတစ်နှစ်ပြည့်ပွဲရဲ့၂၀၁၈ကပုံတစ်ခုကိုဦးတည်ပြီးမဟုတ်ပဲနဲ့အဖွခံရတဲ့အမုန်းတရားနဲ့ချောက်တွန်းတဲ့ကိစ္စအားလုံးတကယ့်အမှန်တရားတွေပိုက်ရင်းအေးချမ်းတဲ့ဘဝလေးအမြန်ပိုင်ဆိုင်ရပါစေဗျာမဟုတ်ဘဲနဲ့အစွပ်စွဲခံရတာကတော့ကိုယ့်ကံအကြောင်းတရားပဲဆိုတော့ကောင်းမှုကုသိုလ်လေးနဲ့ပြန်ဖြေလိုက်ပါ့မယ်။

ကျွန်တော်ကြောင့်တော့အကုသိုလ်မရစေဖို့မဟုတ်တာတွေရေးနေဖွနေတာကိုတော့တစ်ချက်လောက်ပြန်စဉ်းစားသုံးသပ်စေချင်ပါတယ်၊ဆိုပြီးရေးသားထားတာဖြစ်ပါတယ်သဉ္ဇာနွယ်ဝင်းကလည်းတစ်ခုခုပြောမယ်ဆိုရင်အရင်ဆုံးမှန်လားမှားလားအသေအချာသိမဗသူတစ်ပါးကိုဝေဖန်ပါပြောပါ။ဆိုပြီးသူမခင်ပွန်းရဲ့ပို့စ်ကိုပြန်လည်ဝေမျှပြီးရှင်းပြထားပါတယ်၊ပရိသတ်တွေအားလုံးလည်းအကြောင်းစုံသိရှိစေဖို့ဒီသတင်းကိုတင်ဆက်ပေးလိုက်ပါတယ်။

Credit