

 




 
















အတွေးအခေါ်မြင့်သွားတဲ့သူတွေပဲ အပျိုကြီးဖြစ်နိုင်ကြတာ . . . ။

 

Credit

Unicode

အပျိုကြီးတွေဆိုတာ အဖြူရောင် တစ်သျှူးကမ္ဘာလေး

 

အပျိုကြီးတွေဆိုတာ အဖြူရောင် တစ်သျှူးကမ္ဘာလေး

တံခါးခေါက်တိုင်းသာ ဖွင့်ပေးရရင် လော့ပျက်တာကြာပေါ့ ပိုက်တွေ့တိုင်း ဝင်တိုးရရင် ဟင်းဖြစ်တာကြာပေါ့

သူတို့ မနာလိုလည်း မနာလိုချင်စရာ

တစ်နှစ်တိုးတိုင်း တစ်မျိုးလှတဲ့ ဥဒေါင်းမလေးဖြစ်နေတာဖန်စီတွေဘယ်လောက်လှလှ စိန္က စိန်ပါပဲ

တန်ဖိုးသိသူတွေ မြင်တတ်ကြည့်တတ်လိမ့်မယ်ခူးပြီးသား ပန်းတွေသာ အနွမ်းမြန်တာပါ


ပင်ပေါ်ကပန်းက အစွမ်းကုန်လန်းခွင့်ရှိတယ်မနေ့က ၃၀ နှစ် ဖြစ်ပေမယ့်

ဒီနေ့ ၁၈ နှစ်ချက်ချင်းဖြစ်ခွင့်ရှိတယ် ပန်းဆိုတာ အချိန်ကြာလေလှလေ အပျိုအလှဆိုတာ သက်တမ်းတိုးလေ

ပြည့်လေပဲယပင့်နဲ့ပျိုဖို့ နှစ်တွေအကြာကြီးတည်ဆောက်ထားရတာ

မိဘကို ပြုစုဖို့သက်တမ်းကိုခြွေတာထားတာ မုဆိုးတွေရဲ့သားကောင်းမဖြစ်ချင်လို့ ခပ်ပျော်ပျော်နေတာကမ္ဘာကြီးကို အမှန်အတိုင်းမြင်ဖို့လူဖြစ်လာတာ


ဗျည်းနဲ့ သရ မပေါင်းလည်း အက္ခရာဖြစ်ပါတယ်

အပျိုကြီး ဆိုတာ အဖြူရောင် တစ်သျှူးကမ္ဘာလေး


တနည်းအားဖြင့် စမ်းရေနဲ့တူတယ် . . . . . ဘာမှမရောလေကြည်လင်လေ . . . သန့်စင်လေပဲ . . .

လိပ်လေး တုတ်ကိုက်လာတဲ့ပုံပြင်လို အောက်ကနေ အော်နေတဲ့ နွားကျောင်းသားကိုသာ

စကားတုန့်ပြန်ပြောကြည့် သူတို့အကြံ အောင်မြင်တော့မှာ


ဝမ်းနည်းစရာပါပဲ ဉာဏ်မတိမ်ပါနဲ့ စာရင်းဇယားနဲ့ သေချာပြုစုကြည့် ကမ္ဘာနဲ့အဝှမ်း

အတွေးအခေါ်မြင့်သွားတဲ့သူတွေပဲ အပျိုကြီးဖြစ်နိူင်ကြတာ . . . ။