
















Credit

Unicode

အခုတစ်လော ထိုင်းမှာနာမည်ကြီးနေတဲ့ 3Dဂဏန်းပေးတယ်ဆိုတဲ့ ထူးဆန်းတဲ့ရွှေညောင်ပင်မှ အထင်ရှားပေးပြန်ပြီ

အခုတစ်လော ထိုင်းမှာနာမည်ကြီးနေတဲ့ ထူးဆန်းတဲ့ရွှေညောင်ပင်မှ အထင်ရှားပေးပြန်ပြီ…

အခုတစ်လော ထိုင်းမှာနာမည်ကြီးနေတဲ့ ထူးဆန်းတဲ့ရွှေညောင်ပင်မှ အထင်ရှားပေးပြန်ပြီ…

အခုတစ်လော ထိုင်းမှာ နာမည်ကြီးနေတဲ့ 2D 3D ပေးတယ်ဆိုတဲ့ ထူးဆန်းတဲ့ ရွှေညောင်ပင်မှ တတိယအကြိမ် သိန်း၁ဝဝတန် ဒိုင်ပြေးနံပတ် အထင်ရှားပေးပြန်ပြီ။


ထူးဆန်းတဲ့ ရွှေညောင်ပင်မှ ၃ ကြိမ်မြောက် ဂဏန်းများပေးနေထိုင်းနိုင်ငံက ထူးဆန်းတဲ့ရွှေညောင်ပင်မှ တတိယအကြိမ် ချဲဂဏန်း ၃ လုံး ၊ ၂ လုံး ကိုအထင်အရှားပေးသည်ဟုဆိုကာ လူအများ လာရောက် ပူဇော်ပသကြပြန်ပြီ။

အခု တလောထိုင်းမှာ အထူးအဆန်းဆိုရင် ချဲဂဏန်းတောင်းကြ တဲ့ပို့စ်အတော်များများကိုမြင်တွေ့နေရတယ်။

ပြီးခဲ့တဲ့ မေလတုန်းကလည်း အူဒွန်ထာနီ ( Udont hani ) ခရိုင် ဖိန်မြို့ နယ် ( Phen ) ၊ ဘန့်ထတ်ကျေးရွာအုပ်စု နားဖွန်ဆတ်ကျေးရွာအနီး

အသက် ၉၄ နှစ်အရွယ် နိုင်ဒီး ရဲ့လယ်ကွင်းစပ်မှာပေါက်နေတဲ့ သက်တမ်းနှစ် ၁၀၀ နီးပါးရှိပြီဖြစ်တဲ့ ညောင်ပင်အောက်မှနောက်ထပ်ညောင်ပင်ရဲ့အရွက်အားလုံးဟာ လွန်ခဲ့တဲ့ ၃ လကတည်းက ရွှေရောင်လိုဝင်းပနေပြီး

အရောင် ၄ မျိုးပြောင်းသည်ဟု အသက် ၄၉ နှစ်အရွယ် နန်းထန်ချနုတ် မှဆိုပါတယ်။

ပထမမှာတော့ ပန်းရောင် ၊ နောက်တော့ဖက်ဖူးရောင် ၊ အဲ့ဒီမှတဆင့်အဝါရောင် ၊ နောက်တော့အဖြူရောင်သို့ပြောင်းပြိး ယခုလိုဘဲ ရွက်ဟောင်းရွက်နုလဲသည်အထိပါဘဲ။

တစ်ခါတစ်ရံမှာ ညောင်ရွက်မှာ သင်္ချာဂဏန်းတွေထင်ရှားစွာမြင်တွေ့ကြရတာမို့အနီအနားကဒေသခံ ၃၀၀ လောက်ဟာ သတင်းကြားပြီးညောင်ပင်ကိုလာရောက်ပူဇော်ကြပသကြပါတယ်။

ပြီးခဲ့တဲ့အပတ်တွေက ချဲဂဏန်း 807 ကိုလည်း ဒီညောင်ပင်ကရခဲ့ကြတယ်လ်ု့ဆိုပါတယ်။ ဒီရွှေညောင်ပင်ကနေပထမဆုံး နှစ်လုံးဂဏန်း ၄၂ ကိုရခဲ့ပြန်ပါတယ်။

ယခုလည်း ဟုတ်မဟုတ်စောင့်ကြည့်ရပါတော့မည်။ အခုအခါမှာလည် မနက်ဖြန်အတွက်ချဲဂဏန်း သုံးလုံးဂဏန်းဖြစ်တဲ့ 732 နှင့် 782 ကို မြင်ရသလို

၂ လုံးဂဏန်းကတော့ တစ်ချို့လည်း 73-72-32 ကိုမြင်တွေ့ကြတဲ့အတွက် သတင်းထောက်တွေနဲ့ဒေသခံပြည်သူတွေ ခြေချင်းလိမ်နေကြပါတယ် ၊ ဒေသခံတွေကတော့အမွှေးတိုင်တွေထွန်းညှိပူဇော်ပသကြပါတယ်။

ဒီရွှေညောင်ပင်ကနေပထမဆုံး နှစ်လုံးဂဏန်း 95 ကိုရခဲ့ပြီး ထီပေါက်ခဲ့တဲ့သူကတော့ လယ်ပိုင်ရင်နိုင်ဒီးရဲ့ သားမက်နဲ့သမီးတို့ဘဲဖြစ်ကြပါတယ်လို့ ဆိုပါတယ်။ ယခုလည်း ဟုတ်မဟုတ်စောင့်ကြည့်ရပါတော့မည်။