စပါးစိုက္ပ်ိဳးဖို႔ လယ္ထဲတြင္ လယ္သမားလင္မယား ၂ ဦး ကန္သင္းဆည္ေနခ်ိန္တြင္ ေျမႀကီးထဲမွ

စပါးစိုက္ပ်ိဳးဖို႔ လယ္ထဲတြင္ လယ္သမားလင္မယား ၂ ဦး ကန္သင္းဆည္ေနခ်ိန္တြင္ ေျမႀကီးထဲမွ

ရခိုင္ျပည္နယ္ ရေသ့ေတာင္ၿမိဳ႕နယ္ ေအာင္ဗလ ေက်း႐ြာအုပ္စုရွိ သာစည္ကုန္းေက်း႐ြာတြင္ ယေန႕နံနက္က မိုင္းေပါက္ကြဲ၍

ထိခိုက္ဒဏ္ရာရရွိသြားသည့္လယ္သမားလင္မယား ၂ ဦးကို စစ္ေတြေဆး႐ုံသို႔ အေရးေပၚပို႔ေဆာင္လိုက္ရသည္ဟု သိရသည္။

မိုင္းေပါက္၍ ထိခိုက္ဒဏ္ရာ ရရွိသြားသူမ်ားမွာ ဦးေအးစိန္ထြန္း ၅၂ ႏွစ္ ႏွင့္ သူ၏ဇနီး ေဒၚေအးစိန္ႏု ၄၇ ႏွစ္ တို႔ျဖစ္သည္။

သူတို႔သည္ ယေန႕ ဇြန္လ ၁၇ ရက္ နံနက္ ၉ နာရီခြဲခန႔္က ႐ြာအေနာက္ဘက္ရွိ သူတို႔ပိုင္ဆိုင္သည့္ လယ္တြင္ ကန္သင္းဆည္ေနခ်ိန္ မိုင္းေပါက္ကြဲမႈျဖစ္၍ ထိခိုက္ဒဏ္ရရာရွိခဲ့ျခင္း ျဖစ္သည္ဟု


ေအာင္ဗလေက်း႐ြာ အုပ္စုအုပ္ခ်ဳပ္ေရးမႉး ဦးစံေအးေက်ာ္ကေျပာသည္။သူတို႔လင္မယား ႏွစ္ေယာက္က လယ္ကြင္းျပင္မွာ လယ္ကန္းသင္းေပါက္ေနၾကတာ တစ္ေယာက္တစ္ဘက္စီ

ေပါက္ေနၾကတာအဲ့လိုေပါက္ေတာ့ မိုင္းကို ေပါက္တူးနဲ႕ ထိမိတယ္ထင္တယ္ ဟု ေျပာသည္။

မိုင္းေပါက္ကြဲမႈေၾကာင့္ ဦးေအးစိန္ထြန္းတြင္ မ်က္လုံးႏွစ္ဖက္ႏွင့္ ခႏၶာကိုယ္တြင္ ထိခိုက္ဒဏ္ရာရရွိခဲ့ၿပီး ေဒၚေအးစိန္ႏုတြင္ မ်က္လုံးတစ္ဘက္ႏွင့္ ခႏၶာကိုယ္တြင္ ထိခိုက္ဒဏ္ရာရရွိခဲ့သည္ဟု ႐ြာသားမ်ားက ေျပာသည္။


ယခု မိုင္းေပါက္ကြဲမႈ ျဖစ္ပြားခဲ့သည့္ေက်း႐ြာအနီးတြင္ ယခင္က ျမန္မာစစ္တပ္ႏွင့္ ရကၡိဳင့္တပ္ေတာ္ AA တို႔ တိုက္ပြဲျဖစ္ပြားခဲ့ဖူးသည္ဟု ေဒသခံမ်ားက ေျပာသည္။

ၿပီးခဲ့သည့္ ဇြန္လ ၁၄ ရက္ကလည္း ေျမပုံၿမိဳ႕နယ္ စညွင္းစစ္ေရွာင္စခန္းမွ စစ္ေဘးေရွာင္၂ ဦး စခန္းအနီးရွိေတာင္ေပၚသို႔ မွ်စ္သြားခူးစဥ္မိုင္းေပါက္ကြဲမႈျဖစ္၍ ၁ ဦးေသဆုံးၿပီး ၁ ဦးဒဏ္ရာရရွိသြားခဲ့သည္။

အလားတူ ေမလအတြင္းတြင္လည္း ေက်ာက္ေတာ္ အမ္းႏွင့္ မင္းျပားစသည့္ၿမိဳ႕နယ္မ်ားတြင္ မိုင္းေပါက္ကြဲမႈျဖစ္ခဲ့၍ ေဒသခံ ၃ ဦးေသဆုံးခဲ့သည္ဟု သိရသည္။

Credit

Unicode

စပါးစိုက်ပျိုးဖို့ လယ်ထဲတွင် လယ်သမားလင်မယား ၂ ဦး ကန်သင်းဆည်နေချိန်တွင် မြေကြီးထဲမှ

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် အောင်ဗလ ကျေးရွာအုပ်စုရှိ သာစည်ကုန်းကျေးရွာတွင် ယနေ့နံနက်က မိုင်းပေါက်ကွဲ၍

ထိခိုက်ဒဏ်ရာရရှိသွားသည့်လယ်သမားလင်မယား ၂ ဦးကို စစ်တွေဆေးရုံသို့ အရေးပေါ်ပို့ဆောင်လိုက်ရသည်ဟု သိရသည်။

မိုင်းပေါက်၍ ထိခိုက်ဒဏ်ရာ ရရှိသွားသူများမှာ ဦးအေးစိန်ထွန်း ၅၂ နှစ် နှင့် သူ၏ဇနီး ဒေါ်အေးစိန်နု ၄၇ နှစ် တို့ဖြစ်သည်။

သူတို့သည် ယနေ့ ဇွန်လ ၁၇ ရက် နံနက် ၉ နာရီခွဲခန့်က ရွာအနောက်ဘက်ရှိ သူတို့ပိုင်ဆိုင်သည့် လယ်တွင် ကန်သင်းဆည်နေချိန် မိုင်းပေါက်ကွဲမှုဖြစ်၍ ထိခိုက်ဒဏ်ရရာရှိခဲ့ခြင်း ဖြစ်သည်ဟု

အောင်ဗလကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူး ဦးစံအေးကျော်ကပြောသည်။သူတို့လင်မယား နှစ်ယောက်က လယ်ကွင်းပြင်မှာ လယ်ကန်းသင်းပေါက်နေကြတာ တစ်ယောက်တစ်ဘက်စီ

ပေါက်နေကြတာအဲ့လိုပေါက်တော့ မိုင်းကို ပေါက်တူးနဲ့ ထိမိတယ်ထင်တယ် ဟု ပြောသည်။

မိုင်းပေါက်ကွဲမှုကြောင့် ဦးအေးစိန်ထွန်းတွင် မျက်လုံးနှစ်ဖက်နှင့် ခန္ဓာကိုယ်တွင် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဒေါ်အေးစိန်နုတွင် မျက်လုံးတစ်ဘက်နှင့် ခန္ဓာကိုယ်တွင် ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ရွာသားများက ပြောသည်။


ယခု မိုင်းပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့်ကျေးရွာအနီးတွင် ယခင်က မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော် AA တို့ တိုက်ပွဲဖြစ်ပွားခဲ့ဖူးသည်ဟု ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် ဇွန်လ ၁၄ ရက်ကလည်း မြေပုံမြို့နယ် စညှင်းစစ်ရှောင်စခန်းမှ စစ်ဘေးရှောင်၂ ဦး စခန်းအနီးရှိတောင်ပေါ်သို့ မျှစ်သွားခူးစဉ်မိုင်းပေါက်ကွဲမှုဖြစ်၍ ၁ ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာရရှိသွားခဲ့သည်။

အလားတူ မေလအတွင်းတွင်လည်း ကျောက်တော် အမ်းနှင့် မင်းပြားစသည့်မြို့နယ်များတွင် မိုင်းပေါက်ကွဲမှုဖြစ်ခဲ့၍ ဒေသခံ ၃ ဦးသေဆုံးခဲ့သည်ဟု သိရသည်။