(၂၂-၁-၂၀၂၁) မှ (၂၈-၁-၂၀၂၂ ) အထိတစ်ပတ်စာ (၇)ရက်သားသမီးဟောစာတမ်း

(၂၂-၁-၂၀၂၁) မှ (၂၈-၁-၂၀၂၂ ) အထိတစ်ပတ်စာ (၇)ရက်သားသမီးဟောစာတမ်း

(၂၂-၁-၂၀၂၁) မှ (၂၈-၁-၂၀၂၂ ) အထိတစ်ပတ်စာ (၇)ရက်သားသမီးဟောစာတမ်း

တနင်္ဂနွေ

အဖြစ်အပျက်အတိုင်း ၊ကိစ္စရပ်တိုင်း ဝေခွဲရခက်အောင် နှစ်မျိုးနှစ်ခွကြုံနေရတတ်သည်။ မိမိကိုယ်တိုင် တွေဝေဒွိဟဖြစ်နေရ တတ်သည်။ လောဘနောက်မလိုက်ဘဲ မှန်ကန်သည်လမ်းကိုရွေးချယ်နိုင်ဖို့ လိုသည်။

အကောင်း အဆိုး ဒွန်တွဲနေတဲ့ကာလပါပဲ။ ကောင်းမလိုလိုနဲ့ ဆိုးသွားတတ်ပါတယ်။ ရည်မှန်းထားတာကြံစည်ထားတာတွေ ပျက်လွယ် ပါတယ်။ ငွေမမြဲဖြစ်မယ်။ ငွေကုန်လွယ်မယ်။ အမွေကိစ္စ၊မြေကိစ္စ တွေဖြေရှင်းရလိမ့်မယ်။

ထပ်ချဲ့ထား သော အလုပ်တွေနဲ့ပတ်သက်ပြီး ငွေမနိုင်ဖြစ်တတ်တယ်။ အလုပ်များသလောက် အကျိုးအမြတ်နည်းလိမ့်မယ်။ ခရီး ဝေးသွားဖို့ကိစ္စများကြုံလာရနိုင်သည်။ စပ်တူရှယ်ယာလုပ်ခြင်းမျိုးရှောင်ပါ။

(၂၂-၁-၂၀၂၁) မှ (၂၈-၁-၂၀၂၂ ) အထိတစ်ပတ်စာ (၇)ရက်သားသမီးဟောစာတမ်း

(၂၂-၁-၂၀၂၁) မှ (၂၈-၁-၂၀၂၂ ) အထိတစ်ပတ်စာ (၇)ရက်သားသမီးဟောစာတမ်း

(၂၂-၁-၂၀၂၁) မှ (၂၈-၁-၂၀၂၂ ) အထိတစ်ပတ်စာ (၇)ရက်သားသမီးဟောစာတမ်း

မိမိလျှောက်မဲ့လမ်းတားဆီးမဲ့သူ နှောက် ယှက် မဲ့သူတွေ ကြုံရလိမ့်မယ်။ပညာရှာနေသူများမိမိလိုချင်သောပညာများရပါလိမ့်မည်။ သားသမီးကြောင့် စိတ် ချမ်း မြေ့ ပျော်ရွှင်ရလိမ့်မည်။

အချစ်ရေးကံကောင်းပေမဲ့ ချစ်ရသူ၊မိမိတန်ဖိုးထားရသူတွေအတွက် သောကရောက် ရတတ်ပါတယ်။ ကျ န် းမာရေးတော့ ဂရုစိုက်သင့်တဲ့ကာလပါ။ အစာမကြေခြင်း ၊အစာအိမ်ရောင်ခြင်း၊ဗိုက်နာခြင်းမျိုး

ဖြစ်လွယ်တဲ့ကာလပါပဲ။ လုပ်ငန်းအစီအစဉ်တွေလည်း ထစ်ငေါ့လွဲချော်သွားတတ်ပါတယ်။ မသွားချင်တဲ့ခရီး တွေ လည်း သွားရတတ်ပါတယ်။ မကြားချင်တဲ့ စကားတွေလည်း ကြားသိနေရတတ်ပါတယ်။

အကျိုးပေးဂဏန်း ၃/၆/၉အထူးဟော အကြံအစည်တွေ ပျက်တတ်သည်။ယတြာ ဘဂဝါ ဂုဏ်တော်ကို ၁၀၈လုံးပုတီးဖြင့်တစ်နေ့တစ်ပတ် စိပ်ပါ။

တနင်္လာ

စီးပွားရေးနယ်ပယ်ချဲ့ထွင်လုပ်ကိုင်ရတတ်ပါတယ်။ အလုပ်ပို၊ကိစ္စပိုတွေကြောင့်တော့ ပင်ပန်းရတတ်တာပေါ့ ဗျ။ ဒါပေမဲ့ စီးပွားရေးကံကတော့ အထူးကောင်းနေတယ်။ အလုပ်အကိုင်များ အဆင်ပြေလာပါလိမ့်မည်။

ငွေလဲ ဝင်လာပါ လိမ့်မည်။ ဆုံးမည်ဟု ထင်ထားသောငွေများလဲပြန် ရလိမ့်မည်။ အလုပ်အကိုင်များချဲ့ထွင်နိုင် လိမ့်မည်။ အလုပ် အကိုင်ပြောင်းရွေ့ဖို့စဉ်းစားနေသူများမပြောင်းပါနဲ့အုံး။

လက်ရှိအလုပ်မှာ အဆင်ပြေလာပါလိမ့်မည်။ အလုပ် ရှာနေသူများ အလုပ်ရပါလိမ့်မည်။ မိမိသွားချင်တဲ့ခရီး မိမိရည်မှန်းထားသော ခရီးတွေလဲသွားရ ပါလိမ့်မယ်။ ကောင်း သော ခရီး ပျော်စရာကောင်းသော

(၂၂-၁-၂၀၂၁) မှ (၂၈-၁-၂၀၂၂ ) အထိတစ်ပတ်စာ (၇)ရက်သားသမီးဟောစာတမ်း

(၂၂-၁-၂၀၂၁) မှ (၂၈-၁-၂၀၂၂ ) အထိတစ်ပတ်စာ (၇)ရက်သားသမီးဟောစာတမ်း

(၂၂-၁-၂၀၂၁) မှ (၂၈-၁-၂၀၂၂ ) အထိတစ်ပတ်စာ (၇)ရက်သားသမီးဟောစာတမ်း

ခရီးဖြစ်မှာပါ။ မိတ်ဆွေကောင်း သူငယ်ချင်းကောင်းတွေရဲ့ကူညီထောက်ပံ့ တာ မျိုးလဲ ကြုံရနိုင်ဖွယ်ရှိနေပါတယ်။ စက်ပစ္စည်းအသစ်တွေ ဝင်လာဖို့ရှိနေပါတယ်။ အချစ်ရေးလဲစန်းပွင့်နေတဲ့ အချိန် ပါ။ ချစ်ခွင့်ပန်တာမျိုးကြုံရ

တတ်သလိုရေလာမြောင်းပေး စကားတွေလဲ ပြောလာ တတ်ပါတယ်။ အိမ်ထောင်ရေး ကံခေနေပါမည်။ အိမ်ထောင်ရေးကြောင့် စိတ်ညစ်ရပါလိမ့်မည်။ ဝယ်စရာတွေများနေပါလိမ့်မည်။ ကျန်းမာရေးလဲ ခြူခြာ နေမည်။

လူပင်ပန်းပြီးကိုယ်လက်မအီမသာဖြစ်ရတတ်ပါတယ်။ ဗိုက်အောက်ဗိုက်နာ အစာမကြေဖြစ်နေပါ လိမ့်မည်။ပညာရေးကံကတော့ အထူးကောင်းနေပါ လိမ့် မယ်။ စာတွေကျက်ရမှတ်ရလွယ်နေပါလိမ့်မယ်။

အကျိုးပေးဂဏန်း – ဝ/၇/၆အထူးဟော -စီးပွားရေးကံ အထူးကောင်းနေမည်။ယတြာ ပေါင်မုန့်တစ်လုံးဝယ်ပြီး ငါးစာကျွေးလိုက်ပါ။

(၂၂-၁-၂၀၂၁) မှ (၂၈-၁-၂၀၂၂ ) အထိတစ်ပတ်စာ (၇)ရက်သားသမီးဟောစာတမ်း

အင်္ဂါ

အလုပ်ကိစ္စ၊ အိုးအိမ် နေရာထိုင်ခင်းကိစ္စ တွေနဲ့ပတ်သက်ပြီး စိတ်ညစ်ရတတ်တယ်။ ဖခင်နဲ့ အတိုက် အခံဖြစ်ပြီး အိမ်မှာမနေချင်ဖြစ်နေရတတ်ပါတယ်။ အလုပ်စီးပွားအထူးကောင်းသည်။

အလုပ်သစ်စခြင်း အလုပ်တိုး ချဲ့ ခြင်းများပြုလုပ်နိုင်မည်။ ဘယ်အကြောင်းကြောင့်ဖြစ်ဖြစ် တစိမ်းမိန်းကလေးတွေနဲ့ မပတ်သက်ပါစေနဲ့ ။ အမျိုး သားများအဖို့ ငြိစွန်းလွယ်တဲ့ကာလမို့ပါ။ ထိုသို့ငြိစွန်းပါက အကောင်းထက်

အဆိုးများပါလိမ့်မယ်။ အိမ်ပူလေ အလုပ် ကောင်းလေကာလပါပဲ။ အိမ်ထောင်ဘက်အချင်းချင်းစကားများရနိုင်သလို လူလွတ်ဆိုပါက အတူနေမောင်နှမတွေ စိတ်ဝမ်းကွဲတတ်တယ်။အလုပ်ထဲမှာ အထက်လူကြီးနဲ့

(၂၂-၁-၂၀၂၁) မှ (၂၈-၁-၂၀၂၂ ) အထိတစ်ပတ်စာ (၇)ရက်သားသမီးဟောစာတမ်း

(၂၂-၁-၂၀၂၁) မှ (၂၈-၁-၂၀၂၂ ) အထိတစ်ပတ်စာ (၇)ရက်သားသမီးဟောစာတမ်း

(၂၂-၁-၂၀၂၁) မှ (၂၈-၁-၂၀၂၂ ) အထိတစ်ပတ်စာ (၇)ရက်သားသမီးဟောစာတမ်း

စကားအခြေအတင်များရတတ်ပါတယ်။ လုပ်ငန်းသစ်စ မဲ့သူ များ ဒီအပတ်အတွင်းမစပါနဲ့အုံး ။ လူမှုရေးကိစ္စများ အခြားကိစ္စပိုများကြောင့် အကျိုးမရှိဘဲအလုပ်များ ဗျာများနေ ရတတ် တယ်။ ရွှေငွေလက်ဝတ်ရတနာများ

ထွက်တတ်ပျောက်တတ်ပါတယ်။ ကိုယ်ပိုင်လုပ်ငန်းရှင်များ အလုပ်ပါး နေတတ်ပါတယ်။ ဆိုင်လူအဝင်နည်းနေလိမ့်မယ်။ ကျန်းမာရေးကတော့အဆိုးထဲကအကောင်းလို့ပဲပြောရမှာပါ။ မတ် တပ်ဖျား မတ်တပ်နာလောက်ပဲဖြစ်ပါလိမ့်မယ်။

အချစ်ရေးကံက ချစ်သူနဲ့ အနေဝေးနေရတတ်ပါတယ်။ အနေဝေးနေ တဲ့ ချစ်သူက အဆက်ဖြတ်ဖို့ကြိုးစားတာမျိုးကြုံရတတ်သည်။ အချစ်ရေးကြောင့် ခေါင်းရှုပ်ရတတ် သည်။ ပညာရေး အနေနဲ့

ဝီရိယကို နှစ်ဆတိုးမှအဆင်ပြေပါလိမ့်မယ်။ အကျိုးပေးဂဏန်း ၂/၄/၆အထူးဟော စိတ်လေနေရတတ်သည်။ယတြာ ပန်းကန်တစ်ချပ်ထဲ လက်ဖက်အသားကို ကိုးပုံ ပုံပြီးဘုရားကပ်လှူပါ

ဗုဒ္ဓဟူး

ဒီကာလအတွင်း အထူးဂရုစိုက်စေချင်တာကကျန်းမာရေးပါ ။ ကျန်းမာရေး ရှောင်တခင်ညံ့သွားပါလိမ့်မယ်။ ရေချိုးမှားတတ်ခြင်း ၊ တက်စာများစားခြင်းမျိုးကို အထူးရှောင်ပါ။ ဆေးမြီးတိုနှင့်မကုပါနှင့်။

အပ်နဲ့ထွင်းရမဲ့ကိစ္စ ပုဆိန်နှင့်ထွင်းရတတ်သည်။အလုပ်တာဝန်တွေ အရမ်းပိနေတတ်ပါတယ်။ ဒါကြောင့်လဲ ပင်ပန်းနွမ်းနယ်နေရ တတ်ပါတယ်။ ငွေကြေးချေးငှားတာမျိုးမလုပ်ပါနဲ့။
သူများလုပ်ငန်းထဲရှယ်ယာ

မထည့်ပါနဲ့။ ငွေအရမ်းမြုပ်စေနိုင်တဲ့ ကိစ္စများ ရှောင်ရှားသင့်တဲ့အချိန်ပါ။ ဝေးကွာနေတဲ့မိတ်ဆွေတွေနဲ့ ပြန်လည် ဆုံစည်းရတတ်ပါတယ်။ သားသမီး ကြောင့် ပူပန်သောကရောက်စရာများကြုံရပါလိမ့်မည်။

စပ်တူရှယ်ယာအကျိုး ပေးမည်။ မင်္ဂလာကိစ္စ ၊အလှူကိစ္စများ ကြုံရပါလိမ့်မည်။ မိတ်ဆွေအပေါင်းအသင်းများထံမှ အကြံဉာဏ်တွေရပါလိမ့် မည်။ အိမ်တွင်းရေး မိသားစုအရေး ကိစ္စများတွင်စိတ်ချမ်းမြေ့ရမည်။

(၂၂-၁-၂၀၂၁) မှ (၂၈-၁-၂၀၂၂ ) အထိတစ်ပတ်စာ (၇)ရက်သားသမီးဟောစာတမ်း

(၂၂-၁-၂၀၂၁) မှ (၂၈-၁-၂၀၂၂ ) အထိတစ်ပတ်စာ (၇)ရက်သားသမီးဟောစာတမ်း

(၂၂-၁-၂၀၂၁) မှ (၂၈-၁-၂၀၂၂ ) အထိတစ်ပတ်စာ (၇)ရက်သားသမီးဟောစာတမ်း

မိမိအလုပ်မလုပ်ရဘဲ ၊သာရေးနာရေးကိစ္စ ၊လူမှုရေးကိစ္စ၊ပရဟိတအလုပ်တွေနဲ့ အချိန်ကုန်ရတတ်တယ်။ အချစ်ရေးကံကြမ္မာက အကောင်းအဆိုးမျှ နေပါ တယ်။အထူးသဖြင့် အကောင်းဘက်ကိုပိုများပါတယ်။

ပညာရေးက ကြိုးစားဖို့လိုအပ်ပါတယ်။ ကျက်ထားတာက တစ်ခု စာမေးပွဲမှာမေးတာက တစ်မျိုးဖြစ် နေရတတ်ပါတယ်။ အကျိုးပေးဂဏန်း ၃/၂/၇အထူးဟော အနားယူဖို့ လိုအပ်ပါသည်။ယတြာ ဘုရားတန်ဆောင်းတွေမှာ တံမြက်စည်းလှည်းကျင်းပါ

ကြာသပတေး

စိတ်ကူးထား၊ ကြံစည်ထားတာတွေ လက်တွေ့ဖြစ်လာပါတော့မည်။ ရည်မှန်းထားတာတွေပြည့်မြောက် အောင်မြင် လိမ့်မည်။ ကောင်းသောခရီး အပျော်ခရီးများ သွားရတတ်ပါ ။
အဘက္ဘက္က

အဆင်ပြေမှုတွေကြုံ တွေ့ရပါလိမ့်မယ်။ ငွေကြေးလာဘ်လဘတွေလဲပေါများနေပါလျမ့်မယ်။ ္စများအဆင်ပြေမည်။မိမိကို မလိုမုန်းထားသူများ ခင်ခင်မင်မင်ပြန်ဆက်ဆံလာပါလိမ့်မည်။ ပညာရေးမှာ ကြိုးစား

သလောက်ထွန်းပေါက်ပါလိမ့်မည်။ အချစ်ရေးမှာ ဝေးတသသ နီးတကျက်ကျက်ဆိုတာမျိုးဖြစ်နေပါလိမ့်မည်။ ဘာသာခြား လူမျိုးခြားတွေဆီမှ အကူအညီအထောက် အပံ့ တွေရလာပါလိမ့်မည်။ ကောင်းတဲ့

(၂၂-၁-၂၀၂၁) မှ (၂၈-၁-၂၀၂၂ ) အထိတစ်ပတ်စာ (၇)ရက်သားသမီးဟောစာတမ်း

(၂၂-၁-၂၀၂၁) မှ (၂၈-၁-၂၀၂၂ ) အထိတစ်ပတ်စာ (၇)ရက်သားသမီးဟောစာတမ်း

(၂၂-၁-၂၀၂၁) မှ (၂၈-၁-၂၀၂၂ ) အထိတစ်ပတ်စာ (၇)ရက်သားသမီးဟောစာတမ်း

လိုအင်ဆန္ဒတွေ ပြည့်လာပါလိမ့်မယ်။ငွေကအဝင်ကြမ်းအထွက်ကြမ်း ဖြစ်နေပါလိမ့်မယ်။အထိုင်အလုပ်လုပ်နေသူများ ထူးထူးခြားခြားအဆင်ပြေမည်။လုပ်ငန်းစီးပွားတိုးတတ်မည်။ အိုး အိမ် နေရာထိုင်ခင်းကိစ္စများ

အဆင်ပြေပါလိမ့်မည်။ အလုပ်ရာထူး တိုးတတ်ခြင်းကြုံမည်။ အထက်လူကြီးမစခြင်း ခံရတတ်သည်။အိမ်ထောင်သည်များ စန်းပွင့်နေတဲ့ ကာလဖြစ်တဲ့အတွက် ခြေရှုပ်တတ်သည်။ကျန်းမာရေးကတော့ အားကောင်းနေ တတ်ပါတယ်။

ကိုယ်ခံအားတွေကောင်းနေတတ်ပါတယ်။ အကျိုးပေးဂဏန်း ၆/၃/၇အထူးဟော ကံမြင့်နေပါတယ်။ယတြာ သစ်သီး၆မျိုးဘုရားကပ်ပါ။

(၂၂-၁-၂၀၂၁) မှ (၂၈-၁-၂၀၂၂ ) အထိတစ်ပတ်စာ (၇)ရက်သားသမီးဟောစာတမ်း

သောကြာ

အချစ်ရေးလွန်စွာမှ စန်းပွင့်နေလိမ့်မည်။ အနေနီးတဲ့ သူနဲ့တောင်ငြိစွန်းလွယ်တဲ့ကာလပါ။ အိမ်ထောင်သည် များလဲ သတိထားဖို့လိုပါတယ်။ အိမ်ထောင်ရေးစောင့်စည်းဖို့လိုပါတယ်။

ရည်စားရှိသူများ ဆိတ်ကွယ်ရာမသွားပါနဲ့။ အချစ်နယ်ကျွံတာမျိုးဖြစ်ရတတ်ပါတယ်။ ရပ်ဝေးမှ အလုပ်ခေါ်ခြင်း ၊အကူအညီပေးခြင်း ၊ နိုင်ငံခြားရောက်နေသော သားသမီးမှ ငွေပို့ပေးခြင်းမျိုးကြုံရပါလိမ့်မည်။

စက်ပစ္စည်းများဝင်လာပါလိမ့်မည်။ အောက်လက်ငယ်သားများရဲ့ အကူအညီတွေ အများကြီးရပါလိမ့်မည်။ ခရီးတိုများ ခဏခဏထွက်နေရပါလိမ့်မည်။ အတိတ်က မိမိကျေးဇူးပြုခဲ့ ဖူးသူတစ်ဦးရဲ့ ပြန်လည်ကျေးဇူးပြုခြင်းမျိုးကြုံရပါမည်။

ကျန်းမာရေးကတော့ ခေါင်းကိုက် ၊ခေါင်းမူး ၊သွေးတိုးခြင်း မျိုးကြုံရ ပါလိမ့်မည်။ ပညာရေးကံအထူးကောင်းနေ ချိန်ပါပဲ။ သားသမီးကြောင့် စိတ်ချမ်းမြေ့ရမည်။ ရွှေဝင်လိမ့်မည်။ စပ်တူအလုပ်၊ ရှယ်ယာအလုပ်

(၂၂-၁-၂၀၂၁) မှ (၂၈-၁-၂၀၂၂ ) အထိတစ်ပတ်စာ (၇)ရက်သားသမီးဟောစာတမ်း

(၂၂-၁-၂၀၂၁) မှ (၂၈-၁-၂၀၂၂ ) အထိတစ်ပတ်စာ (၇)ရက်သားသမီးဟောစာတမ်း

(၂၂-၁-၂၀၂၁) မှ (၂၈-၁-၂၀၂၂ ) အထိတစ်ပတ်စာ (၇)ရက်သားသမီးဟောစာတမ်း

အကျိုးဖြစ်ထွန်းမည်။ ခရီးကိစ္စပေါ်လာပါက ရက်ရွေ့လိုက်ပါ။ ကျန်းမာရေးညံ့ သွား တတ် ပါတယ်။ အခက် အခဲကြုံရင်ကူညီမဲ့ သူတွေအနားမှ ာရှိနေမယ်။ အောက်လက်ငယ်သားတွေရဲ့ အကူအညီ ရလိမ့် မယ်။

ဦးတည်လိုက်တိုင်း၊ နေရာတိုင်း၌ အတိုက်အခံများ ရှိနေမည်။ မဖြစ်မနေ လုပ်ကိုင်မှုများကြောင့် အဆုံးပိုင်းတွင် အောင်မြင်မှုများ ရရှိမည်။ အကျိုးပေးဂဏန်း ၇/ဝ/၈အထူးဟော စန်းပွင့်နေမည်။ယတြာ နှင်းဆီ ၇ ပွင့် ဘုရားလှူပါ

စေန

ဆောင်ရွက်သမျှ နှောင့်နှေးကြန့်ကြာနေမည်။ အခက်အခဲများကို ထိပ်တိုက်ရင်ဆိုင်နေရမည်။ စကားမတည် သောသူများနှင့် တွေ့ရတတ်ပါသည်။ ကူညီမည့်သူထက် နှောက်ယှက်မည့်သူ

အလွန်များပြားနေရတတ်ပါသည်။ ခြံ၊ ကား၊ အခန်း ရောင်းမှား၊ ဝယ်မှား ဖြစ်သူများ၏ ပြဿနာများကို တာဝန်ယူ ဖြေရှင်း လုပ်ကိုင်ပေးနေရမည်။ အရမ်းရင်းနှီးတဲ့မိတ်ဆွေတွေနဲ့ ခွဲခွာရတတ်ပါတယ်။

အလုပ်ကိစ္စနဲ့ပက်သက်ပြီး သောကရောက်ရ တတ် ပါတယ်။ ဖခင်နဲ့အတိုက်အခံဖြစ်ရတတ်ပါတယ်။ ကံညံ့နေတဲ့အချိန်ပါပဲ။ လုပ်သမျှမဖြစ်လို့ စိတ်ပျက်လက်ပျက်ဖြစ် နေရ မည်။ ဘာပဲဖြစ်ဖြစ်ကြုံရမဲ့

အခက်အခဲကို ခေါင်းအေးအေးထားဖြေရှင်းပါ။ ရန်များနေတဲ့ကာလဖြစ်လို့ မည်သူ့ကိုမှ မယုံကြည်ပါနှင့်။အုပ်စုဖွဲ့ ချောက်တွန်းခြင်းခံရနိုင်ပါတယ်။ အလုပ်အဆင်မပြေဖြစ်မည်။ အထက်လူကြီး ကြောင့် စိတ်ညစ်ရတတ်သည်။

(၂၂-၁-၂၀၂၁) မှ (၂၈-၁-၂၀၂၂ ) အထိတစ်ပတ်စာ (၇)ရက်သားသမီးဟောစာတမ်း

(၂၂-၁-၂၀၂၁) မှ (၂၈-၁-၂၀၂၂ ) အထိတစ်ပတ်စာ (၇)ရက်သားသမီးဟောစာတမ်း

(၂၂-၁-၂၀၂၁) မှ (၂၈-၁-၂၀၂၂ ) အထိတစ်ပတ်စာ (၇)ရက်သားသမီးဟောစာတမ်း

အလုပ်မရှိသူများ အလုပ်ရှာရခက်နေပါလိမ့်မည်။ အချစ်ရေးမှာ ချစ်သူအပေါ် စိတ်ကုန် နေမိတတ်ပါတယ်။ ပညာရေးမှာ ကြိုးစားသလောက်အရာမထင်ဖြစ်ရတတ်ပါတယ်။ ကျန်းမာရေးကတော့ ကြီးကြီး

မားမားဖြစ်ဖို့မရှိသေးပါဘူး။ ပေါ်ပေါက်လာသည့် အခြေအနေကို အသုံးချ၍ ဆောင်ရွက်လုပ်ကိုင်ခြင်းများမှ ကောင်း သော အကျိုးဆက်များ ဖြစ်ပေါ်လာမည်။ အကျိုးပေးဂဏန်း ဝ/၇/၈အထူးဟော

ကံအနည်းငယ်ညံ့နေရတတ်ပါတယ်။ယတြာ နွားနို့ပူပူတစ်ခွက် ဘုရားကပ်လှူပါ ၇ရက်သားသမီးအပေါင်း ရန်သူမျိုးငါးပါးဘေးမှ ကင်းဝေးနိုင်ကြပါစေ

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ) 0977 5555 695 / 09 44 5555 695