၁ သောင်းတန် ငွေစက္ကူ အတု၊ အစစ် သေချာပေါက်ခွဲခြားနိုင်မယ့် နည်းလမ်းကောင်း

၁ သောင်းတန် ငွေစက္ကူ အတု၊ အစစ် သေချာပေါက်ခွဲခြားနိုင်မယ့် နည်းလမ်းကောင်း

လက်ရှိမှာ ငွေကျပ် ၁ သောင်းတန်တွေ ရိုးရိုး ကာလာ ပရင်တာနဲ့ထုတ်ပြီး အတုလုပ်သုံးစွဲလာကြတွေ မကြာခဏဆိုသလို ဖမ်းမိနေတဲ့အချိန်မှာ ကိုယ်လက်ဝယ်ရောက်ရှိနေတဲ့ ပိုက်ဆံအတုလား အစစ်လားဆိုတာ အလွယ်တကူခွဲခြားနိုင်စေတဲ့

နည်းလမ်းတချို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်။ငွေစက္ကူတိုင်းမှာပါတဲ့လုံခြုံရေးအချက်အလက်တွေထဲမှာ အတုသမားတွေတုဖို့ခက်တဲ့ micro print လို့ခေါ်တဲ့ သာမန် မျက်လုံးနဲ့ရုတ်တရက် မမြင်နိုင်တဲ့စာလုံးလေးတွေ၊

၁ သောင်းတန် ငွေစက္ကူ အတု၊ အစစ် သေချာပေါက်ခွဲခြားနိုင်မယ့် နည်းလမ်းကောင်း

၁ သောင်းတန် ငွေစက္ကူ အတု၊ အစစ် သေချာပေါက်ခွဲခြားနိုင်မယ့် နည်းလမ်းကောင်း

၁ သောင်းတန် ငွေစက္ကူ အတု၊ အစစ် သေချာပေါက်ခွဲခြားနိုင်မယ့် နည်းလမ်းကောင်း

မြန်မာငွေစက္ကူ ကျပ်တစ်သောင်းတန်မှာဆိုရင် SECURITYPRINTINGWORKS ဆိုပြီးထည့်သွင်းရိုက်နှိပ်ထားပါတယ်။တချို့နေရာတွေမှာ CBMCBMCBM ဆိုပြီး Central Bank of Myanmar အတိုကောက်ထည့်ရိုက်ထားတယ်၊ မှန်ဘီလူးနဲ့ကြည့်မှ မြင်နိုင်သော်လည်း

၁ သောင်းတန် ငွေစက္ကူ အတု၊ အစစ် သေချာပေါက်ခွဲခြားနိုင်မယ့် နည်းလမ်းကောင်း

သာမန်လူတစ်ဦး မှန်ဘီလူးလည်းအဆင်သင့် မရှိတဲ့လူက ဘယ်လိုသိနိုင်မလဲဆိုရင် လက်ကိုင်ဖုန်းတိုင်းမှာ ကင်မရာ ပါတယ်၊လက်ကိုင်ဖုန်းကင်မရာနဲ့ အဲဒီစာလုံးလေး တွေ ရိုက်ထားတဲ့နေရာကိုချိန်ထောက်ပြီး Focus ပြတ်အောင်ချိန်ပြီး ရိုက်၊

 

ရိုက်ပြီး ဓါတ်ပုံကိုပြန်ဖြဲကြည့်ပါက စာလုံးလေးတွေဟာပြတ်ပြတ်သားသားမရှိဘူး ဝါးနေမယ် လုံးနေမယ်ဆိုရင် ကျိန်းသေတယ် အဲဒါ အတုပဲ၊ကွန်ပြူတာ ပရင်တာအကောင်းစားကြီးမပြောနဲ့ ပုဂ္ဂလိကလုပ်ငန်းသုံး ပုံနှိပ်စက်အကောင်းစားမှာတောင်

၁ သောင်းတန် ငွေစက္ကူ အတု၊ အစစ် သေချာပေါက်ခွဲခြားနိုင်မယ့် နည်းလမ်းကောင်း

၁ သောင်းတန် ငွေစက္ကူ အတု၊ အစစ် သေချာပေါက်ခွဲခြားနိုင်မယ့် နည်းလမ်းကောင်း

၁ သောင်းတန် ငွေစက္ကူ အတု၊ အစစ် သေချာပေါက်ခွဲခြားနိုင်မယ့် နည်းလမ်းကောင်း

အဲဒီမိုက်ခရိုပရင့် စာလုံးသေးလေးတွေ ပြတ်သားအောင်မရိုက်နိုင်ပါဘူး။နောက်တစ်ချက် အလွယ်တကူ အတုအစစ်ခွဲလို့ရတာက တစ်သောင်းတန်၊ ငါးတောင်တန်၊ တစ်ထောင်တန် အကုန်လုံးမှာပါတယ်၊ ငွေစက္ကူရဲ့မျက်နှာစာဘယ်ဘက်(ရေစာဘေး)အကွက်လေးထဲမှာ

၁ သောင်းတန် ငွေစက္ကူ အတု၊ အစစ် သေချာပေါက်ခွဲခြားနိုင်မယ့် နည်းလမ်းကောင်း

CBM ဆိုတဲ့ စာလုံးတွေကို ကနုတ်တွေနဲ့ရောမြုပ် ဖွက်ပြီးရိုက်နှိပ်ထားပါတယ်။အဲဒီ နည်းပညာကို Latent Image လို့ခေါ်ပါတယ်၊ အလင်းရောင်ရှိတဲ့နေရာမှာငွေစက္ကူကို(သီအိုရီအရတော့ ၄၅ ဒီဂရီစောင်းကြည့်လိုက်မှ) မြုပ်ရိုက်ထားတဲ့

စာလုံးလေးတွေ ပေါ်လာတာတွေ့ရပါမယ်။မြန်မာငွေစက္ကူမှာ ကျပ်ငွေတစ်ထောင်တန်အထိ အဲဒီ Latent Image ကွာလတီကောင်းသေးတယ်။ သီအိုရီနဲ့ ကိုက်တယ်၊ငါးထောင်တန်နဲ့တစ်သောင်းတန်မှာလုံးဝ ချာတူးလန်သွားပြီစောင်းကြည့်စရာမလိုပဲပေါ်နေတယ်

၁ သောင်းတန် ငွေစက္ကူ အတု၊ အစစ် သေချာပေါက်ခွဲခြားနိုင်မယ့် နည်းလမ်းကောင်း

၁ သောင်းတန် ငွေစက္ကူ အတု၊ အစစ် သေချာပေါက်ခွဲခြားနိုင်မယ့် နည်းလမ်းကောင်း

၁ သောင်းတန် ငွေစက္ကူ အတု၊ အစစ် သေချာပေါက်ခွဲခြားနိုင်မယ့် နည်းလမ်းကောင်း

 

၊စက်လည်းညံလာသလို ဒီဇိုင်းဆွဲတဲ့သူလည်း ညံ့တယ်၊ အမှန်ကအတည့်ကြည့်ရင် မပေါ်ရပါဘူး၊ နည်းနည်းစောင်းလိုက်မှပေါ်လာတာ၊အဲဒီ Latent Image ကို ဘယ်လိုမှအတုလုပ်လို့မရဘူး၊ ဂရပ်ဖစ် ဒီဇိုင်းအခေါ်အဝေါ်အရ Hairline လို့ခေါ်တဲ့

၁ သောင်းတန် ငွေစက္ကူ အတု၊ အစစ် သေချာပေါက်ခွဲခြားနိုင်မယ့် နည်းလမ်းကောင်း

ဆံချည်မျှင်လိုင်းထက်အများကြီး ပိုသေးတဲ့ လိုင်းသေးသေးလေးတွေနဲ့ ရောယှက် ဒီဇိုင်းဆွဲ မြုပ်ထားတဲ့ နည်းပညာ၊အဲဒီ နည်းပညာကိုတိတိကျကျပုံနှိပ်ဖို့ ပုံနှိပ်စက်ဆိုတာ ပုဂ္ဂလိကမှာလည်းမရှိဘူး၊ဘယ်နိုင်ငံက ငွေတုလုပ်တဲ့သူတွေမှလည်းမလုပ်နိုင်ဘူး ။

ဆိုတော့ကာ မြန်မာငွေ အတုအစစ်အလွယ်တကူခွဲခြားနိုင်ဖို့ နံပတ်တစ် က ပိုက်ဆံ မျက်နှာစာ ဘယ်ဘက်နားကရေစာ ဘေးမှာရှိတဲ့ CBM ဆိုတဲ့စာလုံးလေးတွေပေါ်မပေါ် အလင်းရောင်ထဲမှာ စောင်းကြည့် တည့်ကြည့်စစ်ပါ၊

၁ သောင်းတန် ငွေစက္ကူ အတု၊ အစစ် သေချာပေါက်ခွဲခြားနိုင်မယ့် နည်းလမ်းကောင်း

နောက်တစ်ချက်က မိုက်ခရိုပရင့် နည်းပညာနဲ့ရိုက်ထားတဲ့ စာလုံးသေးသေးလေးတွေကိုမှန်ဘီလူးနဲ့ ကြည့်နိုင်ရင်ကြည့် မှန်ဘီလူးမရှိရင်လည်း လက်ကိုင်ဖုန်းကင်မရာနဲ့အနီးကပ်ရိုက်ကြည့်ပြီးစစ်ပါ၊

ကျန်တာတွေကတော့သိပ်ကျယ်ပြန့်လွန်းတော့ လူတိုင်းစစ်ကြည့်နိုင်ဖို့မလွယ်လို့ရေးမပြတော့ဘူး။တချို့က ငွေစက္ကူ ထိပ်စည်းအပေါ်ပိုင်းနဲ့ အောက်ပိုင်း ကနုတ်ဒီဇိုင်းရှိ တဲ့နေရာကိုလက်မလေးနဲ့ အသာပွတ်ဆွဲကြည့်တယ်၊

၁ သောင်းတန် ငွေစက္ကူ အတု၊ အစစ် သေချာပေါက်ခွဲခြားနိုင်မယ့် နည်းလမ်းကောင်း

၁ သောင်းတန် ငွေစက္ကူ အတု၊ အစစ် သေချာပေါက်ခွဲခြားနိုင်မယ့် နည်းလမ်းကောင်း

၁ သောင်းတန် ငွေစက္ကူ အတု၊ အစစ် သေချာပေါက်ခွဲခြားနိုင်မယ့် နည်းလမ်းကောင်း

ထစ်ထစ် ထစ်ထစ်ဖြစ်နေမယ် ဖေါင်းကြွအရသာမျိုးလေးခံစားရမယ်ဆို အစစ်လို့ပဲသတ်မှတ်ကြတယ်၊ အဲဒီ နည်းသွားမစမ်းနဲ့ ပြီးခဲ့တဲ့ တစ်ပတ်က သထုံမှာမိတဲ့ကျပ်တစ်သောင်းတန် အတု သိန်းထောင့်နှစ်ရာဖိုးအတုလုပ်တဲ့အဖွဲ့ကအတော်ဆရာကျတဲ့ ငနဲတွေလို့ပြောရမယ်၊

၁ သောင်းတန် ငွေစက္ကူ အတု၊ အစစ် သေချာပေါက်ခွဲခြားနိုင်မယ့် နည်းလမ်းကောင်း

အောက်ခံဒီဇိုင်းလောက်ကိုသာကာလာပရင်တာအပေါစားနဲ့ရိုက်ထုတ် တာ၊ အပေါ် ထိပ်စည်းနဲ့ အောက် ကနုတ်သားကို သီးသန့် မိုလ်လုပ်ထားပြီး ဖေါင်းကြွဖြစ်အောင် ဆေးနဲ့ ဖိရိုက်သွင်းတာ၊ လက်မနဲ့ ပွတ်စမ်းကြည့် အင်မိသွားမယ်၊

၁ သောင်းတန် ငွေစက္ကူ အတု၊ အစစ် သေချာပေါက်ခွဲခြားနိုင်မယ့် နည်းလမ်းကောင်း

၁ သောင်းတန် ငွေစက္ကူ အတု၊ အစစ် သေချာပေါက်ခွဲခြားနိုင်မယ့် နည်းလမ်းကောင်း

၁ သောင်းတန် ငွေစက္ကူ အတု၊ အစစ် သေချာပေါက်ခွဲခြားနိုင်မယ့် နည်းလမ်းကောင်း

ဒီအုပ်စုရိုက်ထုတ်နေတဲ့ သိန်းထောင်ချီတဲ့ တစ်သောင်းတန်တွေကို ဘယ်နေရာ မှာ အထုပ်လိုက် အထည်လိုက် လက်စဖျောက်ဖြုန်းပစ်သလဲဆိုတာကတော့ စီအိုင်ဒီ အနေနဲ့ သေချာ ခြေရာကောက်ဖို့ လိုပြီနော် ကျပ်တစ်သောင်းတန်ကလည်း

၁ သောင်းတန် ငွေစက္ကူ အတု၊ အစစ် သေချာပေါက်ခွဲခြားနိုင်မယ့် နည်းလမ်းကောင်း

အိုးမော်ဒယ်နဲ့ မော်ဒယ်အသစ် ၂ မျိုးရှိတာ သတိထားကြဦး၊ရေစာကွာတယ် ဒီဇိုင်းလိုင်း လေးတွေ နည်းနည်း ကွာတယ်၊ တစ်သောင်းလို့ ရိုက်ထားတဲ့နေရာမှာ Invisible ink များများထည့်ရိုက်ပြီး စာလုံးကြီးထားတယ်၊ဘာမှတော့လုံခြုံရေးပိုင်းကထူးသွားတာမဟုတ်ပါဘူး .. မြန်မာပြည်သူအပေါင်း ငွေတု လက်ဝယ်မိခြင်းဘေးကကင်းဝေးကြပါစေ။