စန်းပွင့်အောင် ဘယ်လိုလုပ်ရမလဲ

စန်းပွင့်အောင် ဘယ်လိုလုပ်ရမလဲ

စန်းပွင့်အောင် ဘယ်လိုလုပ်ရမလဲ

လူတိုင်းမှာ ကိုယ်ပိုင်စန်းတွေ ရှိကြပါတယ်။ အလုပ်မှာနေရာရတာ၊ လူချစ်လူခင်များတာ ၊ အချစ်ရေး ကံကောင်းတာ စသည်ဖြင့် အမျိုးမျိုးရှိကြပါတယ်။ ဒီလိုမျိုး စန်းကို ကိုယ်တိုင်ဖန်တီးလို့ရတယ် ဆိုတဲ့အကြောင်းကို Monica က ဝေမျှပေးချင်ပါတယ်။ ဒါက အချစ်ရေး တစ်ခုမှာဘဲ မဟုတ်ဘဲ အဘက်ဘက်မှာ အသုံးဝင်တဲ့ နည်းလမ်းတွေဖြစ်ပါတယ်။

စန်းပွင့်အောင် ဘယ်လိုလုပ်ရမလဲ

စန်းပွင့်အောင် ဘယ်လိုလုပ်ရမလဲ

စန်းပွင့်အောင် ဘယ်လိုလုပ်ရမလဲ

1. ပြုံးပါ။

ရုပ်ကိုတည်တည်ကြီး မနေဘဲ လူရှေ့သူရှေ့ရောက်ရင် ပြုံးဖို့ မမေ့ပါနဲ့နော်။ ရုပ်တည်နဲ့ လှတဲ့ သူဆိုတာ ရှားလို့ ကိုယ့်ရဲ့ အပြုံးတွေကို သူများကို ပေးဖို့ မနှမြောပါနဲ့နော်။ ဒီလိုလေး ပြုံးနေရင် လူကြီးတွေက အစ သဘောကျကြပါတယ်။

2. ချိုသာပါ။

လူအများကြားထဲမှာ ယဉ်ကျေးမှုရှိအောင် နေပါ။ ရှိသင့်တဲ့ ကျင့်ဝတ်တွေကို စောင့်ထိန်းပါ။ သူငယ်ချင်းတွေနဲ့ဆို ပြောချင်တာ ပြောလို့ရပင်မဲ့ လူအများရှေ့မှာ စကားပြောတာရော ၊ အမူအရာရော သတိထားပြီး ပြောဆိုပါ။

စန်းပွင့်အောင် ဘယ်လိုလုပ်ရမလဲ

စန်းပွင့်အောင် ဘယ်လိုလုပ်ရမလဲ

စန်းပွင့်အောင် ဘယ်လိုလုပ်ရမလဲ

3. ကူညီပါ။

အကူအညီလိုတဲ့သူကို ကူပေးလိုက်တာဟာ မင်္ဂလာတစ်ပါးဖြစ်သလို ကိုယ့်ရဲ့ စန်းကိုလည်း ပွင့်စေပါတယ်။ လူတိုင်းကို ဦးစားပေးပြီးကူစရာမလိုပါဖူး။ Crush တွေရှိရင် ဒီနည်းလမ်းကို သင့်ကို Smart ဖြစ်စေတာမို့ ဟန်ဆောင်ပြီးတော့ မကူညီဘဲ စိတ်ရင်းအမှန်နဲ့ ကူပေးကြည့်ပါ။

စန်းပွင့်အောင် ဘယ်လိုလုပ်ရမလဲ

4. စာဖတ်ပါ။

စာဖတ်တဲ့သူကို သာမန်လူတစ်ယောက်က မယှဉ်နိူင်ပါဖူးနော်။ စကားဝိုင်းထဲမှာ ဝင်ပြောနိူင်ဖို့၊ အမှန်တရားကို ပြောနိူင်ဖို့ ၊ ဝေမျှပေးနိူင်ဖို့က စာဖတ်ထားမှရမှာပါ။ အခုဆို ဖုန်းကနေဘဲ အလွယ်တစ်ကူ ဖတ်လို့ရနေတာမို့ စာအရှည်ကြီးတွေ တွေ့တိုင်း မကျော်သွားနဲ့နော်။ စီးပွါးရေး၊ လူမှုရေးတွေဘက်မှာအောင်မြင်နေသူတွေကိုလည်း Followe လုပ်ထားပါ။

စန်းပွင့်အောင် ဘယ်လိုလုပ်ရမလဲ

စန်းပွင့်အောင် ဘယ်လိုလုပ်ရမလဲ

စန်းပွင့်အောင် ဘယ်လိုလုပ်ရမလဲ

5. သပ်သပ်ရပ်ရပ်ဝတ်ပါ။

လူအများစုက ကိုယ့်ကို ပထမဆုံးမြင်တဲ့ အမြင်နဲ့ ဆုံးဖြတ်တတ်ကြပါတယ်။ အဲ့ဒီအတွက် ကိုယ်ရဲ့ ဝတ်စားဆင်ယင်မှုက အရေးပါပါတယ်။ Brand တွေဝတ်မှ မဟုတ်ပါဖူးနော်။ နေရာဒေသ အသက်အရွယ်နဲ့ လိုက်ပြီး ဝတ်ရင် ရပါပြီနော်။

6. အလုပ်လုပ်ပါ။

ပျင်းနေတဲ့သူတစ်ယောက်က ဘယ်နေရာရောက်ရောက် စန်းမရှိပါဖူး။ ကိုယ့်ရဲ့ အလုပ်ကို ပြီးဆုံးအောင် လုပ်ခြင်းက ကိုယ့်ရဲ့ တစ်ခြားသော စိတ်နေစိတ်ထားတွေကိုပါ သိသာစေပါတယ်။ ဒါကြောင့် မပျင်းနဲ့နော်။

စန်းပွင့်အောင် ဘယ်လိုလုပ်ရမလဲ

စန်းပွင့်အောင် ဘယ်လိုလုပ်ရမလဲ

စန်းပွင့်အောင် ဘယ်လိုလုပ်ရမလဲ

7. ရိုးရိုးလေးနေပါ။

Trend တွေနောက်အရမ်းလိုက်ရင် ကိုယ့်အတွက်လည်း ပင်ပန်းသလို တစ်ဖက်လူအမြင်မှာ ဖြုန်းတီးတယ်လို့ထင်တတ်ပါတယ်။ ဒါ့အပြင် အသစ်ထွက်သမျှက ကိုယ်နဲ့ မလိုက်တာမို့လို့ ပိုက်ဆံလည်းကုန် လူလဲ မလှ ဖြစ်တတ်ပါတယ်။ ဒါကြောင့် ရိုးရိုးလေးကသာ အဆန်းဆုံးပါ။

စန်းပွင့်အောင် ဘယ်လိုလုပ်ရမလဲ

8. ကိုယ့်ပုံစံနဲ့နေပါ။

ကိုယ့်ရဲ့ အရှိကိုအရှိအတိုင်း ပြောဆိုပါ။ နေထိုင်ပါ။ တစ်စုံတစ်ယောက်ရဲ့ အချစ်တွေရဖို့ လိမ်ညာစရာမလိုပါဖူး။ ကိုယ့်ကို လက်ခံပြီး အချစ်တွေ ပေးမဲ့ သူရှိနေတာကြောင့် ကိုယ့်ရဲ့ လက်ရှိ အခြေအနေ နဲ့ဘဲ နေပါ။ မရှိတာတွေကိုလည်း ြကြွားမပြောမိစေနဲ့နော်

စန်းပွင့်အောင် ဘယ်လိုလုပ်ရမလဲ

စန်းပွင့်အောင် ဘယ်လိုလုပ်ရမလဲ

စန်းပွင့်အောင် ဘယ်လိုလုပ်ရမလဲ

9. ဘုရားတရားလုပ္ပါ။

လူတစ်ယောက်ရဲ့ အကြည်ဓာတ်ဆိုတာ သူရဲ့ အေးချမ်းမှုနဲ့ ဆိုင်ပါတယ်။ အပေါ်ယံမဟုတ်ဘဲ ရေတော်လဲတာကအစ၊ ဘုရားပန်းကပ်တာအထိ စိတ်နှစ်ပြီး ပူဇော်ပါ။ တရားထိုင်ပါ။ မျက်နှာလေးက အလိုလို ကြည်လာပါလိမ့်မယ်။

10. ကျန်းမာရေးဂရုစိုက်ပါ။

မကျန်းမာတဲ့သူက ဘယ်လောက်တော်တော် ရသင့်တဲ့ စန်းမရပါဖူးနော်။ ကိုယ်က သန်သန်မာမာ သွက်သွက်လက်လက်လေးဖြစ်နေမှ ကိုယ့်ကို ယုံကြည်ချင်သူ၊ အားကိုးချင်သူများမှာပါ။ အိပ်ရေးဝဝအိပ်၊ အစားပုံမှန်စား၊ workout လုပ်ပါ။

စန်းပွင့်အောင် ဘယ်လိုလုပ်ရမလဲ

စန်းပွင့်အောင် ဘယ်လိုလုပ်ရမလဲ

စန်းပွင့်အောင် ဘယ်လိုလုပ်ရမလဲ

ဒီအချက်လေးတွေကို လိုက်လုပ်ကြည့်ပါ။ ကိုယ့်မှာ ဘာတွေ လိုနေသလဲ တွေးပါ။ ဒီလောက်ဆိုရင် အဆောင်တွေ ဆောင်စရာမလိုဘဲ ကိုယ်ပိုင် စန်းကို ဖန်တီးလို့ ရတာမို့ ကြိုးစားပြီး ပြောင်းလဲကြည့်နော်။ #အဆင်ပြေရင် ြပြန်လာပြောပြနော်

Credit