မျက်ကွင်းညိုတဲ့ ပြဿနာကို ဖြေရှင်းဖို့ နည်းလမ်း (၇) ခု

မျက်ကွင်းညိုတဲ့ ပြဿနာကို ဖြေရှင်းဖို့ နည်းလမ်း (၇) ခု

မျက်ကွင်းညိုတဲ့ ပြဿနာကို ဖြေရှင်းဖို့ နည်းလမ်း (၇) ခု

အိပ်ရေးပျက်တာ၊ ကျန်းမာရေးမကောင်းဖြစ်တာ၊ ပင်ပန်းတာတွေကြောင့် ကျွန်မတို့အမျိုးသမီး အများစုမှာ မျက်ကွင်းညိုတာ အဖြစ်များပါတယ်။ ဒီပြဿနာကို မိတ်ကပ်နှင့် ယာယီဖုံးကွယ်နိုင်ပေမယ့် ရေရှည်မှာ ဒီပြဿနာကို ဖယ်ရှားပစ်နိုင်မှာ မဟုတ်ပါဘူး။

ဒါ့ကြောင့် သဘာဝပစ္စည်းတွေနဲ့ မျက်ကွင်းညိုတာကို အိမ်မှာ ကိုယ့်ဘာသာကုစားနိုင်မယ့် နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

၁။ သခွားသီး+ဆန်မှုန့်+ဗီတာမင်အီး+ဂျုံမှုန့်

သခွားသီးတွေမှာ သွေးလည်ပတ်မှုကို လှုံ့ဆော်ပေးသော ဗီတာမင် Kနှင့် သွေးကြောလည်ပတ်မှုကိုကူညီပေးတဲ့ အင်တီအောက်ဆီဒင့်တို့ ပါဝင်ပါတယ်။ ဆန်မှုန့်မှာ ဖြူဖွေးစေတဲ့ ထိရောက်မှုရှိပါတယ်။

မျက်ကွင်းညိုတဲ့ ပြဿနာကို ဖြေရှင်းဖို့ နည်းလမ်း (၇) ခု

မျက်ကွင်းညိုတဲ့ ပြဿနာကို ဖြေရှင်းဖို့ နည်းလမ်း (၇) ခု

မျက်ကွင်းညိုတဲ့ ပြဿနာကို ဖြေရှင်းဖို့ နည်းလမ်း (၇) ခု

ဗီတာမင်အီးက အသားအရေကို လတ်ဆတ်နုပျိုစေတဲ့ အင်တီအောက်ဆှဒင့် ကြွယ်ဝပါတယ်။ ဂျုံမှုန့်က မျက်ကွင်းညိုတာကို လျော့ချပေးပါတယ်။

ပြုလုပ်နည်း

သခွားသီး တစ်လုံးကိုယူပြီး ပါးပါးလေးတွေလှီးပါ။ Blender ထဲမှာ ထည့်မွှေပြီး အရည်ကိုစစ်ပါ။သခွားဖျော်ရည်ကို ဆန်မှုန့် စားပွဲတင်ဇွန်း ၃ဇွန်းထည့်ပါ။ ဗီတာမင် အီးတစ်တောင့်ထည့်ပြီး ရောမွှေပါ။

ဂျုံမှုန့် စားပွဲတင်ဇွန်း ၃ဇွန်းထည့်ပါ။ ဒီMaskကို သင့်ရဲ့မျက်လုံးအောက်နေရာမှာလိမ်းပြီး ၁၅မိနစ်လောက် ထားပေးပါ။ ဒါကို မျက်ကွင်းညိုတာ လျော့တဲ့အထိ နေ့တိုင်းအသုံးပြုနိုင်ပါတယ်။ ဒီ Mask ကို ရေခဲသေတ္တာထဲမှာ ၉ရက်လောက် သိမ်းထားလို့ရပါတယ်။

မျက်ကွင်းညိုတဲ့ ပြဿနာကို ဖြေရှင်းဖို့ နည်းလမ်း (၇) ခု

၂။ သခွားသီး+ အာလူး+ပျားရည်+ရှားစောင်းလက်ပတ်ဂျယ်လ်

အာလူးက အသားအရေကို ဗီတာမင်စီကဲ့သို့ အင်တီအောက်ဆီဒင့်လွှဲပြောင်းဖို့ ကူညီပေးပါတယ်။ သူတို့မှာ အသားအရေကို ဝင်းပစေတဲ့ အင်ဇိုင်းတွေ ပါဝင်ပါတယ်။ ပျားရည်က မျက်ကွင်းညိုတာကို လျော့ချပေးတဲ့

anti-inflammatory ဂုဏ်သတ္တိပါဝင်ပါတယ်။ အသားအရေကို ချောမွေ့စေပြီး အစိုဓါတ်ရရှိစေပါတယ်။ ရှားစောင်းလက်ပတ်က anti-inflammatoryနှင့် anti-bacterial တို့ရှိပြီး မျက်ကွင်းညိုတာကို ပျောက်ကင်းစေတဲ့ ဂုဏ်သတ္တိတွေ ရှိပါတယ်။

မျက်ကွင်းညိုတဲ့ ပြဿနာကို ဖြေရှင်းဖို့ နည်းလမ်း (၇) ခု

မျက်ကွင်းညိုတဲ့ ပြဿနာကို ဖြေရှင်းဖို့ နည်းလမ်း (၇) ခု

မျက်ကွင်းညိုတဲ့ ပြဿနာကို ဖြေရှင်းဖို့ နည်းလမ်း (၇) ခု

ပြုလုပ်နည်း

သခွားသီး ၁လုံးနှင့် အာလူးတစ်လုံးကို ခြစ်ပါ။ ထိုအာလူးနှင့် သခွားသီးကို ဖျော်ရည်ဖျော်ပြီး အရည်စစ်ထားပါ။ ပျားရည် စားပွဲတင်ဇွန်း ၁ဇွန်း ထည့်ပါ။ ရှားစောင်းဂျယ်လ် စားပွဲတင်ဇွန်း ၁ဇွန်းထည့်ပြီး အားလုံးကိုရောမွှေပါ။

ဒီ Mask ကို မလိမ်းခင် ၁ဝမိနစ် ၁၅မိနစ်လောက် ရေခဲသေတ္တာထဲထည့်ထားပြီး သင့်မျက်လုံးပေါ်မှာ ၁၅မိနစ်လောက် လိမ်းပေးထားပါ။ ဒီ Mask ကို ရေခဲသေတ္တာထဲမှာ 5ရက်လောက် သိမ်းထားလို့ ရပါတယ်။

၃။ နနွင်းမှုန့်+ ခရမ်းချဉ်သီး+ ဒိန်ချဉ်+ဆန်မှုန့်

နနွင်းမှုန့်က သဘာဝ အင်တီအောက်ဆီဒင့်ဖြစ်ပြီး anti-inflammatory ဂုဏ်သတ္တိရှိပါတယ်။ ခရမ်းချဉ်သီးက သဘာဝအရောင်ချွတ်ပစ္စည်းအဖြစ်ဆောင်ရွက်ပေးတာကြောင့် မျက်လုံးအောက်ဧရိယာကို ဝင်းပစေပါတယ်။

ဒိန်ချဉ်ထဲမှာ Probiotics နှင့် လက်တစ် အက်ဆစ်တို့ပါဝင်တာကြောင့် ဆဲလ်သေတွေကို ဖယ်ရှားပေးပြီး မျက်ကွင်းညိုတာကို လျော့ပါးစေပါတယ်။

မျက်ကွင်းညိုတဲ့ ပြဿနာကို ဖြေရှင်းဖို့ နည်းလမ်း (၇) ခု

မျက်ကွင်းညိုတဲ့ ပြဿနာကို ဖြေရှင်းဖို့ နည်းလမ်း (၇) ခု

မျက်ကွင်းညိုတဲ့ ပြဿနာကို ဖြေရှင်းဖို့ နည်းလမ်း (၇) ခု

ပြုလုပ်နည်း

ခရမ်းချဉ်သီး ၁လုံးကိုယူပြီး blender ထဲမှာ ခပ်ပျစ်ပျစ်ဖြစ်အောင် မွှေပါ။ နနွင်းမှုန့် စားပွဲတင်ဇွန်း ၁ဇွန်းနှင့် ခရမ်းချဉ်သီး စားပွဲတင်ဇွန်း၁ဇွန်းကို ရောမွှေပါ။ ဒိန်ချဉ် စားပွဲတင်ဇွန်း ၂ဇွန်းထည့်ပါ။

ဆန်မှုန့် စားပွဲတင်ဇွန်း ၁ဇွန်းထည့်ပြီး အားလုံးကိုရောမွှေပါ။ ဒီ Mask ကို မျက်လုံးအောက်မှာ လိမ်းပြီး ၁၅မိနစ်- မိနစ် ၂ဝလောက် ထားပေးပါ။

၄။ နံနံပင်+ခရမ်းချဉ်သီး

နံနံပင်က မျက်ကွင်းညိုတာကို ဖယ်ထုတ်ပေးပြီး အံ့သြဖွယ်အရောင်ဖျော့စေတဲ့ ဂုဏ်သတ္တိတွေ ရှိပါတယ်။

မျက်ကွင်းညိုတဲ့ ပြဿနာကို ဖြေရှင်းဖို့ နည်းလမ်း (၇) ခု

မျက်ကွင်းညိုတဲ့ ပြဿနာကို ဖြေရှင်းဖို့ နည်းလမ်း (၇) ခု

မျက်ကွင်းညိုတဲ့ ပြဿနာကို ဖြေရှင်းဖို့ နည်းလမ်း (၇) ခု

ပြုလုပ်နည်း

နံနံပင်ကို ပင်စည်မှ အရွက်တွေကို ဖယ်ရှားပါ။ ခရမ်းချဉ်သီးတစ်လုံးကိုယူပြီး ခပ်ပျစ်ပျစ်ရအောင် ခြေပါ။ Blender ထဲမှာ နံနံပင်ရွက်နှင့် ခရမ်းချဉ်သီးကိုထည့်မွှေပါ။ ဝါဂွမ်းPads နှစ်ခုကို

ခရမ်းချဉ်သီးရည်ထဲမှာ နှစ်ပြီး ဝါဂွမ်းကို ညင်သာစွာ ညှစ်ပါ။ သင့်မျက်လုံးအောက်မှာ ထားပေးပါ။ ခန့်မှန်းခြေအားဖြင့် မိနစ် ၃ဝလောက် ထားပေးပါ။

မျက်ကွင်းညိုတဲ့ ပြဿနာကို ဖြေရှင်းဖို့ နည်းလမ်း (၇) ခု

၅။ လိမ္မော်ရည်+glycerin

glycerin နှင့် လိမ္မော်ရည်ကို ရောပြီး မျက်ကွင်းညိုတာတွေကို လျော့ချပေးလို့ ရပါတယ်။ သင့်အသားအရေကို ပိုပြီး ချောမွေ့၊ ပျော့ပျောင်းစေပါတယ်။

မျက်ကွင်းညိုတဲ့ ပြဿနာကို ဖြေရှင်းဖို့ နည်းလမ်း (၇) ခု

မျက်ကွင်းညိုတဲ့ ပြဿနာကို ဖြေရှင်းဖို့ နည်းလမ်း (၇) ခု

မျက်ကွင်းညိုတဲ့ ပြဿနာကို ဖြေရှင်းဖို့ နည်းလမ်း (၇) ခု

ပြုလုပ်နည်း

glycerin အစက်အနည်းငယ်ကို လိမ္မော်ရည်လတ်လတ်ဆတ်ဆတ်ပမာဏ အနည်းငယ်နှင့်ရောပါ။ ဝါဂွမ်းစနှင့် သင့်မျက်လုံးအောက်မှာ လိမ်းပေးပါ။ ၂မိနစ် ၃မိနစ်လောက်ထားပေးပါ။ မည်းနေတာတွေ ပျောက်သွားတဲ့အထိ ပုံမှန်လုပ်ပေးနိုင်ပါတယ်။

၆။ ပူစီနံရွက်နှင့် သံပုရာရည်

ပူစီနံရွက်မှာ ဘက်တီးရီးယားဆန့်ကျင် ဂုဏ်သတ္တိများပါဝင်ပါတယ်။ ၎င်းက အေးတဲ့ အကျိုးသက်ရောက်မှုရှိပါတယ်။ သံပုရာရည်က အရောင်ချွတ်ဂုဏ်သတ္တိတွေ ရှိပါတယ်။

မျက်ကွင်းညိုတဲ့ ပြဿနာကို ဖြေရှင်းဖို့ နည်းလမ်း (၇) ခု

မျက်ကွင်းညိုတဲ့ ပြဿနာကို ဖြေရှင်းဖို့ နည်းလမ်း (၇) ခု

မျက်ကွင်းညိုတဲ့ ပြဿနာကို ဖြေရှင်းဖို့ နည်းလမ်း (၇) ခု

ပြုလုပ်နည်း

လတ်ဆတ်တဲ့ ပူစီနံရွက်ကို ခပ်ပျစ်ပျစ်ရအောင် ကြိတ်ပါ။ သံပုရာရည်ကိုညစ်ပြီး ပူစီနံနှင့် ရောမွှေပေးပါ။ မည်းနေတဲ့ မျက်လုံးအောက်မှာ လိမ်းပေးပြီး ၁၀-၁၅မိနစ်လောက်ထားပါ။ ဒီကုသမှုကို နေ့စဉ်ပြုလုပ်နိုင်ပါတယ်။

၇။ အအေးဖြင့် ကပ်ခြင်း

အအေးဖြင့် ကပ်တာက မည်းနေတဲ့ အသွင်အပြင်ကို ဖယ်ရှားပေးပါတယ်။

သန့်စင်တဲ့အဝတ်စတစ်ခုကိုယူပြီး နို့ထဲမှာ သို့မဟုတ် ရေအေးထဲမှာ သုံးမိနစ်လောက် စိမ်ပါ။ အဝတ်ကို မျက်လုံးပေါ်မှာ ၅မိနစ်လောက် အုပ်ပေးပါ။

Creddit

Unicode