ဘဝ အတွက်လုပ်သင့်သော (၂၆)ချက်…

ဘဝ အတွက်လုပ်သင့်သော (၂၆)ချက်…

ဘဝ အတွက်လုပ်သင့်သော (၂၆)ချက်…

၁။ထမင်းစားနေချိန်မှာ ဖုန်းကိုခဏမေ့ထားပါ။

သူငယ်ချင်းတွေနဲ့ပဲဖြစ်ဖြစ် အိမ်မှာပဲဖြစ်ဖြစ် အမြဲတမ်း ဖုန်းတစ်လုံးနဲ့ အချိန်ကုန်မနေဘူးလား။မိသားစုအတွက် တန်ဖိုးရှိတဲ့အချိန်တွေအတွက် ဖုန်း ကို ဘေးချထားလိုက်ပါ။

၂။ ကီးမကိုက်တဲ့ သူငယ်ချင်းတွေနဲ့ အဆက်အသွယ် ဖြတ်ပါ။

သူတို့နဲ့ အတူတူသွားလာချိန်မှာ မပျော်ရင်တော့ သူတို့ကို အဆက်ဖြတ်ပါ။သင့်မှာ အချိန် ဆိုတာ က အကန့်အသတ်မရှိသလို အားနာနေဖို့လည်း မလို ပါဘူး။ ကိုယ့်အတွက် အရေးကြီးတဲ့သူတွေအတွက် အချိန် ကို အလေးပေးပါ။

၃။ မနက်စောစောထ ပြီး တခုခုလုပ်ပါ။

နေ့တိုင်း အလုပ်တွေများပြီး ကိုယ့်ရဲ့အချိန်ကော ရှိရဲ့လား။ မနက်စောစောထ ပြီး တိတ်ဆိတ်နေတဲ့ ပတ်ဝန်းကျင်ကို အသုံးချပြီး ကိုယ်လုပ်ချင်တာကို လုပ်ပါ။

ဘဝ အတွက်လုပ်သင့်သော (၂၆)ချက်…

ဘဝ အတွက်လုပ်သင့်သော (၂၆)ချက်…

ဘဝ အတွက်လုပ်သင့်သော (၂၆)ချက်…

၄။ငြင်းသင့်ရင် ငြင်းပါ။

မလုပ်ချင်တဲ့ အလုပ်(သို့) ကိစ္စကို မလုပ်ချင်တဲ့အခါ သတ္တိရှိရှိ ငြင်းလိုက်ပါ။ မလုပ်ချင်တဲ့ အလုပ် ကို လုပ် ရင် အဖြေကတော့ ပြောစရာမလိုပါ။

၅။နေ့တိုင်း စိတ်သစ်ကိုယ်သစ်နဲ့နေပါ။

အတိတ် မှာ ဖြစ်ခဲ့တဲ့ကိစ္စကို အတိတ်မှာသာ ထားခဲ့ပါ။ အတိတ် ကအကြောင်းတွေ ကို အတွေး လွန်ရင် မျက်စိရှေ့မှာရှိတဲ့ အခွင့်အရေးကို လက် လွတ် သွားနိုင်ပါတယ်။

၆။ မိသားစု ကို ကျေးဇူးတင်ကြောင်း ပြောပါ။

မိသားစု ကို ကျေးဇူးတင်စကား ပြောခဲ့တာ ဘယ်တုန်းကလဲ။ ပြောရမှာ ရှက်ပင်မဲ့ တတ်နိုင် သလောက် ပြောနိုင်အောင် ကြိုးစားပါ။

ဘဝ အတွက်လုပ်သင့်သော (၂၆)ချက်…

ဘဝ အတွက်လုပ်သင့်သော (၂၆)ချက်…

ဘဝ အတွက်လုပ်သင့်သော (၂၆)ချက်…

၇။ဓါတ်ပုံကို ကူးပါ။

ဖုန်းထဲမှာ ရှိတဲ့ဓါတ်ပုံတွေကို ဖုန်းထဲမှာပဲ မသိမ်းထားပဲနဲ့ ဓါတ်ပုံ ကူးပြီး ဓါတ်ပုံ စာအုပ်ထဲမှာ ထည့်ပြီးသိမ်းထားပါ။အသက်ကြီးလာတဲ့အခါမှာ သင့်အတွက် အရေးကြီးတဲ့ အရာတခုဖြစ်လာပါ လိမ့်မယ်။

၈။ဆုံးဖြတ်တဲ့အခါ စိတ်ရှင်းရှင်းနဲ့ လိုချင်တာကို ရွေးပါ။

ဘဝ မှာ ဆုံးဖြတ်ရခက်မဲ့ ကိစ္စတွေကို အများကြီး ကြုံရမှာပါ။ အဲဒီအခါမှာ ကိုယ်ကလုပ်ချင်တဲ့အရာ ကို စိတ်ရှင်းရှင်းနဲ့ ရွေးချယ်ပါ။စဉ်းစားသင့်တာ ထက် ပိုပြီး စဉ်းစားဆုံးဖြတ်ရင်နောင်တ ရတတ် ပါတယ်။

ဘဝ အတွက်လုပ်သင့်သော (၂၆)ချက်…

၉။ လက်ဖက်ရည် ဆိုင်ထိုင်အချိန်ဖြုန်းခြင်းကိုရှောင်ပါ။

လက်ဖက်ရည် ဆိုင်မှာ အလုပ်ကိစ္စအတွက် မဟုတ်ပဲ သူငယ်ချင်းအပေါင်းအသင်းတွေနဲ့ ရောက်တက်ရာရာစကားတွေပြောပြီး အချိန်ဖြုန်းတာကိုတတ်နျုင်သလောက်ရှောင်ပါ။

၁၀။မိသားစု ဓါတ်ပုံရိုက်ပါ။

မိသားစုဝင်တွေ ဆုံဖြစ်ရင် ဓါတ်ပုံရိုက်ဖို့မမေ့ပါနဲ့။ သင့်အတွက် အဖိုးမဖြတ်နိုင်တဲ့အရာ တခုအနေဖြင့် ကျန်ခဲ့မှာပါ။

ဘဝ အတွက်လုပ်သင့်သော (၂၆)ချက်…

ဘဝ အတွက်လုပ်သင့်သော (၂၆)ချက်…

ဘဝ အတွက်လုပ်သင့်သော (၂၆)ချက်…

၁၁။ လုပ်မယ်ဆိုရင် ဆုံးသည့်တိုင်အောင်လုပ်ပါ။

ဒီအလုပ်ကို လုပ်မယ်လို့ ဆုံးဖြတ်လိုက်ရင် လက်တွေ့ လုပ်မယ်ဆိုတဲ့စိတ်နဲ့လုပ်ပါ။
ဘယ်လောက်ပဲ အခက်အခဲတွေတွေ့တွေ့ အောင်မြင် ပါလိမ့်မယ်။

၁၂။ ပိတ်ရက်မှာ ကောင်းကောင်းနားပါ။

ပိတ်ရက်မှာ အချိန်က ဘယ်လိုကုန်သွားမှန်းကို သိမှာ မဟုတ်ပါ။ မလိုအပ်တဲ့ သတင်းတွေ၊ ဖုန်းတွေ ကို ပိတ်ပြီး နားအေး ပါးအေး နားလိုက်ပါ။

၁၃။အသုံးအဆောင်ပစ္စည်းတွေကို တန်ဖိုးထားပါ။

ကိုယ်ကြိုက်လို့ဝယ်ထားပြီး သုံးနေတဲ့ ပစ္စည်းလေး တွေ ကို သပ်သပ်ရပ်ရပ်သုံးပါ။ မလိုအပ်တဲ့ ပစ္စည်းတွေ ကိုတော့ ဘာမှမထားပါနဲ့။

၁၄။ ကျန်းမာရေးကို ဂရုစိုက်ပါ။

ကျန်းမာ မှ သာလျှင် လုပ်ချင်တာကို လုပ်လို့ ရပါလိမ့်မယ်။

ဘဝ အတွက်လုပ်သင့်သော (၂၆)ချက်…

ဘဝ အတွက်လုပ်သင့်သော (၂၆)ချက်…

ဘဝ အတွက်လုပ်သင့်သော (၂၆)ချက်…

၁၅။ ရာထူး တိုးအောင်လည်း ပြောပါ။

ကြိုးစားထားတဲ့ အလုပ်တခုအတွက် ကိုယ့်မှာ ခံစားခွင့်ရှိတယ်လို့ ထင်တယ်ဆိုရင် သတ္တိရှိရှိ အထက်ကို တောင်းဆိုသင့်ပါတယ်။

၁၆။ ပတ်ဝန်းကျင်နဲ့ ထိတွေ့နိုင်မဲ့နေရာကို ထားပါ။

အိမ်မှာပဲဖြစ်ဖြစ် ရပ်ကွက်ထဲမှာပဲဖြစ်ဖြစ် ပတ်ဝန်းကျင် နဲ့ အမြဲ ထိတွေ့နေနိုင်မဲ့နေရာကို ရှိအောင်လုပ်ပါ။

၁၇။ခရီးသွားရင် ကပ်စီးမနဲပါနဲ့။

ကိုယ်ကအရမ်းသွားချင်တဲ့ခရီးမှာ ပိုက်ဆံကို ချွေတာနေတဲ့အလုပ်ကို မလုပ်ပါနဲ့။ပိုက်ဆံထက် တန်ဖိုးရှိမဲ့အရာကို သင် ပိုင်ဆိုင်နိုင်ပါလိမ့်မယ်။

၁၈။ကိုယ့်ရဲ့ ထင်မြင်ချက်ကို ရဲရဲတင်းတင်းပြောပါ။

အားနာလို့ မပြောခဲ့တဲ့စကားတွေကြောင့် ခံခဲ့ရ ပေါင်း လည်း မနည်းတော့ပါ။ တခါတလေတော့ စိတ်ထဲမှာ ရှိတဲ့အတိုင်း ရဲရဲတင်းတင်းသာ ပြောလိုက်ပါ။

ဘဝ အတွက်လုပ်သင့်သော (၂၆)ချက်…

၁၉။ ပုံလည်းဆွဲကြည့်ပါ။

ကိုယ်နဲ့ ဆန္ဒတွေ၊ ရင်ထဲမှာ ခံစားနေရတာတွေကို စာ မဟုတ်ပဲ ပုံဆွဲပြီး သရုပ်ဖော်ကြည့်ပါ။ အတွေးအခေါ်အသစ်တွေလည်း ရလာနိုင်ပါတယ်။

၂၀။ ယုံကြည်ချက်တွေ ဆုံးရှုံးသွားမဲ့နေရာကို ပစ်ထားလိုက်ပါ။

ကိုယ့်ရဲ့ ယုံကြည်ချက်တွေ ဆုံးရှုံးသွားစေမယ့် နေရာ ကနေ မြန်မြန်ထွက်ခွာသွားနိုင်အောင် ကြိုးစားပါ။ မကောင်းတဲ့နေရာမှာရှိနေလို့လဲ ဘာမှ ထူးလာမှာ မဟုတ်ပါ။

၂၁။စွန့်စားကြည့်ပါ။

များတယ်။နည်းတယ်။ကြီးတယ်။သေးတယ် မဆိုင်ပါ။ကိုယ်ကလုပ်ချင်တယ်လို့တွေးထားတဲ့ အရာကို စွန့်စားပြီးလုပ်ကြည့်ပါ။အောင်မြင်တာ မအောင်မြင် တာထက် အတွေ့အကြုံကောင်းတွေ အများကြီးရပါလိမ့်မယ်။

ဘဝ အတွက်လုပ်သင့်သော (၂၆)ချက်…

ဘဝ အတွက်လုပ်သင့်သော (၂၆)ချက်…

ဘဝ အတွက်လုပ်သင့်သော (၂၆)ချက်…

၂၂။ ပိုက်ဆံ နည်းနည်းစုပါ။

ဘဝမှာ ဘာဖြစ်လာမလဲဆိုတာကို ဘုရားမှလွဲ၍ ဘယ်သူမှမသိနိုင်ပါ။ တခုခုဖြစ်ရင်သုံးဖို့အတွက် ပိုက်ဆံကို ဆောင်ထားပါ။

၂၃။ သူငယ်ချင်းကို တန်ဖိုးထားပါ။

အသက်တွေရလာရင် သူငယ်ချင်းရဲ့တန်ဖိုးကို သိလာပါလိမ့်မယ်။ သူငယ်ချင်းတွေကလည်း ကူညီပေးပါလိမ့်မယ်။

၂၄။သူတပါးရဲ့ အောင်မြင်မူကို အားပေးပါ။

သူငယ်ချင်းပဲဖြစ်ဖြစ် လုပ်ဖော်ကိုင်ဖက်ပဲဖြစ်ဖြစ် သူ့ရဲ့အောင်မြင်မူအတွက် ဂုဏ်ယူပါ။ အားပေးပါ။

ဘဝ အတွက်လုပ်သင့်သော (၂၆)ချက်…

ဘဝ အတွက်လုပ်သင့်သော (၂၆)ချက်…

ဘဝ အတွက်လုပ်သင့်သော (၂၆)ချက်…

မနာလိုမဖြစ်ပါနဲ့။ သူတော်လို့ အောင်မြင်တာပါ။ သူအောင်မြင်တာကို အားမပေးနိုင်တဲ့စိတ်ဓာတ် ရှိရင် ကိုယ်အတွက်ဆိုရင်လည်း အားပေးမဲ့သူ ရှိမည် မဟုတ်ပါ။

၂၅။ ကိုယ့်အတွက် အရေးကြီးသောသူအတွက် အချိန်ပေးပါ။

ကိုယ်ရဲ့အရေးကြီးသောသူအတွက် အချိန်လေးကို တစ်နေ့ နည်းနည်းပေးပါ။

၂၆။ အချစ်ဆုံး သူငယ်ချင်း နဲ့ ဟက်ဟက်ပက်ပက် ရယ်လိုက်ပါ။

အချစ်ဆုံး သူငယ်ချင်း နဲ့တွေ့ပြီး ကျောင်းတုန်းက အကြောင်းပဲဖြစ်ဖြစ် ပြောချင်တာတွေကို ပြောပြီး ပျော်ပျော်ရွှင်ရွှင် လွတ်လွတ်လပ်လပ်နေလိုက်ပါ။

နောင်တဆိုတာ နောင်မှတရတယ် ဆိုစကားကို လူကြီးတွေဆိုက ကြားဖူးပါတယ်။ ဒီစကားအတိုင်းမဖြစ်ချင်ရင်တော့ ဒီ ၂၆ ချက်ကို လုပ်သင့်တယ်လို့ထင်ပါတယ်။

Credit

Unicode