မျက်တောင်တွေကို သဘာဝအတိုင်း တစ်လအတွင်း ရှည်လျားလှပစေမယ့် နည်းလမ်း (၁၀) ချက်

မိန်းကလေးတိုင်းရဲ့ အိပ်မက်တွေထဲက တစ်ခုကတော့ ကော့စင်းနေတဲ့ မျက်တောင် ရှည်လေးတွေပါပဲ။ မျက်တောင်တွေကို တစ်လအတွင်း ကော့ကော့စင်းစင်းဖြစ်လာအောင် လုပ်ရမယ့် နည်းလမ်းလေးတွေက ရိုးစင်းပါတယ်။

မျက်တောင်တွေကို သဘာဝအတိုင်း တစ်လအတွင်း ရှည်လျားလှပစေမယ့် နည်းလမ်း (၁၀) ချက်

မျက်တောင်တွေကို သဘာဝအတိုင်း တစ်လအတွင်း ရှည်လျားလှပစေမယ့် နည်းလမ်း (၁၀) ချက်

မျက်တောင်တွေကို သဘာဝအတိုင်း တစ်လအတွင်း ရှည်လျားလှပစေမယ့် နည်းလမ်း (၁၀) ချက်

၁။ဘရက်ရှ်ဖြင့် ဖြီးခြင်း

မျက်တောင်မွေးတွေကို ဖြီးပေးခြင်းက သွေးလည်ပတ်မှုကို ကောင်းစေပြီး မျက်တောင် ရှည်လာစေဖို့ လှုံ့ဆော်ပေးပါတယ်။ Mascara အဟောင်းတစ်ခုကို သုံးလို့ ရပါတယ်။ ဗီတာမင် E အနည်းငယ်ကို ဘရက်ရှ်မှာ သုတ်လိမ်းပြီး မျက်တောင်ကို တစ်နေ့နှစ်ခါ ဖြီးပေးရုံပါပဲ။

မျက်တောင်တွေကို သဘာဝအတိုင်း တစ်လအတွင်း ရှည်လျားလှပစေမယ့် နည်းလမ်း (၁၀) ချက်

၂။ ဆီ

ကြက်ဆူဆီ၊ အုန်းဆီ၊ သံလွင်ဆီတွေမှာ အာဟာရဓါတ်တွေ ပါဝင်ပြီး မျက်တောင်ကို ကျန်းမာသန်စွမ်းစေပါတယ်။ ကြက်ဆူဆီ သို့မဟုတ် အုန်းဆီ သို့မဟုတ် သံလွင်ဆီ တစ်မျိူးမျိုးကို ညအိပ်ရာ မဝင်ခင်မှာ မျက်တောင်ကို လိမ်းပေးပါ၊ အဲဒီဆီ 3 မျိုးကို ရောပြီးတော့ လိမ်းလို့လည်း ရပါတယ်။

မျက်တောင်တွေကို သဘာဝအတိုင်း တစ်လအတွင်း ရှည်လျားလှပစေမယ့် နည်းလမ်း (၁၀) ချက်

၃။Petroleum Jelly ( eg . Vaseline )

Petroleum Jelly က ခြောက်သွေ့နေတဲ့ မျက်တောင်တွေကို ရေဓါတ်ဖြည့်ပေးပါတယ်။ ရေနံဂျယ်လီကို ဘရက်ရှ်နဲ့ ဖြစ်ဖြစ်၊ လက်ချောင်းလေးတွေနဲ့ဖြစ်ဖြစ် ယူပြီး မျက်တောင်မှာ အိပ်ရာ မဝင်ခင် လိမ်းပေးပါ။ ရေနံဂျယ်လီ လိမ်းထားတဲ့ အချိန်မှာ မျက်ကပ်မှန် တပ်လို့ မရပါဘူး။ မနက်ကျရင်တော့ မျက်နှာသစ်လို့ ရပါပြီ။

မျက်တောင်တွေကို သဘာဝအတိုင်း တစ်လအတွင်း ရှည်လျားလှပစေမယ့် နည်းလမ်း (၁၀) ချက်

၄။အာဟာရပြည့်ဝသော အစားအစာများ

ဗီတာမင်ဓါတ်ချို့ယွင်းခြင်းက ဆံပင်ကျွတ်ခြင်းနဲ့ မျက်တောင် ကျွတ်ခြင်းကို ဖြစ်စေပါတယ်။ ပရိုတိန်းဓါတ်၊ ဗီတာမင်ဓါတ် ပါဝင်တဲ့ အစားအစာတွေ၊ အစေ့အဆံတွေ၊ အသား၊ ငါး၊ ဥများ၊ သစ်သီးသစ်နှံတွေကို များများစားသင့် ပါတယ်။

မျက်တောင်တွေကို သဘာဝအတိုင်း တစ်လအတွင်း ရှည်လျားလှပစေမယ့် နည်းလမ်း (၁၀) ချက်

၅။ လက်ဖက်စိမ်း
လက်ဖက်စိမ်းမှာ အင်တီအောက်ဆီးဒင့်နဲ့ ဗီတာမင်တွေ ပါဝင်ပါတယ်။ အဲဒါကြောင့် အလှကုန်ပစ္စည်းတွေ၊ ဆံပင်နဲ့ ပတ်သက်တဲ့ ပစ္စည်းတွေမှာ လက်ဖက်စိမ်းကို ထည့်သုံးကြ ပါတယ်။ လက်ဖက်စိမ်းရည်ကို အအေးခံထားပါ။

မျက်တောင်တွေကို သဘာဝအတိုင်း တစ်လအတွင်း ရှည်လျားလှပစေမယ့် နည်းလမ်း (၁၀) ချက်

မျက်တောင်တွေကို သဘာဝအတိုင်း တစ်လအတွင်း ရှည်လျားလှပစေမယ့် နည်းလမ်း (၁၀) ချက်

မျက်တောင်တွေကို သဘာဝအတိုင်း တစ်လအတွင်း ရှည်လျားလှပစေမယ့် နည်းလမ်း (၁၀) ချက်

အဲဒီနောက် လက်ဖက်စိမ်းရည်ထဲကို ချည်သားပုဝါလေး နှစ်ပြီး မျက်တောင်ကို တို့ပေးပါ။ တစ်နေ့နှစ်ခါ ပြုလုပ်တဲ့ အခါ တစ်လကြာတဲ့ အခါ ထူးထူးခြားခြား သိသာလာမှာ ဖြစ်ပါတယ်။

မျက်တောင်တွေကို သဘာဝအတိုင်း တစ်လအတွင်း ရှည်လျားလှပစေမယ့် နည်းလမ်း (၁၀) ချက်

၆။ ရှားစောင်းလက်ပတ်

ရှားစောင်းလက်ပတ်မှာ ပါဝင်တဲ့ အာနိသင်တွေက မျက်တောင်တွေကို အားပြည့်စေ ပါတယ်။ ရှားစောင်းလက်ပတ်ဂျယ်လ်ကို ယူပြီး အရည်ရအောင် ညှစ်ပါ။ ပြီးရင်တော့ မျက်တောင်လေးတွေ ပေါ်မှာ သုတ်လိမ်းပေးရုံ ပါပဲ။

မျက်တောင်တွေကို သဘာဝအတိုင်း တစ်လအတွင်း ရှည်လျားလှပစေမယ့် နည်းလမ်း (၁၀) ချက်

မျက်တောင်တွေကို သဘာဝအတိုင်း တစ်လအတွင်း ရှည်လျားလှပစေမယ့် နည်းလမ်း (၁၀) ချက်

မျက်တောင်တွေကို သဘာဝအတိုင်း တစ်လအတွင်း ရှည်လျားလှပစေမယ့် နည်းလမ်း (၁၀) ချက်

မျက်တောင်ပေါ်မှာ တစ်ည ထားပြီးရင် မနက်ရောက်တဲ့ အခါ မျက်နှာသစ်လိုက်လို့ ရပါပြီ။ ပိုပြီး ထိရောက်ချင်ရင်တော့ ရှားစောင်းလက်ပတ် ရည်ထဲကို ကြက်ဆူဆီ သို့မဟုတ် သံလွင်ဆီကို ထည့်လို့ ရပါတယ်။

မျက်တောင်တွေကို သဘာဝအတိုင်း တစ်လအတွင်း ရှည်လျားလှပစေမယ့် နည်းလမ်း (၁၀) ချက်

၇။ နှိပ်နယ်ပေးခြင်း

မျက်တောင်တစ်ဝိုက်ကို နှိပ်နယ်ပေးတဲ့ အခါ မျက်တောင် တစ်ဝိုက်က သွေးလည်ပတ်မှု ကောင်းလာပြီး အရှည်လည်း မြန်လာစေ ပါတယ်။ လက်နှစ်ဖက်လုံးကို သေသေချာချာ ရေဆေးပြီး လက်ထဲမှာ သံလွင်ဆီ အနည်းငယ်ကို ထည့်ပါ။ ပြီးရင်တော့ မျက်ခွံနဲ့ မျက်တောင် တစ်ဝိုက်ကို 5 မိနစ်ကြာ နှိပ်နယ်ပေးပါ။ တပတ်ကို 5 ကြိမ်ခန့် ပြုလုပ်ပေးလို့ ရပါတယ်။

မျက်တောင်တွေကို သဘာဝအတိုင်း တစ်လအတွင်း ရှည်လျားလှပစေမယ့် နည်းလမ်း (၁၀) ချက်

၈။ ကြက်ဥ

ကြက်ဥမှာ ဘိုင်အိုတင်နဲ့ ဗီတာမင် B အုပ်စု ပါဝင်တာကြောင့် မျက်တောင် ကျွတ်ခြင်းကို ကာကွယ်ပေးပါတယ်။ ကြက်ဥတစ်လုံးနဲ့ အလှဆီ သို့မဟုတ် ရေနံဂျယ်လီကို ရောပြီး မွှေပါ။ ပြီးရင်တော့ မျက်တောင်လေးတွေပေါ်မှာ လိမ်းပေးပါ။ တစ်ပတ်ကို 3 ကြိမ်ခန့် ပြုလုပ်ပေးလို့ ရပါတယ်။

မျက်တောင်တွေကို သဘာဝအတိုင်း တစ်လအတွင်း ရှည်လျားလှပစေမယ့် နည်းလမ်း (၁၀) ချက်

၉။ မျက်နှာသစ်ခြင်း

မျက်တောင်ပေါ်က mascaraတွေကို မဖျက်ဘဲ အိပ်မိတဲ့အခါ မျက်တောင်တွေကို ပိုကျွတ်စေပါတယ်။ အဲဒါကြောင့် မအိပ်ခင်မှာ မိတ်ကပ်ဖျက်ဖို့က အရေးကြီးပါတယ်။ မျက်တောင်ပေါ်က mascara တွေကို ဖျက်ဖို့အတွက် make up remover သို့မဟုတ် သံလွင်ဆီတွေကို သုံးလို့ရပါတယ်။

မျက်တောင်တွေကို သဘာဝအတိုင်း တစ်လအတွင်း ရှည်လျားလှပစေမယ့် နည်းလမ်း (၁၀) ချက်

၁၀။။ မိတ်ကပ်

ရေစိုခံတဲ့ mascara တွေ ကလည်း မျက်တောင်တွေကို ကော့စင်းနေစေပြီး လှပနေစေ မှာပါ။ Mascara တွေကို 3 လ ကနေ 6 လ အထိပဲ သုံးသင့် ပါတယ်။

မျက်တောင်တွေကို သဘာဝအတိုင်း တစ်လအတွင်း ရှည်လျားလှပစေမယ့် နည်းလမ်း (၁၀) ချက်

Mascara အဟောင်းတွေက မျက်လုံးထဲကို ရောဂါပိုးတွေ ဝင်ရောက်နိုင်လို့ mascara အဟောင်းတွေကို လွှင့်ပစ်ဖို့ မတွေဝေသင့်ပါဘူး။