သင့်ဆီမှာရှိတဲ့ မှဲ့တွေ ကပြောတဲ့ သင့်အကြောင်း…

သင့်ဆီမှာရှိတဲ့ မှဲ့တွေ ကပြောတဲ့ သင့်အကြောင်း…

သင့်ဆီမှာရှိတဲ့ မှဲ့တွေ ကပြောတဲ့ သင့်အကြောင်း…

1 ) နဖူးပြင်တည့်တည့်တွင် မှဲ့ ရှိခဲ့လျှင် ငွေကြေးနှင့် ပတ်သက်၍ အစွပ်အစွဲ ခံရတတ်သည်။ ပူပင်သောက များလိမ့်မည်။ မိမိတွင် ရှိသည်ထက်ပို၍ လူအများက ချမ်းသာသည် ဟု ထင်မြင်တတ်ခြင်းကြောင့် ဒုက္ခနှင့် တွေ့ရတတ်ပါသည် ။

2 ) ညာဘက် မျက်ခုံးမွေးပေါ်တွင် မှဲ့ ရှိလျှင် ချမ်းသာ တတ်ပါသည်။ ပစ္စည်းဥစ္စာ ပြည့်စုံလိမ့်မည်။ လောကီစည်းစိမ် အဝဝကိုသုံးဆောင် ခံစားရတတ်သည်

3 ) ဘယ်ဘက် မျက်ခုံးမွေး အပေါ်တွင် မှဲ့ ရှိလျှင် အရက်သမား၊ ကြက်သမား၊ လောင်းကစားသမား ဖြစ်တတ်သည်။ လောင်းကစားမှုကို ဇနီးမယားထက်ပင် ပိုမို၍ ချစ်ချင်စွဲလမ်း နှစ်သက်တတ်ပါသည် ။

သင့်ဆီမှာရှိတဲ့ မှဲ့တွေ ကပြောတဲ့ သင့်အကြောင်း…

သင့်ဆီမှာရှိတဲ့ မှဲ့တွေ ကပြောတဲ့ သင့်အကြောင်း…

သင့်ဆီမှာရှိတဲ့ မှဲ့တွေ ကပြောတဲ့ သင့်အကြောင်း…

4 ) နှာခေါင်း တည့်တည့် ( နှာသီးထိပ်ဖျား) တွင် မှဲ့ ရှိလျှင် စာပေ၊ ဇာတ်သဘင်၊ တေးဂီတ အနုပညာရပ်များဖြင့် ထင်ရှားပီး အောင်မြင်ကျော်ကြား တတ်ပါသည် ။

5 ) ညာဘက် မျက်ခမ်းအောက်တွင် မှဲ့ရှိလျှင် မျက်နှာ ပွင့်လန်းတတ်သည်။ မျက်နှာမြင် ချစ်ခင်၍ အသံကြား သနားစေ – ဟူသော ဆုတောင်းဖြင့် ပြည့်စုံသူဖြစ်သည်။ လူအများ၏ ချစ်ခင်ခြင်း ခံရတတ်သည် ။

6 ) ဘယ်ဘက် မျက်ခမ်း အောက်နားတွင် မှဲ့ ရှိလျှင် လူမုန်း များတတ်သည်။ အလုပ် လုပ်ကိုင်ရာတွင် အတိုက်အခံနှင့် ကြုံတွေ့ရတတ်သည်။ ငယ်စဉ် အခါက ဆင်းရဲဒုက္ခအမျိုးမျိုး တွေ့ကြုံခဲ့ရလိမ့်မည်..။

သင့်ဆီမှာရှိတဲ့ မှဲ့တွေ ကပြောတဲ့ သင့်အကြောင်း…

သင့်ဆီမှာရှိတဲ့ မှဲ့တွေ ကပြောတဲ့ သင့်အကြောင်း…

သင့်ဆီမှာရှိတဲ့ မှဲ့တွေ ကပြောတဲ့ သင့်အကြောင်း…

အချစ်ရေးတွင် စွန့်စားတတ်သည်။ တဇွတ်ထိုး လုပ်တတ်သည်။ ဇနီးမယားကို ချစ်ခင်သူ ဖြစ်မည်။ ဇနီးသည်၏ သြဇာလွှမ်းမိုးမှုကို ခံရတတ်ပါသည်

7 ) ညာဘက် ပါးမို့တွင် စံပယ်တင်မှဲ့ ရှိလျှင် မိန်းကလေးများ စိတ်ဝင်စားခြင်းကို ခံရတတ်သည်။ မျက်နှာပွင့်လန်း တတ်ပါသည် ။လောကကို တရားသဘောဖြင့် ရှုမြင်တတ်သောသူ ဖြစ်သည်။

သင့်ဆီမှာရှိတဲ့ မှဲ့တွေ ကပြောတဲ့ သင့်အကြောင်း…

အသက်ကြီးရင့်လာလျှင် ရသေ ရဟန်း ပြုတတ်သည်။ အများအကျိုးဆောင်သည့် သာသနာပြုသော ပုဂ္ဂိုလ် ဖြစ်တတ်ပါသည် ။

8 ) ဘယ်ဘက် ပါးပေါ်တွင် စံပယ်တင်မှဲ့ ရှိလျှင် မိန်းမချောများ (သို့မဟုတ်) ထင်ရှား ကျော်ကြားသော မိန်းမနှင့် အိမ်ထောင်ကျ တတ်ပါသည်။ မိန်းမတို့၏ ချစ်ခင်စွဲခြင်းကို အထူးသဖြင့် ခံယူရတတ်ပါသည် ။

9 ) ညာဘက် ပါးပြင်၌ အောက်ဘက်နားတွင် မှဲ့ရှိလျှင် ချမ်းသာလျှင်လည်း ခဏတာမျှသာ ဖြစ်သည်။ ဆင်းရပြင်ပန်းတတ်သည် ။

10 ) ဘယ်ဘက် ပါးပြင်အောက်တွင် ထင်ရှားစွာ မှဲ့ရှိလျှင် ချမ်းသာ ကြီးပွားတတ်သည်။ မည်သည့် အလုပ်မဆို အောင်မြင်၍ နာမည်ကျော်ကြား တတ်ပါသည် ။

သင့်ဆီမှာရှိတဲ့ မှဲ့တွေ ကပြောတဲ့ သင့်အကြောင်း…

သင့်ဆီမှာရှိတဲ့ မှဲ့တွေ ကပြောတဲ့ သင့်အကြောင်း…

သင့်ဆီမှာရှိတဲ့ မှဲ့တွေ ကပြောတဲ့ သင့်အကြောင်း…

11 ) မေးစေ့ တည့်တည့်တွင် မှဲ့ရှိလျှင် ကိုယ်ပိုင် လုပ်ငန်းဖြင့် ကြီးပွားချမ်းသာ တတ်ပါသည်။ သတင်းကောင်းဖြင့် ကျော်ကြား အောင်မြင်မည်..။

12 ) မေးစေ့နား တဝိုက်တွင် ထင်ရှားသော မှဲ့ရှိလျှင် ဒုက္ခဆင်းရဲ အမျိုးမျိုးတို့ကို ကြုံတွေ့ရတတ်ပြီး နောက်ဆုံးတွင် အောင်မြင်တတ်သည်။ ကမ္ဘာကျော်သည့် ပုဂ္ဂိုလ်ထူးများတွင်လည်း ပါရှိသည် ။

13 ) မျက်ရည် စီးကျရာ လမ်းကြောင့်တည့်တည့် (ဝဲ, ယာ) တွင် မှဲ့ရှိလျှင် မယားဆုံးတတ်သည်။ (သို့မဟုတ်) အိမ်ထောင်ရေး ညံ့တတ်သည်။ စီးပွားရှာရာတွင် ပင်ပန်းတတ်ပါသည် ။

သင့်ဆီမှာရှိတဲ့ မှဲ့တွေ ကပြောတဲ့ သင့်အကြောင်း…

သင့်ဆီမှာရှိတဲ့ မှဲ့တွေ ကပြောတဲ့ သင့်အကြောင်း…

သင့်ဆီမှာရှိတဲ့ မှဲ့တွေ ကပြောတဲ့ သင့်အကြောင်း…

14 ) လည်ပင်းတွင် မှဲ့ရှိလျှင် ချမ်းသာ ကြီးပွားတတ်သည်။ အလုပ်အကိုင် အကြံအစည် အောင်မြင်တတ်သည်။ ဆင်းရဲလျှင်လည်း ခဏသာဖြစ်၍ မမျှော်လင့် မထင်မှတ်သော အကြောင်းတခုခုဖြင့် ပြန်လည် ချမ်းသာတတ်ပါသည် ။

15 ) ဘယ်, ညာ လက်မောင်း (သို့မဟုတ်) လက်ဖျံ ဘယ်, ညာတွင် မှဲ့ရှိလျှင် ဆင်းရဲသူဖြစ်ပါက လူလတ်တန်းစား ဘဝဖြင့် အဆင်ပြေတတ်သည်။ အလယ်အလတ်တန်း အဆင့်ဖြစ်လျှင် ဇောတိက သူဌေးကဲ့သို့ ချမ်းသာကြွယ်ဝသော သူဌေး ဖြစ်တတ်ပါသည် ။

16 ) ရင်ဘတ် ဘယ်ဘက်နှင့် ညာဘက်တွင် မှဲ့တလုံးစီ ရှိ၍ ရင်ဘတ်အလယ် တည့်တည့်တွင် မှဲ့တလုံး၊ ခါးနားတွင် မှဲ့တလုံး၊ ပါရှိခြင်းကို မှဲ့စလွယ်ဟု ခေါ်ဆိုသည်။ အသက်ရှည်၍ ဗဟုသုတ ဉာဏ်အမြော်အမြင် ကြီးမားသော ရှေးလူကြီးများ၊ ရသေ့ ပညာရှိကြီးများ၏ အဆိုအမိန့်အရ ယောကျ်ားတွင် မှဲ့စလွယ် ရှိခြင်းသည် ယခင် ဘဝဟောင်းက မင်းဖြစ်ခဲ့သူ ဖြစ်သည်ဟု အဆိုအမိန့် ရှိကြ၏ ။

သင့်ဆီမှာရှိတဲ့ မှဲ့တွေ ကပြောတဲ့ သင့်အကြောင်း…

မှဲ့စလွယ် ပါရှိသောသူသည် ဆင်းရဲဒုက္ခနှင့် မကြုံရဘဲ အဆင့်အတန်းမြင့်သည့် ဘဝမျိုးနှင့် နေနိုင်ရလိမ့်မည်။ လူအများ၏ ကြည်ညိုလေးစားခြင်းကို ခံရတတ်သည်။ ဇနီးမယား အပေါ်တွင် သြဇာညောင်း တတ်ပါသည် ။

သင့်ဆီမှာရှိတဲ့ မှဲ့တွေ ကပြောတဲ့ သင့်အကြောင်း…

သင့်ဆီမှာရှိတဲ့ မှဲ့တွေ ကပြောတဲ့ သင့်အကြောင်း…

သင့်ဆီမှာရှိတဲ့ မှဲ့တွေ ကပြောတဲ့ သင့်အကြောင်း…

17 ) ဘယ်ဘက် (သို့မဟုတ်) ညာဘက် ပေါင်တွင် မှဲ့ရှိလျှင် လျင်မြန် ဖျတ်လတ်သူ ဖြစ်တတ်သည်။ လူမှုရေး ကိစ္စ အဝဝကို သိနားလည်ပြီး အကင်းပါးသူ ဖြစ်တတ်သည် ။

18 ) တင်ပါး၏ ဘယ်ဘက် (သို့မဟတု်) ညာဘက်တွင် မှဲ့ရှိလျှင် အရှက်အကြောက် အလွန်ကြီးတတ်ပါသည်။ စိတ်သဘောထား နုတတ်သည်။ ယောကျ်ား ဖြစ်ပါလျက်နှင့် တခါတရံတွင် မိန်းမဆန်သော အပြုအမူ အနေအထိုင်များကို တွေ့ရတတ်သည် ။

19 ) ယောကျ်ားတန်ဆာ ထိပ်ဖူးနားတွင် မှဲ့ ရှိလျှင် မိန်းမတို့၏ ချစ်ခင်စွဲလမ်း နှစ်သက်ခြင်းကို ခံစားရတတ်ပါသည်။ ရှေးဆရာကြီး များ၏ အဆိုအမိန့်အရ မှဲ့များလေ ပို၍ အစွမ်းထက်လေဟု ဆိုကြ၏။

သင့်ဆီမှာရှိတဲ့ မှဲ့တွေ ကပြောတဲ့ သင့်အကြောင်း…

သင့်ဆီမှာရှိတဲ့ မှဲ့တွေ ကပြောတဲ့ သင့်အကြောင်း…

သင့်ဆီမှာရှိတဲ့ မှဲ့တွေ ကပြောတဲ့ သင့်အကြောင်း…

ထိပ်ဖူးနားတွင် မှဲ့နှစ်လုံးထက် ပိုလျှင် အိမ်ထောင်ဆက် များတတ်သည်။ တန်ဆာ၏ အရင်းပိုင်းတွင် မှဲ့ ပါရှိလျှင် မှဲ့မပါသကဲ့သို့ပင် စွမ်းအား မရှိဟု မှတ်ယူရပါမည်..။

20 ) ခြေဖဝါး အလည်တည့်တည့်တွင် မှဲ့ရှိလျှင် တနေရာတည်းတွင် အတည်တကျ မနေရဘဲ ခြေသလုံးအိမ်တိုင် ဘဝဖြင့် သွားလာ နေထိုင်ရကာ ဘဝဆုံးပါးပျက်စီးတတ်ပါသည် ။

21 ) ဘယ် (သို့မဟုတ်) ညာ ခြေဖမိုးတွင် မှဲ့များစွာ ပါရှိလျှင် သူရဲကောင်းဖြစ်တတ်သည်။ (သို့မဟုတ်) လူဆိုး၊ ဓားပြ ဖြစ်တတ်ပါသည်။ တုတ်၊ ဓား၊ လှံ စသည့် လက်နက် ကိရိယာများကို ဆောင်ထားတတ်သည်။ တိုက်ခိုက်ရေး ပညာများတွင်လညဝါသနာပါ၍ ပညာရှင်ဖြစ်တတ်သည် ။

သင့်ဆီမှာရှိတဲ့ မှဲ့တွေ ကပြောတဲ့ သင့်အကြောင်း…

သင့်ဆီမှာရှိတဲ့ မှဲ့တွေ ကပြောတဲ့ သင့်အကြောင်း…

သင့်ဆီမှာရှိတဲ့ မှဲ့တွေ ကပြောတဲ့ သင့်အကြောင်း…

22 ) ရင်ညွန့် တည့်တည့်တွင် ထင်ရှားသော မှဲ့ရှိလျှင် သူတော်ကောင်း သူမြတ်လောင်း ဖြစ်တတ်သည်။ တရားဓမ္မ နှလုံးသွင်းတတ်သည်။ လောကီ သမထ ဈာန်တန်ခိုးဘက်သို့ လိုက်စားတတ်သည်။ သိဒ္ဓိ မဟိဒ္ဓိ တန်ခိုးများ ရ၍ ပေါက်မြောက်နိုင်သည် ။

23 ) ညာဘက်လက်တွင် မှဲ့ ပါရှိလျှင် ငွေကြေးကို အကြောင်းပြု၍ အမှုဖြစ်တတ်ပါသည်။ ကပ်စေးနှဲသူ၊ မိမိကိုယ်ကျိုး တခုတည်းကိုသာ ကြည့်မြင်တတ်သူ ဖြစ်တတ်ပါသည် ။

24 ) လက်ဖဝါးပြင်၏ ဘယ် ညာ နှစ်ဖက်စလုံး၏ အလယ် တည့်တည့်တွင် ထူးထူးခြားခြား မှဲ့အစိမ်းတလုံး ပါရှိလျှင် လူအများ၏ ကြည်ညိုလေးစားခြင်း ခံရသော ဘုန်းရှင်၊ ကံရှင်၊ ပါရမီရှင် ဖြစ်တတ်ပါသည်။

ဝိဇ္ဇာဓိုရ်၊ သိဒ္ဓိရှင်၊ မဟိဒ္ဓိရှင် ပုဂ္ဂိုလ်များနှင့် ပဋ္ဌာန်းဆက် ရှိသူဖြစ်သည်။ ဝိဇ္ဇာလမ်းသို့ လိုက်စားလျှင် ဆရာသမားကောင်းနှင့် တွေ့ပြီး သိဒ္ဓိရတတ်ပါသည် ။

credit

Zawgyi