“မိန်းကလေးတိုင်း ဖတ်သင့်တဲ့ တန်ဖိုးရှိတဲ့ စာပါ”

“မိန်းကလေးတိုင်း ဖတ်သင့်တဲ့ တန်ဖိုးရှိတဲ့ စာပါ”

“မိန်းကလေးတိုင်း ဖတ်သင့်တဲ့ တန်ဖိုးရှိတဲ့ စာပါ”

မိန်းကလေးတိုင်း ဖတ်သင့်တဲ့ တန်ဖိုးရှိတဲ့ စာပါသတိထား ညီမလေး အရေခွံဘယ်လောက် လဲလဲ မြွေဆိုတာ တီဖြစ် မသွားဘူး ပြောင်းလဲတဲ့ လောကကြီးမှာလိုက်ဖက် ညီအောင် အရောင်ပြောင်းနေရင် ပုတ်သင်ညို သာသာဖြစ်တော့ မှာပေါ့။

“မိန်းကလေးတိုင်း ဖတ်သင့်တဲ့ တန်ဖိုးရှိတဲ့ စာပါ”

“မိန်းကလေးတိုင်း ဖတ်သင့်တဲ့ တန်ဖိုးရှိတဲ့ စာပါ”

“မိန်းကလေးတိုင်း ဖတ်သင့်တဲ့ တန်ဖိုးရှိတဲ့ စာပါ”

ပတ္တမြားမှန်တယ်ဆိုတိုင်း နွံထဲဝင် မှိုင်းပြစရာလားကွယ် ခြေဆေး မခံရအောင်အိုင်ထဲ ထိုင်မယ့် အစား ရေသန့်လို့ တံဆိပ်ကပ် နိုင်ရင် တန်ဖိုး တက်လာပါလိမ့်မယ်။အိမ်နဲ့ ဝေးတိုင်းလဲ အားငယ် စိတ်မပျက်ပါနဲ့ အမောပြေ ရေတစ်ခွက် အိမ်ပြေးလေး အတွက်တဲ့

အမေ နေ့တိုင်း ခပ်ထားတယ်။ညီမလေး စဉ်းစားရတယ်ဆိုတာ မိန်းကလေးတိုင်းရဲ့ သမိုင်းပေး တာဝန် အရိုးဆို ကြည့်ရှောင် ရမယ်လေ။ကိုယ်က ခဏတာ ဝါးမယ့် သွားမဟုတ်ဘူး စကားခလုတ်တွေ ဘယ်လောက်တိုက်တိုက်

“မိန်းကလေးတိုင်း ဖတ်သင့်တဲ့ တန်ဖိုးရှိတဲ့ စာပါ”

“မိန်းကလေးတိုင်း ဖတ်သင့်တဲ့ တန်ဖိုးရှိတဲ့ စာပါ”

“မိန်းကလေးတိုင်း ဖတ်သင့်တဲ့ တန်ဖိုးရှိတဲ့ စာပါ”

ကိုယ့်ကိုယ်ကို မထိခိုက်ဖို့က ပိုအရေးကြီးတယ်။တကယ်တော့ ဟင်းချေးများတယ်ဆိုတာအစားကောင်း စားရတဲ့သူတွေကို သမုတ်တဲ့ အမည် သက်သက်ပါ။ညီမလေး ချစ်တာတော့ ချစ်ပါ ပြန်ပြင်လို့မရတဲ့ အခွင့်အရေးတော့ မပေးမိ ပါစေနဲ့။

ဘဝနဲ့ရင်းတဲ့ လက်ရေး အတွက် ဖျက်ဆေး မရှိဘူး။ဘဝရဲ့အစိတ်အပိုင်းလေး တစ်ခုအတွက် စိတ်ရိုင်း မမွေးမိပါစေနဲ့မှတ်ပုံတင်ထဲ ပြန်ကြည့်ပါ ညီမလေးကိုးကွယ်စရာမှာ အချစ် မဟုတ် ဘူးလေ။

“မိန်းကလေးတိုင်း ဖတ်သင့်တဲ့ တန်ဖိုးရှိတဲ့ စာပါ”

ညီမလေးရေ အချစ်ဦးသူ လွဲဖူးသူ -ချစ်တဲ့သူတိုင်း ပေါင်းစပ်ခွင့် မရသူတွေဟာအိမ်ရှေက ခရပွင့်တွေ ကြွေသေ လာက် ရှိတယ်။အသည်းကွဲတယ်ဆိုပြီးဘီယာသောက် လောကကြီးကို မှောက်ပစ် တတ်တာ ပညာမဲ့ သူတွေ

သက်သက်ပေးတဲ့ ဆင်ခြေ တစ်ခုပါ။မုန်တိုင်းထဲမှာလဲ အောက်ဆီဂျင် ပါပါတယ် လေနည်းတယ် အထင်နဲ့ ရွက်ကိုတော့ ပြင်းပြင်း မလွင့်လိုက်ပါနဲ့။တည်ငြိမ်ခြင်းဆိုတာ မိန်းကလေး အိန္ဒြေလေ တန်ဖိုးသိတဲ့သူက တန်ဖိုးထားလာပါလိမ့်မယ်

“မိန်းကလေးတိုင်း ဖတ်သင့်တဲ့ တန်ဖိုးရှိတဲ့ စာပါ”

“မိန်းကလေးတိုင်း ဖတ်သင့်တဲ့ တန်ဖိုးရှိတဲ့ စာပါ”

“မိန်းကလေးတိုင်း ဖတ်သင့်တဲ့ တန်ဖိုးရှိတဲ့ စာပါ”

ကိုယ်ကသာ ရတနာတစ်ပါးဖြစ်ပါစေ ညီမလေးရေ။ညီမလေးရေ ယောကျ်ားဆိုတာ ဧကရာဇ်ဘုရင်ပဲ ဖြစ်ဖြစ် နန်းကျဘုရင်ပဲ ဖြစ်ဖြစ် မြှောက်စားတာ ခံချင်ကြတယ်။ကျားကြီးရဲ့ ဆရာဖြစ်ဖို့ဆိုတာ

ကြောင်တစ်ကောင်လို ငြင်သာတတ်မှ ဖြစ်မယ်။ကမ္ဘာကျော်တဲ့ စစ်သူရဲ တစ်ယောက်တောင် အပြောချိုတဲ့ အအိုချောကြောင့် ကမ္ဘာတစ်ဝက်ကို တက် သိမ်းဖူးတယ်လေ။လေယူရာ တိမ်းတတ်တဲ့ ပန်းပင်ဟာ ဘယ်လေကြမ်းကြောင့်မှ

“မိန်းကလေးတိုင်း ဖတ်သင့်တဲ့ တန်ဖိုးရှိတဲ့ စာပါ”

“မိန်းကလေးတိုင်း ဖတ်သင့်တဲ့ တန်ဖိုးရှိတဲ့ စာပါ”

“မိန်းကလေးတိုင်း ဖတ်သင့်တဲ့ တန်ဖိုးရှိတဲ့ စာပါ”

အမြစ်မကျိုးဘူး ပုခက်လွဲသောလက်ဟာ ကမ္ဘာကို အုပ်စိုးနိုင်တယ်ဆိုတဲ့ နောက်မှာချိုသော စကားပြောတတ်တဲ့ နှုတ်ခမ်းတစ်စုံ လိုတယ် ညီမလေး။ညီမလေးရေ ရင်ဘောင်တန်းတယ် ဆိုတိုင်း ခြေရာတော့ လိုက် မတိုင်းလေနဲ့။

ကြောင် ဘယ်လောက် ခြေရာကြီးကြီး ကျားကြီးကိုတော့ ဘယ်မှီမလဲ အသားစား သတ္တဝါချင်းတူပေမယ့် စကားအဆိုသာ ကြောင်က ဆရာဖြစ်တာ ကျားဆိုတာ ကြောင်သားလဲ စားချင်စားမှာလေသဘာဝဘေးဆိုတာ

“မိန်းကလေးတိုင်း ဖတ်သင့်တဲ့ တန်ဖိုးရှိတဲ့ စာပါ”

သဘာဝတွေ ဆန့်ကျင့်လို့ ဖြစ်ရတာ နစ်နာခြင်း မရှိရအောင် ဘောင်အတွင်းကသာ မိန်းမ ဆန်ပါ ညီမလေးရေ။ညီမလေးရေ စာများများဖတ်ပြီး ဝေဖန် ဆုံးဖြတ်နိုင်ပါစေ ဖတ်ပါ မှတ်ပါ လေ့လာပါ ။

အစွန်းတစ်ဖက်တော့ မရောက်စေနဲ့ စာပေ ဆိုတာ လူဘဝအတွက် အလင်းစက်တစ်ခုပေါ့။ညီမလေးရေ သစ်ရွက်တွေ ကြွေရုံနဲ့တော့ သစ်ပင်ကြီး မသေ ပါဘူး။ကြယ်လေးတွေ ကြွေရုံနဲ့လည်း ကောင်းကင်ကြီး မသေပါဘူး။

“မိန်းကလေးတိုင်း ဖတ်သင့်တဲ့ တန်ဖိုးရှိတဲ့ စာပါ”

“မိန်းကလေးတိုင်း ဖတ်သင့်တဲ့ တန်ဖိုးရှိတဲ့ စာပါ”

“မိန်းကလေးတိုင်း ဖတ်သင့်တဲ့ တန်ဖိုးရှိတဲ့ စာပါ”

ပန်းပုတစ်ရုပ် လှဖို့ဆိုတာ ထွင်းထုတ်လိုက်ရတဲ့ အသားတွေ ရှိတတ် စမြဲ ပဲလေ။လဲလို့သာ ပြန် မထကြရင် လူဆိုတာ တွားသွား သတ္တဝါ ဖြစ်ကုန် မှ ာပေါ့။အားမလျော့ပါနဲ့သွားတဲ့ သူအတွက်

လမ်းရှိပါတယ် အတိတ်ဆိုတာ ချခင်းထားတဲ့ကော်ဇော တစ်ချပ်သာမို့ခပ်နာနာ တစ်ချက် နင်းပြီး အနာဂ္ဂါတ် ကို စိတ်နဲ့ ပစ်ခွင်း လိုက်ပါ။မူရင်းရေးသားသူကို လေးစားစွာ ခရက်ဒစ်ပေး ပါသည်။

Credit-original writer

unicode