ကောင်လေးတွေ တကယ်ချစ်ပြီဆိုရင် ပြုမူတတ်တဲ့အချက် ၉ ချက်

ကောင်လေးတွေ တကယ်ချစ်ပြီဆိုရင် ပြုမူတတ်တဲ့အချက် ၉ ချက်

ကောင်လေးတွေ တကယ်ချစ်ပြီဆိုရင် ပြုမူတတ်တဲ့အချက် ၉ ချက်

သင့်အပေါ် တကယ်ချစ်တဲ့ ချစ်သူနဲ့ ဆုံတွေ့ရတာ နေ့တိုင်းကံကောင်း နေတာပါနော်။ အတိတ်မှာ သင်ကတကယ်ချစ်ခဲ့ပေမယ့် သင့်ကို တကယ်မချစ်တဲ့သူနဲ့လည်း ဆုံခဲ့ရမှာပါပဲ။ အဲဒီအချိန်မှာ ကြီးကြီးမားမားစိတ်ထိခိုက်တာတွေ၊ အသည်းကွဲတာတွေကို ခံစားရမှာပါ။

အသည်းကွဲပြီဆိုရင် ယုံကြည်မှုတွေလည်း ပျောက်ဆုံးသွားမယ်။ မျှော်လင့်ချက်တွေလည်း ဆုံးရှုံးသွားမယ်။ အမှန်တရားတွေကိုလည်း လက်မခံနိုင် ဖြစ်လာပါလိမ့်မယ်။ နောက်ထပ် မချစ်မိတော့အောင် သင့်ကိုယ်သင် ကတိပေးနေတော့မှာပါ။

ကောင်လေးတွေ တကယ်ချစ်ပြီဆိုရင် ပြုမူတတ်တဲ့အချက် ၉ ချက်

အချစ်စစ်ကို မတွေ့မချင်း ဘယ်သူ့ကိုမှမချစ်မိအောင် နေမယ်လို့ သင်ပြောခဲ့မှာပါပဲ။ ဒါပေမယ့် အလုပ်ထက် အပြောက ပိုလွယ်ပါတယ်နော်။ Relationship တစ်ခုမှာ ကောင်လေးတွေက စကားများတာ၊ လေပေါတာကို မကြိုက်ပါဘူး။

အဲဒီအခါ သင့်ချစ်သူက တကယ်ချစ်လား၊ မချစ်ဘူးလားဆိုတာကို လေ့လာဖို့ လိုလာပါပြီ။ ပထမဆုံးအချက်နေနဲ့ ကောင်လေးတွေက အပြောကောင်းပါတယ်။ သင်တို့နှစ်ယောက်တွေ့ပြီဆိုရင် သူ့ရဲ့အပြုအမူ အနေအထိုင်တွေကို လေ့လာကြည့်ပါ။

ကောင်လေးတွေ တကယ်ချစ်ပြီဆိုရင် ပြုမူတတ်တဲ့အချက် ၉ ချက်

ကောင်လေးတွေ တကယ်ချစ်ပြီဆိုရင် ပြုမူတတ်တဲ့အချက် ၉ ချက်

ကောင်လေးတွေ တကယ်ချစ်ပြီဆိုရင် ပြုမူတတ်တဲ့အချက် ၉ ချက်

အဲဒီအခါ သူ့ခံစားချက်တွေက သင့်အပေါ်မှာ စစ်မှန်လားဆိုတာ သိလာပါလိမ့်မယ်။ သင့်ကောင်လေးအပေါ် လေ့လာရမယ့်အချက်တွေကို မသိရင် ဒီဆောင်းပါးက ကူညီပေးမှာပါ။ အချက်အတော်များများနဲ့ကိုက်ရင်တော့ သင့်အပေါ်တကယ်ချစ်တယ်ဆိုတာ စိတ်ချလို့ ရသွားပါပြီ။

1. သင်ပြောသမျှကို အလေးထား နားထောင်ပေးတယ်

သင့်ချစ်သူက ဘယ်အချိန်စကားပြောပြော နားထောင်ပေးတယ်။ အဲဒါက relationship တစ်ခုမှာ အဆက်အသွယ်ရှိဖို့က အရေးကြီးတယ် ဆိုတာ သူနားလည်လို့ပါ။ အပြောကောင်းတဲ့သူက ကောင်းကောင်းနားထောင်ပေးတတ်သူပါ။

ကောင်လေးတွေ တကယ်ချစ်ပြီဆိုရင် ပြုမူတတ်တဲ့အချက် ၉ ချက်

ကောင်လေးတွေ တကယ်ချစ်ပြီဆိုရင် ပြုမူတတ်တဲ့အချက် ၉ ချက်

ကောင်လေးတွေ တကယ်ချစ်ပြီဆိုရင် ပြုမူတတ်တဲ့အချက် ၉ ချက်

သင်ရင်ဖွင့်သမျှကို နားထောင်ပေးပါလိမ့်မယ်။ အဲဒီလို နားထောင်ပေးတာက သင့်ကိုစိတ်လုံခြုံမှု ပေးချင်လို့ပါ။ တကယ်ချစ်တဲ့ ကောင်လေးက သင်ပြောသမျှကို စိတ်ရှည်ရှည်နားထောင်ပေးပါတယ်။

2. သင်တို့ နှစ်ယောက်လုံးအတွက် အလုပ်ကြိုးစားတယ်။

Relationship ခိုင်မြဲအောင် အလုပ်ကြိုးစားရမယ် ဆိုတာ သူသိပါတယ်။ အဓိကကတော့ သင့်ဘဝအတွက်ကြိုးစားတာပါ။ အလုပ်ကြိုးစားတာက သင့်ကိုချစ်လို့ဆိုတာ မမေ့နဲ့နော်။

ကောင်လေးတွေ တကယ်ချစ်ပြီဆိုရင် ပြုမူတတ်တဲ့အချက် ၉ ချက်

ကောင်လေးတွေ တကယ်ချစ်ပြီဆိုရင် ပြုမူတတ်တဲ့အချက် ၉ ချက်

ကောင်လေးတွေ တကယ်ချစ်ပြီဆိုရင် ပြုမူတတ်တဲ့အချက် ၉ ချက်

3. အသေးစိတ် မှတ်ထားတတ်တယ်။

သူက အရာရာကို အသေးစိတ်အလေးအနက် ထားတတ်သူပါ။ သင့်ကို တန်ဖိုးထားတယ်ဆိုတာ သက်သေပြချင်လို့ပါ။

4. သင့်ကို ပျော်ရွှင်စေတယ်။

သင့်ကို တကယ်ချစ်ရင် ပျော်ရွှင်မှုကို ဦးစားပေးပါတယ် သင်ပျော်ရွှင်နေတာကို မြင်ချင်တဲ့သူပါ။ ဝမ်းနည်းစိတ်ဓာတ်ကျနေတာကိုလည်း လိုလားသူ မဟုတ်ပါဘူး။ သူ့ပျော်ရွှင်မှုတွေ ဆုံးရှုံးရမယ် ဆိုရင်တောင် သင့်မျက်နှာကို အမြဲပြုံးနေစေချင်သူပါ။

ကောင်လေးတွေ တကယ်ချစ်ပြီဆိုရင် ပြုမူတတ်တဲ့အချက် ၉ ချက်

ကောင်လေးတွေ တကယ်ချစ်ပြီဆိုရင် ပြုမူတတ်တဲ့အချက် ၉ ချက်

ကောင်လေးတွေ တကယ်ချစ်ပြီဆိုရင် ပြုမူတတ်တဲ့အချက် ၉ ချက်

5. သင့်မိသားစုနဲ့ ရင်းနှီးအောင်နေတယ်။

သင်နဲ့ပတ်သက်ရုံ မကပါဘူး။ သင့်မိသားစုနဲ့ပါ ရင်းနှီးချင်တာပါ။ သင်နဲ့အနီးဆုံးမှာရှိတဲ့ သူတွေကိုလည်း သူတကယ်ချစ်ကြောင်း ဖော်ပြတတ်ပါသေးတယ်။ သင်တန်ဖိုးထားရတဲ့ မိသားစုကို သူကလည်းတန်ဖိုးထားပါတယ်။

6. သင့်အပေါ် ယုံကြည်တယ်။

သင့်အပေါ် ယုံမှားသံသယမရှိပါဘူး။ သူ့အားနည်းချက်တွေကိုပြောပြီး တစထက်တစ်စ ရင်းနှီးလာအောင်လို့ပါ။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုကိုလည်း သင့်မှာရှိလာအောင် ဖန်တီးပါလိမ့်မယ်။

ကောင်လေးတွေ တကယ်ချစ်ပြီဆိုရင် ပြုမူတတ်တဲ့အချက် ၉ ချက်

ကောင်လေးတွေ တကယ်ချစ်ပြီဆိုရင် ပြုမူတတ်တဲ့အချက် ၉ ချက်

ကောင်လေးတွေ တကယ်ချစ်ပြီဆိုရင် ပြုမူတတ်တဲ့အချက် ၉ ချက်

7. သင့်ဘဝမှာ အဆင်ပြေလွယ်ကူအောင် ဘာမဆိုလုပ်ပေးတတ်တယ်။

သင့်ဘဝကို တတ်နိုင်သမျှ အဆင်ပြေအောင်၊ လွယ်ကူအောင် ကြိုးစားပါတယ်။အိမ်မှုကိစ္စတွေ၊ တောက်တိုမယ်ရ အလုပ်တွေကိုပါ တစ်ခါတလေ လုပ်ပေးတတ်သူပါ။

8. သင့်အပေါ် အမြဲရိုးသားတယ်။

Relationship မှာ ရိုးသားမှုက အရေးကြီးပါတယ်။ ရိုးသားမှုက သူ့ကိုဒုက္ခရောက်စေမယ် ဆိုရင်တောင် သင့်အပေါ်ရိုးသားနေဦးမှာပါ။ ရိုးသားစစ်မှန်တဲ့ သူ့အချစ်တွေနဲ့ သင့်ဘဝကို လုံခြုံမှုပေးတာပါ။

ကောင်လေးတွေ တကယ်ချစ်ပြီဆိုရင် ပြုမူတတ်တဲ့အချက် ၉ ချက်

ကောင်လေးတွေ တကယ်ချစ်ပြီဆိုရင် ပြုမူတတ်တဲ့အချက် ၉ ချက်

ကောင်လေးတွေ တကယ်ချစ်ပြီဆိုရင် ပြုမူတတ်တဲ့အချက် ၉ ချက်

9. လေးလေးစားစား ဆက်ဆံတယ်။

လေးလေးစားစား ဆက်ဆံတာ တန်ဖိုးထားလို့ပါ။ သူ့ကိုဆိုးဆိုးရွားရွား ပြုမူနေရင်တောင် ကိစ္စမရှိပါဘူး။သူကတော့ သင့်ကို အမြဲဂရုစိုက်နေမှာပါ။ ဘာ့ကြောင့်လဲဆိုတော့ အပြန်အလှန် လေးစားမှုတစ်ခုက relationship ကို ခိုင်မြဲစေလို့ပါပဲ။

ရုပ်သံကြည့်ရန်

Zombie (LoveMedia)