ဒီအချက် (၆)ချက်ရှိနေရင် အချစ်ရေးဟာ ရေရှည်မခိုင်မြဲနိုင်တော့ဘူး

ဒီအချက် (၆)ချက်ရှိနေရင် အချစ်ရေးဟာ ရေရှည်မခိုင်မြဲနိုင်တော့ဘူး

ဒီအချက် (၆)ချက်ရှိနေရင် အချစ်ရေးဟာ ရေရှည်မခိုင်မြဲနိုင်တော့ဘူး

အချစ်ဆိုတာ ရေရှည်ခံပြီး သက်ဆုံးထိခိုင်မြဲတာလည်း ရှိသလို၊ အချိန်တိုအတွင်း လွယ်လွယ်လေး အဆုံးသတ်သွားတာမျိုးလည်းရှိပါတယ်။လူတိုင်းကတော့ ကိုယ်ချစ်တဲ့သူနဲ့ အချိန်တွေ အကြာကြီးအတူရှိသွားချင်၊

ကိုယ်တည်ဆောက်ခဲ့တဲ့အချစ်ကို အဆုံးထိ ခိုင်မြဲချင်ကြတာချည်းပါပဲ။ဒါပေမယ့် အခုဖော်ပြမယ့် အချက်တွေ ကြုံနေရပြီဆိုရင်တော့ သင့်ရဲ့ အချစ်ရေးဟာ ရေရှည်မခိုင်မြဲနိုင်တော့ပါဘူး။

ဒီအချက် (၆)ချက်ရှိနေရင် အချစ်ရေးဟာ ရေရှည်မခိုင်မြဲနိုင်တော့ဘူး

၁ မပွင့်လင်းကြဘူး

လူတိုင်းမှာ လျှို့ဝှက်ချက်လေးတွေ ကိုယ်စီရှိကြပါတယ်။ အရာအားလုံးတော့ ကိုယ့်ချစ်သူကို ဖွင့်မပြောကြပါဘူး ။ဒါပေမယ့် သင်တို့နှစ်ယောက်လုံးက တစ်နေ့တစ်နေ့ ကိုယ်ကြုံတွေ့ရတဲ့ အဖြစ်အပျက်လေးတွေကစလို့၊

အဆင်မပြေတာလေးတွေကိုပါ ရင်မဖွင့်ကြတော့ဘူး၊ အရာအားလုံးကို ကိုယ်ဘာသာ တစ်ယောက်တည်းပဲ ခံစားနေတယ် ဖြေရှင်းနေတယ်ဆိုရင်တော့ နှစ်ယောက်သား မပွင့်မလင်းဖြစ်နေကြပါပြီ။ဒီလိုသာဆို ရေရှည်မြဲဖို့ မလွယ်ပါဘူး။

ဒီအချက် (၆)ချက်ရှိနေရင် အချစ်ရေးဟာ ရေရှည်မခိုင်မြဲနိုင်တော့ဘူး

ဒီအချက် (၆)ချက်ရှိနေရင် အချစ်ရေးဟာ ရေရှည်မခိုင်မြဲနိုင်တော့ဘူး

ဒီအချက် (၆)ချက်ရှိနေရင် အချစ်ရေးဟာ ရေရှည်မခိုင်မြဲနိုင်တော့ဘူး

၂ မပျော်ကြဘူး

ချစ်သူတွေဆိုတာ ရန်ဖြစ်တာ၊ စိတ်ကောက်တာတွေ ဘယ်လောက်ရှိရှိ နှစ်ယောက်သားတွေ့ရင်တော့ ပျော်နေကြတာပါပဲ။ တကယ်လို့ သင်တို့နှစ်ယောက်က အတူတူရှိချိန်၊ တွေ့ဆုံချိန်တွေမှာ မပျော်တော့ဘူးဆိုရင်တော့ ဒီအခြေအနေနဲ့ပတ်သက်လို့ စဉ်းစားသင့်နေပါပြီ။

၃ ရှေ့ဆက်ကြဖို့ မဖြစ်နိုင်ဘူးလို့ ခံစားရတယ်

နှစ်ယောက်လုံးက လက်တွဲဖို့ ခက်ခဲတာမျိုးလည်းမရှိ၊ ဘယ်သူမှလည်း ကြားဝင်နှောင့်ယှက်တာတွေ မရှိပါဘဲ၊ ရှေ့ဆက်ဖို့ သိပ်မဖြစ်နိုင်တော့သလို ခံစားရတယ်၊သူနဲ့အတူတူဆိုရင် ပျော်ရွှင်ရပါ့မလားလို့ သံသယတွေဝင်နေတယ် ဆိုရင်လည်း ဒါဟာ ရေရှည်မခိုင်မြဲတော့မယ့် သဘောတစ်ခုပါပဲ။

ဒီအချက် (၆)ချက်ရှိနေရင် အချစ်ရေးဟာ ရေရှည်မခိုင်မြဲနိုင်တော့ဘူး

ဒီအချက် (၆)ချက်ရှိနေရင် အချစ်ရေးဟာ ရေရှည်မခိုင်မြဲနိုင်တော့ဘူး

ဒီအချက် (၆)ချက်ရှိနေရင် အချစ်ရေးဟာ ရေရှည်မခိုင်မြဲနိုင်တော့ဘူး

၄ စတွေ့ချိန်ကနဲ့လုံးဝမတူတော့ဘူးလို့ထင်နေတယ်

သူ့ဘက်ကလည်း ကိုယ့်အပေါ် စတွေ့တုန်းကလောက် မချစ်တော့ဘူးလို့ စိတ်ထဲမှာ ထင်နေသလို၊ ကိုယ့်ဘက်ကလည်း သူ့အပေါ် ချစ်သေးရဲ့လားဆိုတာ မရေမရာဖြစ်နေတယ်။ထွေထွေထူးထူး ရင်ခုန်တာတွေဘာတွေ မရှိတော့လို့ လက်ရှိအချိန်ခံစားချက်ဟာ အချစ်လား၊ သံယောဇဉ်လား မသဲကွဲဘူးဆိုတာမျိုးပေါ့။

၅ ပူလိုက် အေးလိုက်ဖြစ်နေတယ်

ဒါပေမယ့် ပြတ်ကြမလားဆိုတော့လည်း မပြတ်နိုင်ဘူး။ခွဲပြီးနေရင်တော့ သတိရတယ်၊ လွမ်းတယ်၊ တခါတခါကျပြန်တော့လည်း သူမရှိဘဲ နေနိုင်သလို အေးစက်နေတတ်တယ်။ကိုယ့်ကိုယ်ကိုလည်း နားမလည်နိုင်သလိုဖြစ်နေတယ်။ ဒီလိုဖြစ်နေတာက ကောင်းတဲ့အနေအထားတော့မဟုတ်ဘူး၊ လမ်းခွဲကြဖို့အစပြုနေတာမျိုး ဖြစ်နိုင်တယ်။

ဒီအချက် (၆)ချက်ရှိနေရင် အချစ်ရေးဟာ ရေရှည်မခိုင်မြဲနိုင်တော့ဘူး

ဒီအချက် (၆)ချက်ရှိနေရင် အချစ်ရေးဟာ ရေရှည်မခိုင်မြဲနိုင်တော့ဘူး

ဒီအချက် (၆)ချက်ရှိနေရင် အချစ်ရေးဟာ ရေရှည်မခိုင်မြဲနိုင်တော့ဘူး

၆ တစ်ဖက်သတ်ဆန်တဲ့ အနေအထား

သူကပဲ သူ့ကို ဂရုစိုက်နေတာမျိုး၊ စိတ်ပူနေတာမျိုး၊ သဝန်တွေတိုနေတာမျိုး၊ နှစ်ယောက်သားဆက်ဆံရေး ပျက်စီးသွားမှာစိုးလို့ကိုယ့်ဘက်ကပဲ လိုက်ပြီး ညှိနှိုင်းနေတာမျိုးဖြစ်နေမယ်၊

ဒါမှမဟုတ် ကိုယ့်ဘက်က အေးစက်နေပြီး သူ့ဘက်က အဲ့ဒီလိုတွေဖြစ်နေမယ်ဆိုရင် ဒီဆက်ဆံရေးက တစ်ဖက်သတ်ဖြစ်နေပါပြီ။ ဒီလိုဆိုရင်လည်း သင်တို့နှစ်ယောက်က ရေရှည်အဆင်ပြေဖို့ မလွယ်တော့ပါဘူး။

Credit RAY

Zawgyi




ဒီအချက် (၆)ချက်ရှိနေရင် အချစ်ရေးဟာ ရေရှည်မခိုင်မြဲနိုင်တော့ဘူး

၁ မပွင့်လင်းကြဘူး



ဒီအချက် (၆)ချက်ရှိနေရင် အချစ်ရေးဟာ ရေရှည်မခိုင်မြဲနိုင်တော့ဘူး

ဒီအချက် (၆)ချက်ရှိနေရင် အချစ်ရေးဟာ ရေရှည်မခိုင်မြဲနိုင်တော့ဘူး

ဒီအချက် (၆)ချက်ရှိနေရင် အချစ်ရေးဟာ ရေရှည်မခိုင်မြဲနိုင်တော့ဘူး

၂ မပျော်ကြဘူး




ဒီအချက် (၆)ချက်ရှိနေရင် အချစ်ရေးဟာ ရေရှည်မခိုင်မြဲနိုင်တော့ဘူး

ဒီအချက် (၆)ချက်ရှိနေရင် အချစ်ရေးဟာ ရေရှည်မခိုင်မြဲနိုင်တော့ဘူး

ဒီအချက် (၆)ချက်ရှိနေရင် အချစ်ရေးဟာ ရေရှည်မခိုင်မြဲနိုင်တော့ဘူး

၎ စတွေ့ချိန်ကနဲ့လုံးဝမတူတော့ဘူးလို့ထင်နေတယ်




ဒီအချက် (၆)ချက်ရှိနေရင် အချစ်ရေးဟာ ရေရှည်မခိုင်မြဲနိုင်တော့ဘူး

ဒီအချက် (၆)ချက်ရှိနေရင် အချစ်ရေးဟာ ရေရှည်မခိုင်မြဲနိုင်တော့ဘူး

ဒီအချက် (၆)ချက်ရှိနေရင် အချစ်ရေးဟာ ရေရှည်မခိုင်မြဲနိုင်တော့ဘူး

၆ တစ္ဖက္သတ္ဆန္တဲ့ အေနအထား

