တစ်ဖက်လူက သင့်ကို အထင်သေးသွားစေမယ့် အပြုအမူ (၉)ခု

တစ်ဖက်လူက သင့်ကို အထင်သေးသွားစေမယ့် အပြုအမူ (၉)ခု

တစ်ဖက်လူက သင့်ကို အထင်သေးသွားစေမယ့် အပြုအမူ (၉)ခု

တစ်ဖက်လူက သင့်ကို အထင်သေးသွားစေမယ့် အပြုအမူ (၉)ခု

လူတစ်ယောက်ကို စစတွေ့ချင်းစက္ကန့် (၃၀) မှာ သင့်ကို အထင်ကြီးသွားအောင် ဖန်တီးလို့ရတယ်လို့ ပြောပါတယ်။ ပြီးတော့ နှုတ်ကနေ ပြောလိုက်တဲ့ စကားတွေထက် ခန္ဒာကိုယ် အမူအရာက ပိုပြီးအရေးကြီး နေပါသေးတယ်။

ဒါကြောင့် ကိုယ်အမူအရာ အမှားတွေကို ပြုပြင်ပြီးတော့ သူစိမ်းတစ်ယောက်က အထင်ကြီးလာအောင် လုပ်သင့်ပါတယ်။လူတစ်ယောက်က ကိုယ့်ကို အထင်အမြင်သေးသွားတာကို ပြန်ပြုပြင်ဖို့ မလွယ်ကူပါဘူး။ ဘယ်လို ကိုယ်အမူအရာတွေက တစ်ဖက်သူကို စော်ကားသလို ဖြစ်နေလဲ ဆိုတာကို ပြောပြပေးချင်ပါတယ်နော်။

၁။ နာရီခဏခဏ ကြည့်ခြင်း

ဒီလို နာရီခဏခဏကြည့်တာဟာ သင်က သူတို့နှင့် စကားပြောရတာကို စိတ်မပါကြောင်း ပြသလို ဖြစ်သွားပြီးတော့ ဒီနေရာကနေ ထွက်သွားချင်နေတဲ့ ပုံစံမျိုး ဖြစ်နေပါတယ်။ သင်တကယ် သွားစရာရှိတဲ့အခါ ပွင့်ပွင့်လင်းလင်း ပြောဆိုပါ။

ပြီးတော့ ဖုန်းမှာလဲ alarm တစ်ခု ပေးထားလိုက်ပါ။ ဒီလိုလုပ်ခြင်းဟာ သူတို့ကို အလေးထားရာ ရောက်ပါတယ်။ ပြီးတော့ လူတွေဟာအခြေအနေတစ်ခုခု (သို့) ပြဿနာ တစ်ခုခုကို သတိထားမိတဲ့အခါ ပိုပြီးနားလည်မှုပေးလေ့ ရှိပါတယ်။

တစ်ဖက်လူက သင့်ကို အထင်သေးသွားစေမယ့် အပြုအမူ (၉)ခု

၂။ လက်ဆွဲနှုတ်ဆက်တဲ့အခါ အားမပါခြင်း

လက်ဆွဲနှုတ်ဆက်တဲ့အခါ ပျော့တိပျော့ရွဲနဲ့ အားမထည့်ပဲ နှုတ်ဆက်တာက တစ်ဖက်သူကို ဂရုမစိုက်သလို အခြေအနေမျိုး ဖြစ်စေပါတယ်။သင့်လုပ်ငန်းခွင်မှ တစ်စုံတစ်ယောက်က သင့်ကို ဒီလိုနှုတ်ဆက်တယ် ဆိုလည်း သဘောကျမှာ မဟုတ်ပါဘူး။

ဒါ့ကြောင့် ခိုင်မာတဲ့ (အရမ်းလည်း အားမပြင်းတဲ့) အားနဲ့ နှုတ်ဆက်တာက တစ်ဖက်လူကို သင်ဟာ စေ့စပ်ပြီး သေချာတဲ့လူလို့ ခံစားရစေနိုင်ပါတယ်။ပြီးတော့ နွေးထွေးတဲ့ မျက်လုံးနဲ့ အကြည့်ချင်းဆုံအောင် လိုက်ကြည့်ပါ။ အလွန်အကျွံ ကြည့်မိရင်တော့ တစ်ဖက်လူက အနေရခက်နေပါလိမ့်မယ်။

၃။ ဖုန်း (သို့) လက်ထဲမှာ တစ်ခုခု ကိုင်ထားခြင်း

တစ်ယောက်ယောက်က စကားလာပြောပြီဆိုရင် သင်ဖုန်းကိုင်နေတာပဲဖြစ်ဖြစ်၊ စာအုပ် ဖတ်နေတာပဲဖြစ်ဖြစ် လက်ထဲမှာရှိတဲ့ အရာကို စားပွဲပေါ်သို့ တင်လိုက်သင့်ပါတယ်။ဒီလို တင်လိုက်တာဟာ တစ်ဖက်သူကို အလေးထားသလို

တစ်ဖက်လူက သင့်ကို အထင်သေးသွားစေမယ့် အပြုအမူ (၉)ခု

တစ်ဖက်လူက သင့်ကို အထင်သေးသွားစေမယ့် အပြုအမူ (၉)ခု

တစ်ဖက်လူက သင့်ကို အထင်သေးသွားစေမယ့် အပြုအမူ (၉)ခု

ဖြစ်သွားပြီးတော့ သင်တို့ကြားထဲမှာလည်း စကားပြောရတာ ပိုအဆင်ပြေစေပါလိမ့်မယ်။ ဟိုဘက်ကလူကလည်း သူ့ကို အလေးပေးတယ်လို့ သတ်မှတ်ပြီးတော့ သင်တို့ကြား ရင်းနှီးမှုတွေ တိုးလာစေမှာပါ။

၄။ အရမ်း နီးနီးကပ်ကပ်နေခြင်း

လူတစ်ဦးရဲ့ ကိုယ်ပိုင်နေရာဟာ ၁.၅ မှ ၄ ပေ ( ၄၅ စင်တီမီတာမှ ၁၂၂ စင်တီမီတာ ) အထိရှိပြီး အခြားလူတစ်ယောက်က သင့်ရဲ့ခွင့်ပြုချက်မရှိပဲ သင့်အနားမကပ်သင့်တဲ့ အကွာအဝေးပဲ ဖြစ်ပါတယ်။ဒီအကွအဝေးတွေကို မသိပဲ လူတစ်ယောက်နား

အရမ်းကပ်သွားရင် သင့်ကို ယဉ်ကျေးမှု မရှိတဲ့သူလို့ ထင်သွားနိုင်အပြင် သူတို့ကို ရန်လိုမလားလို့တောင် တွေးမိသွားနိုင်ပါတယ်။ ဒါကြောင့် တစ်စုံတစ်ယောက်နဲ့ တွေ့ပြီဆိုရင် သူတို့ဘက်က ချည်းကပ်လာတာကိုပဲ အရင်စောင့်သင့်ပါတယ်။

တစ်ဖက်လူက သင့်ကို အထင်သေးသွားစေမယ့် အပြုအမူ (၉)ခု

တစ်ဖက်လူက သင့်ကို အထင်သေးသွားစေမယ့် အပြုအမူ (၉)ခု

တစ်ဖက်လူက သင့်ကို အထင်သေးသွားစေမယ့် အပြုအမူ (၉)ခု

၅။ အင်္ကျီကို ခဏခဏ ကိုင်နေခြင်း

လူတွေဟာ တစ်ခါတစ်လေမှာ အင်္ကျီမှာပါတဲ့ အမွှေးစလေးတွေကို အငြိမ်မနေပဲ ဆွဲထုတ်လေ့ ရှိပါတယ်။ ဒီလိုလုပ်တာက သင့်ကို တစ်ဖက်သားက တော်တော်ကိုအထင်သေးစေနိုင်ပြီးတော့ သူ့ကိုလည်း စိတ်မဝင်စားဘူး ဆိုတဲ့ သဘောလည်း ဖြစ်နေပါတယ်။ သူ့ကိုလည်း လေးစားတဲ့ အမူအရာမျိုး ဖြစ်မနေတာကြောင့် သင့်ကိုလည်း ပြန်ပြီး အထင်သေးသွားနိုင်ပါတယ်။

၆။ လက်များကို ပွတ်သပ်နေခြင်း

တစ်စုံတစ်ဦးက တစ်ခုခုကို တင်ပြနေတဲ့အချိန် (ဒါမှမဟုတ်) သူတို့ရဲ့ စိတ်ကူးတွေကို ဖော်ပြနေတဲ့အချိန်မှာ သင့်လက်တွေကို ပွတ်သတ်နေတာက မကောင်းပါဘူး။သင်က ဒီလိုတွေ လုပ်နေတာကြောင့် ရှင်းပြနေတဲ့သူက သူတို့ဘာများ မှားသွားလို့လဲ ဆိုတဲ့

တစ်ဖက်လူက သင့်ကို အထင်သေးသွားစေမယ့် အပြုအမူ (၉)ခု

တစ်ဖက်လူက သင့်ကို အထင်သေးသွားစေမယ့် အပြုအမူ (၉)ခု

တစ်ဖက်လူက သင့်ကို အထင်သေးသွားစေမယ့် အပြုအမူ (၉)ခု

အတွေးတွေ ဝင်လာပြီးတော့ သူတို့ရဲ့စိတ်ကူးတွေ စကားတွေ အလွဲလွဲအချော်ချော်ဖြစ်သွားနိုင်ပါတယ်။ဒီအမူအရာက negative ဆန်စေပြီးတော့ ဖြစ်နိုင်ရင် သင့်လက်တွေကို စားပွဲခုံအောက်မှာပဲဖြစ်ဖြစ်၊ ပေါင်ပေါ်မှာပဲဖြစ်ဖြစ် တင်ထားသင့်ပါတယ်။

၇။ သင့်ရဲ့ခြေထောက်ကို သတိထားပါ။

ခြေထောက်တွေက သင်ခန္ဓာကိုယ်ရဲ့ သွားချင်နေတဲ့နေရာကို အမြဲလှည့်နေလေ့ ရှိပါတယ်။ ပြီးတော့ တစ်စုံတစ်ယောက်နဲ့ စကားပြောရင် သူတို့ဘက်ကို ခြေဦးလှည့်ထားတာကသူတို့ကို အလေးပေးတယ်လို့ ခံစားရစေပါတယ်။

သင်တစ်နေရာရာကို အရမ်း သွားချင်နေပေမယ့်လည်း သူတို့ပြောတာကို ရပ်ပြီးနားထောင်ပေးတာက သင့်ကို သူတို့စိတ်ထဲမှာ စွဲနေစေပါလိမ့်မယ်။

တစ်ဖက်လူက သင့်ကို အထင်သေးသွားစေမယ့် အပြုအမူ (၉)ခု

တစ်ဖက်လူက သင့်ကို အထင်သေးသွားစေမယ့် အပြုအမူ (၉)ခု

တစ်ဖက်လူက သင့်ကို အထင်သေးသွားစေမယ့် အပြုအမူ (၉)ခု

၈။ ခုံရဲ့ အစွန်မှာထိုင်ခြင်း

စီးပွားရေး အစည်းအဝေး (သို့) ညစာစားပွဲမှာ သင်ထိုင်တဲ့ပုံစံက လူတွေအားလုံးကို message တွေ ပေးနိုင်ပါတယ်။ တကယ်လို့ သင်ဟာ ထိုင်ခုံရဲ့ အစွန်မှာထိုင်နေတယ် ဆိုရင်တော့ သင်ဟာစိတ်မသက်မသာ ဖြစ်တာကို ခံစားနေရပြီး မိမိကိုယ်မိမိ

ယုံကြည်ချက် ပျောက်ဆုံးနေတယ် ဆိုတာကို ဖော်ပြနေသလိုပါပဲ။ဒါကြောင့် ခုံပေါ်မှာထိုင်ရင် တသက်သာနဲ့ကိုယ်နေကိုယ်ထား ဖြောင့်မတ်နေဖို့ လိုပါတယ်။ ဤနည်းအားဖြင့် သင်ဟာသင်ရဲ့ ယုံကြည်မှုနှင့်စိတ်ကူးတွေ ကိုယုံကြည်ကြောင်း လူတိုင်းကို ပြသလို ဖြစ်နေပါလိမ့်မယ်။

၉။ တစ်ဖက်လူရဲ့ အမူအရာတိုင်း လိုက်မလုပ်ခြင်း

စက်ရုပ်တွေလိုမျိုးတော့ တစ်ဖက်လူရဲ့ အမူအရာအတိုင်း လိုက်လုပ်ခိုင်းတာတော့ မဟုတ်ပါဘူး။ ပြီးတော့ တစ်ဖက်က ဒေါသထွက်ရင် ကိုယ်ပါလိုက်ထွက်ခိုင်းတာမျိုး မဟုတ်ပါဘူး။

တစ်ဖက်လူက သင့်ကို အထင်သေးသွားစေမယ့် အပြုအမူ (၉)ခု

တစ်ဖက်လူက သင့်ကို အထင်သေးသွားစေမယ့် အပြုအမူ (၉)ခု

တစ်ဖက်လူက သင့်ကို အထင်သေးသွားစေမယ့် အပြုအမူ (၉)ခု

တစ်ဖက်က ရယ်ပြီးစကားပြောရင် ကိုယ့်ဘက်ကနေ ရယ်ပြီးပြန်ဖြေတာမျိုးကို ဆိုလိုတာပါ။ ဒီလို လုပ်တာဟာ သူတို့ကသင့်ရဲ့ထောက်ခံမှုနဲ့ ယုံကြည်မှုကို ရတယ်လို့ ခံစားရစေပြီး သူတို့ပြောနေတာတွေကို ပိုလို့တောင် ယုံကြည်မှု ရသွားစေပါတယ်။

Credit