အင်ဒိုနီးရှား အမျိုးသမီးတွေ ရှိရင်းစွဲအသက်ထက် နုပျိုနေရတဲ့ လျှို့ဝှက်ချက် (၇) ချက်

အင်ဒိုနီးရှား အမျိုးသမီးတွေ ရှိရင်းစွဲအသက်ထက် နုပျိုနေရတဲ့ လျှို့ဝှက်ချက် (၇) ချက်

အင်ဒိုနီးရှား အမျိုးသမီးတွေ ရှိရင်းစွဲအသက်ထက် နုပျိုနေရတဲ့ လျှို့ဝှက်ချက် (၇) ချက်

နိုင်ငံတိုင်းမှာ သူတို့ရဲ့ကိုယ်ပိုင်အလှအပ နည်းလမ်းတွေ လျှို့ဝှက်ချက်တွေ ရှိကြပါတယ်။ အင်ဒိုနီးရှား အမျိုးသမီးတွေဆိုရင် အသက် ၅၃ နှစ်အရွယ် ရှိရင်တောင် အသက် ၃၅ နှစ်လို့ ထင်ရလောက်အောင် နုပျိုကြပါတယ်။ အင်ဒိုနီးရှား အမျိုးသမီးတွေရဲ့ နုပျိုရတဲ့ လျှို့ဝှက်ချက်တွေကို love media ကနေ ဖော်ပြပေးလိုက် ပါတယ်နော်။

အင်ဒိုနီးရှား အမျိုးသမီးတွေ ရှိရင်းစွဲအသက်ထက် နုပျိုနေရတဲ့ လျှို့ဝှက်ချက် (၇) ချက်

အင်ဒိုနီးရှား အမျိုးသမီးတွေ ရှိရင်းစွဲအသက်ထက် နုပျိုနေရတဲ့ လျှို့ဝှက်ချက် (၇) ချက်

၁။ ဆန်မှုန့်ကို အသုံးပြုခြင်း

အင်ဒိုနီးရှား အမျိုးသမီးတွေက ဆန်မှု့န်ကို ရေနဲ့ဖျော်ပြီး ရလာတဲ့အနှစ်ကို mask အဖြစ် ကပ်ရုံမကပါဘူး။ ဆန်မှုန့်ကို body scrub အဖြစ်လည်း အသုံးပြုကြပါတယ်။ တစ်ခါတရံ ဆန်မှုန့်ထဲကိုစ်ကြံပိုးမှုန့်၊ ဂျင်းမှုန့်၊ နနွင်းမှုန့်၊ စန္ဒကူးမှု့န်တွေ ထည့်ပြီးတော့လည်း body scrub အဖြစ် ပွတ်တိုက်ကြပါတယ်။ ဆန်မှုန့်က အသားအရေကို နူးညံ့စေပြီး သန့်စင်စေလို့ပါ။

အင်ဒိုနီးရှား အမျိုးသမီးတွေ ရှိရင်းစွဲအသက်ထက် နုပျိုနေရတဲ့ လျှို့ဝှက်ချက် (၇) ချက်

၂။ အကြောပြတ်ရာများကို ကာကွယ်ခြင်း

အကြောပြတ်ရာတွေ ဖြစ်လာမှ မှေးမှိန်အောင် လုပ်တာထက် အကြောပြတ်ရာ မဖြစ်အောင် ကာကွယ်တာက ပိုပြီးလွယ်ကူပါတယ်။ အင်ဒိုနီးရှား အမျိုးသမီးတွေက ဗိုက်ကို mask ကပ်ပါတယ်။ ဆန်မှုန့်နဲ့ kencur

လို့ခေါ်တဲ့ ဂျင်းလိုအမှုန့်ကို ရောပြီး ရလာတဲ့အနှစ်ကို ဗိုက်မှာ ကပ်တာပါ။ အဲဒီအနှစ်က အသားအရေကို တင်းရင်းစေပါတယ်။ ကလေးမွေးဖွားပြီးတဲ့ အမျိုးသမီးတွေ ဆိုရင်လည်း ဒီနည်းကို သုံးကြပါတယ်။

အင်ဒိုနီးရှား အမျိုးသမီးတွေ ရှိရင်းစွဲအသက်ထက် နုပျိုနေရတဲ့ လျှို့ဝှက်ချက် (၇) ချက်

၃။ သေဘၤာသီး

အင်ဒိုနီးရှား အမျိုးသမီးတွေက သင်္ဘောသီးကို မျက်နှာလိမ်းဖို့ နို့နဲ့ရောလိမ်းသလို နို့မပါဘဲနဲ့လည်း လိမ်းပါတယ်။ သင်္ဘောသီးနဲ့ လိမ်းတဲ့အခါ မျက်နှာလည်း glow ပါတယ်။ ဆံပင်ဖွာတာကို ကာကွယ်ဖို့ သင်္ဘောသီးကို ကြိတ်ပြီး ခေါင်းမှာလိမ်းပါတယ်။ တစ်နာရီကြာ ထားပြီရင်လည်း ရေဆေးချ လိုက်ပါတယ်။

၄။ ရေချိုးဖို့အတွက် ဆိတ်နို့ကို သုံးခြင်း

ဂျာဗားမင်းသမီးက ရှေးတုန်းက ရေချိူးရင် ဆိတ်နို့ကို သုံးပါတယ်။ ဆိတ်နို့က အသားအရေကို နူးညံ့စေတဲ့အပြင် ငယ်ရွယ်နုပျိုစေပါတယ်။ ဆိတ်နို့ကို ရေချိုးကန် ထဲမှာထည့်ပြီး မိနစ် ၃၀ ခန့် ရေစိမ်တဲ့နည်း ဖြစ်ပါတယ်။

အင်ဒိုနီးရှား အမျိုးသမီးတွေ ရှိရင်းစွဲအသက်ထက် နုပျိုနေရတဲ့ လျှို့ဝှက်ချက် (၇) ချက်

အင်ဒိုနီးရှား အမျိုးသမီးတွေ ရှိရင်းစွဲအသက်ထက် နုပျိုနေရတဲ့ လျှို့ဝှက်ချက် (၇) ချက်

အင်ဒိုနီးရှား အမျိုးသမီးတွေ ရှိရင်းစွဲအသက်ထက် နုပျိုနေရတဲ့ လျှို့ဝှက်ချက် (၇) ချက်

၅။ Cream-bath နည်းလမ်း

အင်ဒိုနီးရှားနိုင်ငံမှာ cream-bath ဆိုတာ creamနဲ့ ရေချိုးတာ မဟုတ်ပါဘူး။ အရင်ဆုံး ထောပတ်သီးနဲ့ ဆံပင်ကို သုတ်လိမ်းပြီး ပေါင်းတင်တာပါ။ ပေါင်းတင်ထားတဲ့အချိန်မှာ ဦးရေပြား၊ လည်ပင်းနဲ့ ပုခုံးကိညင်ညင်သာသာ နှိပ်နယ်ပေးပါတယ်။ နှိပ်နယ်ပြီးချိန်မှာ ခေါင်းလျှော်ပြီး ဆံပင်ကို လေမှုတ်ပါတယ်။ Crean bath က ခန္ဓာကိုယ်ကို အပန်းပြေစေပြီး ဆံပင်ကိုလည်း ကျန်းမာစေပါတယ်။

၆။ တစ်ပတ်နှစ်ကြိမ် နှိပ်နယ်ခြင်း

အင်ဒိုနီးရှား လူမျိုးတွေက နှိပ်နယ်ခြင်းကို အထူးအရေးပေး လုပ်ဆောင်ကြပါတယ်။ နှိပ်နယ်တဲ့အခါ အကြောတွေပြေပြီး ခန္ဓာကိုယ်က အမြဲလန်းဆန်း လာစေလို့ပါ။

အင်ဒိုနီးရှား အမျိုးသမီးတွေ ရှိရင်းစွဲအသက်ထက် နုပျိုနေရတဲ့ လျှို့ဝှက်ချက် (၇) ချက်

အင်ဒိုနီးရှား အမျိုးသမီးတွေ ရှိရင်းစွဲအသက်ထက် နုပျိုနေရတဲ့ လျှို့ဝှက်ချက် (၇) ချက်

အင်ဒိုနီးရှား အမျိုးသမီးတွေ ရှိရင်းစွဲအသက်ထက် နုပျိုနေရတဲ့ လျှို့ဝှက်ချက် (၇) ချက်

၇။ စိတ်ကို ပျော်အောင်ထားခြင်း

အင်ဒိုနီးရှား blogger တွေထဲက နာမည်ကြီး blogger တစ်ယောက်ဟာ အသက် ၅၃ နှစ် ရှိနေပေမယ့်လည်း အသက် ၃၅ နှစ်လို့ပဲ ထင်ရပါတယ်။ သူ့ရဲ့လျှို့ဝှက်ချက်ကတော့ စိတ်ကို ပျော်အောင် ထားတာပါ။စိတ်ပျော်ရွှင်တဲ့အခါ အသက်အရွယ်လည်း နုပါတယ်။ စိတ်ပျော်ရွှင်ဖို့အတွက် သင့်ကိုယ်သင် ချစ်ဖို့ မမေ့ပါနဲ့နော်။

Zombie (Lovemedia)

Unicode