ရန်ကုန် မီးပွိုင့်တစ်ခုတွင်

ရန်ကုန် မီးပွိုင့်တစ်ခုတွင်

ရန်ကုန် မီးပွိုင့်တစ်ခုတွင်

ရန်ကုန်၊ လှိုင်သာယာမြို့နယ်၊ ဘုရားလမ်းမီးပွိုင့် ယာဉ်ထိန်းရဲရုံးတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို (အောက်တိုဘာ ၁) မွန်းတည့် ၁၂ ဝန်းကျင်၌ ပစ်ခတ်တိုက်ခဲ့ရာ ၂ ဦး သေဆုံးပြီး ၇ ဦးခန့် ဒဏ်ရာရရှိသွားသည်ဟု သိရှိရသည်။

ထိုတိုက်ခိုက်မှုကို ဆောင်ရွက်ခဲ့သူမှာ ရန်ကုန်အခြေစိုက် Burma Gunstars အဖွဲ့က ဆောင်ရွက်ခြင်းဟု သိရှိရသည်။ ထိုတိုက်ခိုက်မှုနှင့် ပတ်သက်ပြီး စစ်ကောင်စီက သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။

Burma Gunstars အဖွဲသည် တပ်မ (၇၇) လက်အောက်ခံ ၁၀၆ တပ်ရင်း ကိုပစ်ခတ်ခြင်းနှင့် ရန်ကုန် သာကေတ အမှတ် (၁) ရဲစခန်းကို ပစ်ခတ်ခြင်းများဆောင်ရွက်ခဲ့သော အဖွဲ့ဖြစ်ကြောင်းသိရှိရသည်။

စစ်အာဏာသိမ်းမှုကို ငြိမ်းချမ်းစွာ ဆန္ဒပြကန့်ကွက်သူများ အကြမ်းဖက်ပစ်ခတ်ခံရပြီးနောက် ဇွန်လမှ စတင်ပြီး ရန်ကုန်နှင့် မြန်မာနိုင်ငံအနှံ့အပြားရှိ မြို့ကြီးများတွင် ဗုံးပေါက်ကွဲမှုများ ဆက်တိုက်ဖြစ်ပေါ်လာခဲ့သည်။

ရန်ကုန်မြို့ အချက်အချာမြို့နယ်များဖြစ်သည့် ကမာရွတ်၊ လှိုင်နှင့် မြောက်ဥက္ကလာမြို့နယ်များတွင် စက်တင်ဘာလအတွင်းက ဗုံးပေါက်ကွဲမှု၊ ပစ်ခတ်မှုများ မကြာခဏဆိုသလိုဖြစ်ပွားခဲ့ပြီး စက်တင်ဘာ ၂၈ နံနက်ပိုင်းက

ရန်ကုန်မြို့လယ် ကျောက်တံတားရဲစခန်းရှိ ရဲဝန်ထမ်းများနေထိုင်ရာ ၄ လွှာတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သည်။ source-မြန်မာနောင်း

Credit

Unicode

ရန္ကုန္ မီးပြိဳင့္တစ္ခုတြင္

ရန္ကုန္၊ လႈိင္သာယာၿမိဳ႕နယ္၊ ဘုရားလမ္းမီးပြိဳင့္ ယာဥ္ထိန္းရဲ႐ုံးတြင္ တပ္စြဲထားသည့္ စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ားကို (ေအာက္တိုဘာ ၁) မြန္းတည့္ ၁၂ ဝန္းက်င္၌ ပစ္ခတ္တိုက္ခဲ့ရာ ၂ ဦး ေသဆုံးၿပီး ၇ ဦးခန႔္ ဒဏ္ရာရရွိသြားသည္ဟု သိရွိရသည္။

ထိုတိုက္ခိုက္မႈကို ေဆာင္႐ြက္ခဲ့သူမွာ ရန္ကုန္အေျခစိုက္ Burma Gunstars အဖြဲ႕က ေဆာင္႐ြက္ျခင္းဟု သိရွိရသည္။ ထိုတိုက္ခိုက္မႈႏွင့္ ပတ္သက္ၿပီး စစ္ေကာင္စီက သတင္းထုတ္ျပန္ျခင္း မရွိေသးေပ။

Burma Gunstars အဖြဲသည္ တပ္မ (၇၇) လက္ေအာက္ခံ ၁၀၆ တပ္ရင္း ကိုပစ္ခတ္ျခင္းႏွင့္ ရန္ကုန္ သာေကတ အမွတ္ (၁) ရဲစခန္းကို ပစ္ခတ္ျခင္းမ်ားေဆာင္႐ြက္ခဲ့ေသာ အဖြဲ႕ျဖစ္ေၾကာင္းသိရွိရသည္။

စစ္အာဏာသိမ္းမႈကို ၿငိမ္းခ်မ္းစြာ ဆႏၵျပကန႔္ကြက္သူမ်ား အၾကမ္းဖက္ပစ္ခတ္ခံရၿပီးေနာက္ ဇြန္လမွ စတင္ၿပီး ရန္ကုန္ႏွင့္ ျမန္မာႏိုင္ငံအႏွံ႔အျပားရွိ ၿမိဳ႕ႀကီးမ်ားတြင္ ဗုံးေပါက္ကြဲမႈမ်ား ဆက္တိုက္ျဖစ္ေပၚလာခဲ့သည္။

ရန္ကုန္ၿမိဳ႕ အခ်က္အခ်ာၿမိဳ႕နယ္မ်ားျဖစ္သည့္ ကမာ႐ြတ္၊ လႈိင္ႏွင့္ ေျမာက္ဥကၠလာၿမိဳ႕နယ္မ်ားတြင္ စက္တင္ဘာလအတြင္းက ဗုံးေပါက္ကြဲမႈ၊ ပစ္ခတ္မႈမ်ား မၾကာခဏဆိုသလိုျဖစ္ပြားခဲ့ၿပီး စက္တင္ဘာ ၂၈ နံနက္ပိုင္းက

ရန္ကုန္ၿမိဳ႕လယ္ ေက်ာက္တံတားရဲစခန္းရွိ ရဲဝန္ထမ္းမ်ားေနထိုင္ရာ ၄ လႊာတြင္ ဗုံးေပါက္ကြဲမႈျဖစ္ပြားခဲ့သည္။ source-ျမန္မာေနာင္း