ယောကျာ်းလေးများကြောက်သော မိန်းကလေး အမျိုးအစားများ…

ယောကျာ်းလေးများကြောက်သော မိန်းကလေး အမျိုးအစားများ…

ယောကျာ်းလေးများကြောက်သော မိန်းကလေး အမျိုးအစားများ…

ကြည့်ရတာ စိတ်ဝင်စားကြတဲ့အတွက် ထပ်တင်လိုက်ပါတယ်။ ကျွန်မလည်း ဒီ(၁၀)မျိုးထဲက အနည်းဆုံး (၇) မျိုးလောက်တော့ နည်းနည်းစီပါ ပါတယ်။ အချိန်ယူပြီး ဝင်ရောက်ဖတ်ရှု့တဲ့အတွက်လည်း ကျေးဇူး တင်ပါတယ်။

ဘယ်လို မိန်းကလေးမျိုးကို ယောက်ျားများ ကြောက်ကြပါသလဲ။မိန်းကလေးတိုင်း(၁၀)မျိုးထဲတွင် တစ်မျိုးမက နှစ်မျိုးပါဝင်နေမည်မှာ ဧကန်မလွဲပင်။ သင်သည် ဘယ်လိုမိန်းကလေးမျိုးလဲ ကိုယ်ကို သုံးသပ်ဖူးပါသလား၊

ယောကျာ်းလေးများကြောက်သော မိန်းကလေး အမျိုးအစားများ…

(၁) ညစ်ပတ်သောမိန်းမ

ညစ်ပတ်သောယောက်ကျားမှာ ချစ်သူရနိုင်သော်လည်း ညစ်ပတ်သော မိန်းကလေးကိုမူ နှာခေါင်းရှုံ့ ချင်ကြသည်။ မသန့်ရှင်းသော မိန်းကလေးများ၏ အိပ်ခန်းမှာ အမှိုက်ဗုံးများ ပေါက်ကွဲထား သလို ကျောချစရာမရှိအောင် ရှုတ်ပွနေတတ်သည်။

ပစ္စည်းတစ်ခု ပျောက်လျှင် လွယ်လွယ်နှင့် ရှာလို့မ ရတော့ပေ။ ၎င်းကဲ့သို့သော မိန်းကလေးသည် အပြင်ထွက်လျှင် ရှုပ်ပွနေသော အိတ်ထဲမှ သော့ကို အလွယ်တကူ ရှာမတွေ့နိုင်တော့။ ဝတ်ထားသော အဝတ်အစားမှာလည်း အဝတ်လျှော်စက်ထဲက ယခုမှထုတ်လာသည့် အတိုင်းပင်၊

ဝတ်ထားသော အနွေးထည်မှာလည်း ကြယ်သီးများပြုတ်၊ ချုပ်ရိုးများ ပြေနေတတ်သည်။လက်သည်း ခြေသည်းများလည်း ဂျီးများနှင့် မဲနေတတ်ပြီး ဆိုးထားသော လက်သည်းနီများလည်း ညီညာမှု မရှိပေ။ အဆိုးဆုံးမှာ စကားပြောဖို့ ပါးစပ်ဟလိုက်သည်တွင် အာပုပ်နံ့ရနေတတ်သည်။ သွားများတွင်လည်း ဟင်းဖတ်များ ကပ်နေတတ်သည့်အပြင် နုတ်ခမ်းနီများ လည် ပေကျံနေတတ်သည်။

ရာသီသွေး အမျိုးအစားကနေသိနိုင်တဲ့ သင့်ရဲ့ကျန်းမာရေးအခြေအနေ…

ရာသီသွေး အမျိုးအစားကနေသိနိုင်တဲ့ သင့်ရဲ့ကျန်းမာရေးအခြေအနေ…

ရာသီသွေး အမျိုးအစားကနေသိနိုင်တဲ့ သင့်ရဲ့ကျန်းမာရေးအခြေအနေ…

(၂)အတင်းပြောသောမိန်းမ

BMW ကုမ္ပဏီမှထုတ်သောကားများကို ယောကျာ်းများကြိုက်ကြသော်လည ်း BMW (Big Mouth Women)မိန်းကလေးများကိုတော့ လန့်တတ်ကြသည်တစ်အိမ်တက်ဆင်းဖြင့် အတင်းပြောနေရလျှင် ထမင်းမေ့ ဟင်းမေ့သောသူဖြစ်သည်။ တစ်ခါတရံ သူမပြောသော စကားများသည် အမှန်ဖြစ်ကြောင်း ယောကျာ်းလေးများကို သူမအား ထောက်ခံရန် မဲဆွယ်တတ်သေးသည်။

တချို့ယောကျာ်းလေးများက မထောက်ခံလျှင် သူမသာ အမြှန်ဖစ်ကြောင်း ငြင်းချက်များထုတ်တတ်သေးသည်။ ထိုမိန်းကလေးမျိုးကို အိမ်ထောင်ပြုမိပါက ယောက္ခမနှင့် ချွေးမတို့၏ စစ်ပွဲ စတင်ခြင်းပင် ဖြစ်သည်၎င်းအပြင် ဆွေမျိုးသားချင်း သူငယ်ချင်းများကပါ စက်ကွင်း မလွတ်နိုင်တော့ချေ။အတင်းပြောတတ်သော အမှန်မကန် စကားပြော တတ်သော မိန်းကလေးများကို ယောကျာ်းလေးများသာမက မိန်းကလေးများလည်း ဝေးဝေးရှောင် နိုင်ရမည်။

ရာသီသွေး အမျိုးအစားကနေသိနိုင်တဲ့ သင့်ရဲ့ကျန်းမာရေးအခြေအနေ…

ရာသီသွေး အမျိုးအစားကနေသိနိုင်တဲ့ သင့်ရဲ့ကျန်းမာရေးအခြေအနေ…

ရာသီသွေး အမျိုးအစားကနေသိနိုင်တဲ့ သင့်ရဲ့ကျန်းမာရေးအခြေအနေ…

သူမ၏ အမှန်မကန် ပြောသော စကားလေပွေထဲတွင် ဝင်မပါမိအောင် သတိထားရမည်ဖြစ်သည်။

(၃)စကားများသောမိန်းမ

ထိုမိန်းကလေးမျိုးသည် စကားပြောရတွင် မိမိပြောချင်ရာ ဇွတ်ပြောတတ်သည် ၊ စဉ်းစားဆင်ခြင်မှု နည်းသည်။ မပြောသင့်သော စကားကို အချိန်အခါမဟုတ် မပြောထိုက်သောလူကို ပြောတတ် သည်။

ဆွေမျိုးသားချင်း သူငယ်ချင်းများကြားတွင် အထင်လွဲစရာဖြစ်အောင် ပြောခြင်း၊ သူတစ်ပါး သိက္ခာကျအောင် လေးစားမှု လျော့အောင်ပြောခြင်းများ ပြုလုပ်တတ်သည်။ကိုယ်ကို သွက်လက်ချက်ချာ သည်ဟု အထင်ကြီး နေတတ်သူဖြစ်သည်။

ရာသီသွေး အမျိုးအစားကနေသိနိုင်တဲ့ သင့်ရဲ့ကျန်းမာရေးအခြေအနေ…

ရာသီသွေး အမျိုးအစားကနေသိနိုင်တဲ့ သင့်ရဲ့ကျန်းမာရေးအခြေအနေ…

ရာသီသွေး အမျိုးအစားကနေသိနိုင်တဲ့ သင့်ရဲ့ကျန်းမာရေးအခြေအနေ…

(၄) ခိုင်းနိူင်းတတ်သောမိန်းမ

ထိုမိန်းကလေးမျိုးသည် စိတ်အနှောင့်အယှက် အပေးဆုံးမိန်းကလေးဖြစ်သည်။ ဘယ်အရာမဆို နိူင်းယဉ်နေ တတ်သည်။တစ်ခြားမိန်းကလေး၏ ရည်းစား(သို့) ယောကျာ်းကို နိုင်းယှဉ်ကြည့်ပြီး အသုံးမကျသော ယောကျာ်းဟု၍ လက်ညိုးထိုး ပြီး ဆဲတတ်သော မိန်းကလေးမျိုးဖြစ်သည်။

တကယ်တမ်း ဆိုရလျှင် အသုံးဝင်သော ယောကျာ်းကို သူမရွေးသင့်ပြီး ထိုအသုံးမဝင်သော ရည်းစား(သို့) ယောကျာ်းအ တွက် စိတ်မတိုနေသင့်ပေ။တစ်ခြားသူနှင့် နိုင်းယဉ်ပြီး ဆဲနေစရာမလိုပေ။ မိမိ ရွေးယူထားသောကြောင့် မိမိကိုယ်သာ အပြစ်တင်ရမည်ဖြစ်သည်။

လူတိုင်းတွင် အရည်အချင်း တစ်ခုစီ ရှိတတ်ကြ သည်။ ယော ကျာ်းလေး တစ်ယောက် မိမိကိုယ်ကို ယုံကြည်မှုနည်းသွားအောင် တစ်ခြားလူနှင့် ခိုင်းနိုင်းပြီး မဆဲသင့်ပေ။ထိုယောကျာ်းလေးအတွက် ကံမကောင်းဆုံးအရာ အသုံးမကျဆုံး အရာမှာ ထိုမိန်းကလေးမျိုးကို ရွေးမိခြင်း ပင်ဖြစ်သည်။

ရာသီသွေး အမျိုးအစားကနေသိနိုင်တဲ့ သင့်ရဲ့ကျန်းမာရေးအခြေအနေ…

ရာသီသွေး အမျိုးအစားကနေသိနိုင်တဲ့ သင့်ရဲ့ကျန်းမာရေးအခြေအနေ…

ရာသီသွေး အမျိုးအစားကနေသိနိုင်တဲ့ သင့်ရဲ့ကျန်းမာရေးအခြေအနေ…

(၅) နှုတ်ကြမ်းသောမိန်းမ

စကားပြောကြမ်းသော မိန်းကလေးမျိုးသည် လုပ်ငန်းခွင်တွင်ဖြစ်စေ ပတ်ဝန်းကျင်တွင်ဖြစ်စေ ဆက်ဆံရ ခက်သော မိန်းမဟု နာမည်ကြီးတတ်သည်။ ပစ္စည်းတစ်ခု သွားဝယ်သည်ဖြစ်စေ အစားသွားစား သည်ဖြစ်စေ ဆိုင်ဝန်ထမ်းနှင့် ရန်ဖြစ်ခဲ့ရမှ ကျေနပ်သော မိန်းကလေးမျိုးဖြစ်သည်။

ထိုမိန်းကလေးမျိုးနှင့် အတူအပြင်ထွက်မိလျှင် ရှက်လွန်း၍ မျက်နှာ ဖွက်ထားစရာမရှိ အောင်ဖြစ်တတ်သောကြောင့် သူမနှင့်မရင်းနှီးသလို ဟန်ဆောင်က ခပ်လှမ်းလှမ်းတွင် နေချင်ကြသည်။ ထစ်ခနဲဆို ရန်ဖြစ်ချင်သော နုတ်ကြမ်းသော မိန်းကလေးမျိုးကို

လက်ထပ်ပြီး မိဘနှင့်အတူ နေရမည့် ပုံရိပ်ကို မြင်ယောင်ဖူးပါသလား။ ထိုမိန်းကလေးမျိုးကို ရွေးချယ်မည့်အစား သူမလောက် အသုံးမဝင်သော၊ တုံးအသော၊ သာမန်သော မိန်းကလေးမျိုး ကိုသာ ယောကျာ်းလေးအများစုက ရွေးချယ်မည်ပင်။

ရာသီသွေး အမျိုးအစားကနေသိနိုင်တဲ့ သင့်ရဲ့ကျန်းမာရေးအခြေအနေ…

ရာသီသွေး အမျိုးအစားကနေသိနိုင်တဲ့ သင့်ရဲ့ကျန်းမာရေးအခြေအနေ…

ရာသီသွေး အမျိုးအစားကနေသိနိုင်တဲ့ သင့်ရဲ့ကျန်းမာရေးအခြေအနေ…

(၆) သဝန်တိုလွယ်သောမိန်းမ

ထိုမိန်းကလေးမျိုးသည် မိမိကိုယ်ကို ယုံကြည်မှုနည်းသလို တစ်ပါးသူကိုလဲ မယုံကြည်သော မိန်း ကလေးဖြစ်သည်။ေ ယာကျာ်းလေး အသက်ရှူမချောင် နိုင်လောက်အောင် ချုပ်ချယ်တတ်သော မိန်းကလေးမျိုးလည်းဖြစ်သည်။

သံသယစိတ် ဝင်လာလျှင် ရှင်းပြတာကိုနားထောင်မနေတော့ သဝန်တို စိတ်ကောက်ဖို့က ပထမပင်။ သူမ၏ရည်းစား(သို့) ယောကျာ်း၏ သူငယ်ချင်းများကိုလည်း မိမိရည်းစားနှင့် အပေါင်းအသင်းမလုပ်ရန် ပြောတတ်သောကြောင့်သူငယ်ချင်းများက ထိုမိန်းမမျိုးနှင့် ပတ်သက်သော

ယောကျာ်းလေးကိုပါ ရှောင်လာတတ်ကြသည်။ ထိုအခါ ယောကျာ်းလေးမှာ အကျဉ်းချထားသလို ခံစားရသော်လည်း မိန်းကလေးမှာမှု ပျော်ရွှင်နေတတ်သည်။ လူဆိုသည်မှာ အဖွဲ့အစည်း အသိုင်းအဝန်း နှင့် နေသော အမျိုးဖြစ်သည်။အသက်ရှူရန် နေရာလေး တစ်ခု ချန်မထားဘဲ ချုပ်ချယ်တတ်သော ထိုမိန်း ကလေးမျိုးကို ယောကျာ်းလေးများက ရှောင်ချင်ကြသည်။

ရာသီသွေး အမျိုးအစားကနေသိနိုင်တဲ့ သင့်ရဲ့ကျန်းမာရေးအခြေအနေ…

ရာသီသွေး အမျိုးအစားကနေသိနိုင်တဲ့ သင့်ရဲ့ကျန်းမာရေးအခြေအနေ…

ရာသီသွေး အမျိုးအစားကနေသိနိုင်တဲ့ သင့်ရဲ့ကျန်းမာရေးအခြေအနေ…

(၇) တုံးအသောမိန်းမ

အာလာဒင် ပုံပြင်ကို နားထောင်ဖူးကြပါသလား။ ထိုပုံပြင်ထဲက အာလာဒင်၏ တုံးအသော မိန်းမသည် မသိနားမလည်သည်ကို မမေးဘဲ ဆီမီးခွက်ကို ခွက်စုတ်ဟု အထင်ဖြစ် ရောင်းလိုက်ဖူးသည်။ ထိုမိန်း ကလေးမျိုးသည် ဥစ္စာပစ္စည်းပေါ်တွင်ဖြစ်စေ အတွေးအခေါ်ပိုင်းတွင် ဖြစ်စေ အလွယ်တကူ အလိမ်မိတတ်သည်။

ယခုခေတ်တွင် ထိုကဲ့သို့ တုံးအသော မိန်းကလေးမျိုး နည်းပါးသွားပြီလား။ ထက်မြက်ပြီး တွေးခေါ် ဆင်ခြင်ဉာဏ် ရှိသော မိန်းကလေးမျိုးကို ယောကျာ်းလေးက လေးစားသော်လည်း တုံးအသော မိန်းကလေး မျိုးမှာမှု ယောကျာ်းလေးအတွက် ဆူးညှောင့်ခလုတ် တစ်ခုလိုပင်။

ယခုခေတ် မိန်းကလေး များသည် မိမိကိုယ်ကို ထက်မြက်မှု အပြည့်အဝနှင့် ယုံကြည်မှု ရှိနေသင့်သည်။ သူတစ်ပါးကြင်နာ လာအောင် တုံးအ ဟန်ဆောင် မနေသင့်ပေ။ တုံးအတိုင်း အပြစ်မဲ့သည် မဟုတ်။ တုံးအလျှင် ဖယ်ထုတ်ခြင်းခံရမည်မှာ ဧကန်မလွဲပင်။

ရာသီသွေး အမျိုးအစားကနေသိနိုင်တဲ့ သင့်ရဲ့ကျန်းမာရေးအခြေအနေ…

ရာသီသွေး အမျိုးအစားကနေသိနိုင်တဲ့ သင့်ရဲ့ကျန်းမာရေးအခြေအနေ…

ရာသီသွေး အမျိုးအစားကနေသိနိုင်တဲ့ သင့်ရဲ့ကျန်းမာရေးအခြေအနေ…

(၈) ငွေသုံးကြမ်းသောမိန်းမ

Shopping Mechine ကဲ့သို့သော မိန်းကလေးမျိုးမှာ လိုအပ်သည်ဖြစ်စေ မလိုအပ်သည်ဖြစ်စေ ပစ္စည်းအဝယ်ကြမ်းသော သူဖြစ်သည်။ေ ယာကျာ်းလေး အနည်းစုမှာ ထိုမိန်းကလေးမျိုးနှင့် ကြုံရန် မကြောက်ကြသော်လည်း အကောင်းမြင် အမြင့်ကြိုက်သော

သူမအတွက် မိမိအိတ်ထဲမှ ငွေများ အလာဟသ စီးဆင်းကုန်မည်ကို ကြောက်တတ်ကြသည်။ ဥစ္စာ ပစ္စည်းထဲတွင်သာ နစ်မျှောနေတတ်သော မိန်းကလေးမျိုးသည် အများအားဖြင့် စိတ်သဘောထား သေးသိမ်တတ်သည်။ တစ်ကိုယ်ကောင်း ဆန်တတ်သည်။

စိတ်တိမ်းညွတ် လွယ်သည်။ လိုချင်သော ပစ္စည်းရရန် မိမိကိုယ်ကို သစ္စာဖောက်ခြင်း၊ တန်ဖိုးမထားခြင်းများဖြင့် ရမ္မက်အိုင်ထဲတွင် နစ်နေတတ်ကြသည်။ြ မင်သမျှ ဝယ်ယူတတ်သော မိန်း ကလေးမျိုးနှင့် ဈေးသွားလည်ဖူးသော ယောကျာ်းလေးများမှာ ရင်ထဲတွင်နာကျင် နှမြောသမျှကို ဖုံးကွယ် ရင်း ဒုတိယအကြိမ် သွားရမည်ကို ခေါင်းခါကြမည်ပင်။

ရာသီသွေး အမျိုးအစားကနေသိနိုင်တဲ့ သင့်ရဲ့ကျန်းမာရေးအခြေအနေ…

ရာသီသွေး အမျိုးအစားကနေသိနိုင်တဲ့ သင့်ရဲ့ကျန်းမာရေးအခြေအနေ…

ရာသီသွေး အမျိုးအစားကနေသိနိုင်တဲ့ သင့်ရဲ့ကျန်းမာရေးအခြေအနေ…

(၉) လမ်းခွဲစကားပြောလွယ်သောမိန်းမ

ဘာမဟုတ်သော ကိစ္စလေးတခုဖြင့် လမ်းခွဲဖို့ပြောတတ်သော ထိုမိန်းကလေးမျိုးသည် တကယ့်ခွါရ ခက်သော မိန်းကလေးမျိုးဖြစ်သည်။ လမ်းခွဲကြစို့ဟု အမြဲပြောတတ်သည်မှာ သူမ၏ အကျင့်တစ်ခုလို ဖြစ်နေသည်။ တကယ်တမ်း ယောကျာ်းလေးဘက်က လမ်းခွဲတော့မည်ဆိုလျှင် ငိုယိုပြီး လက်မခံတော့။

လမ်းခွဲစကားပြောခြင်းသည် အခံရခက်သော ဝေဒနာတစ်ခု ဖြစ်သည်။ေြ ပာသူက အကျင့်တစ်ခု အနေဖြင့် ပြောသော်လည်း ခံရသူမှာ တစ်ခါပြောတိုင်း တစ်ခါ အသဲနင့်အောင် ခံစားရတတ်သည်။နှလုံးသားတွင် အမာရွတ်အထုံး များကျန်နေခဲ့တတ်သည်။

တကယ့် လမ်းခွဲတော့မည်ဆိုလျှင် တစ်ကြိမ်ထဲဆုံးဖြတ် တစ်ခါထဲ လမ်းစဖျောက်လိုက်တာက ခံရပိုသက်သာဦးမည်။လမ်းခွဲစကားဖြင့် တစ်ဖက်သားကို ခြိမ်းခြောက်နေသောသူသည် နုံအသောသူသာလျှင်ဖြစ်သည်။

ရာသီသွေး အမျိုးအစားကနေသိနိုင်တဲ့ သင့်ရဲ့ကျန်းမာရေးအခြေအနေ…

ရာသီသွေး အမျိုးအစားကနေသိနိုင်တဲ့ သင့်ရဲ့ကျန်းမာရေးအခြေအနေ…

(၁၀) ချွဲနွဲ့လွန်သောမိန်းမ

မိန်းကလေးတိုင်းချွဲနွဲ့တတ် သည်မှာ သဘာဝပင်ဖြစ်သည်။ သို့သော် အချွဲနဲ့ွလွန် မိန်းကလေးများမှာ လူအမြင်ကပ်စရာဖြစ်သည်။ထမိန်းကလေးမျိုးသည် အမြဲတမ်း အချော့ခံချင်၊ လူတွေဂရုစိုက်နေတာကို ခံချင်နေသော မိန်းကလေးမျိုးဖြစ်သည်။လူရှေ့တွင် စကားပြောလျှင် နုတ်ခမ်းလေး ဟချင် မဟချင် နှင့်(ခေတ်စကားနှင့်ပြောရလျှင် ဘဲများလွန်းနေခြင်းဖြစ် သည်)

လူကွယ်ရာတွင်မှု ဆန့်ကျင် ဖက် ဖြစ်နေတတ်သည်။ယခုခေတ် မိန်းကလေးများသည် တဖက်သား သနားကြင်နာလာအောင် ညုာတာလာအောင် ဟန်ဆောင်ချွဲနွဲ့ပြီး အားနွဲ့ မနေသင့်တော့ပေ။ယောကျာ်းလေးတွေနှင့် တန်းတူ မဟုတ်တောင် ယောကျာ်းလေးနီးနီး လုပ်နိုင်ကိုင်နိုင်စွမ်း ရှိကြောင်းကို ပြသင့်သောအချိန်ပင်ဖြစ်သည်။

Crd

နိုင်းနိုင်းစနေ ဘာသာပြန်သည်။

နိုင်းနိုင်းစနေ