နိုင်ငံ့ဝန်ထမ်းများသည် နိုငိငံတော်၏ လစာယူခြင်းကြောင့် နိုင်ငံတော်အား သစ္စာစောင့်သိရမည်ဟု ……..

နိုင်ငံ့ဝန်ထမ်းများသည် နိုငိငံတော်၏ လစာယူခြင်းကြောင့် နိုင်ငံတော်အား သစ္စာစောင့်သိရမည်ဟု အကြမ်းဖက် စစ်ကောင်စီ‌ခေါင်း‌ဆောင်ပြာကြားခဲ့ပါသည်။ လက်ရှိနိုင်ငံရေးဖြစ်စဉ်များ နှင့် ပတ်သက်၍

ရပ်ကွက်အုပ်ချုပ်ရေးမှစ၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ထိ အဆင့်ဆင့်အုပ်ချုပ်ရေးဆိုင်ရာဌာနများ အထိ နိုင်ငံ့ဝန်ထမ်းများရှိခြင်းကြောင့် နိုင်ငံ့ဝန်ထမ်းများသည် နိုင်ငံတော်၏လစာယူခြင်းကြောင့်

နိုင်ငံတော်အား သစ္စာစောင့်သိရမည်ဖြစ်ကြောင်း စစ်ခေါင်းဆောင်မင်းအောင်လှိုင် က ယမန်နေ့က ပြုလုပ်ခဲ့တဲ့ အစည်းအဝေးမှာ ပြောကြားခဲ့သည်။“မိမိတို့နိုင်ငံတွင် စာရင်းဇယားအရ လူဦးရေ ၅၅ သန်းခန့်ရှိကြောင်း၊

ရပ်ကွက် အုပ်ချုပ်ရေးမှစ၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ထိ အဆင့်ဆင့်အုပ်ချုပ်ရေးဆိုင်ရာဌာနများ တွင် နိုင်ငံတော်၏လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်နေသည့် နိုင်ငံ့ဝန်ထမ်းများရှိကြောင်း၊

အဆိုပါအဖွဲ့များအားလုံးသည် နိုင်ငံတော်၏ လစာကိုရယူနေရသူများဖြစ်သဖြင့် နိုင်ငံတော်အပေါ်သစ္စာစောင့်သိရန်လိုကြောင်း၊ သတ်မှတ်ထားသည့် ဝန်ထမ်းစည်းမျဉ်းစည်းကမ်းများနှင့်အညီ မှန်မှန်ကန်ကန်လုပ်

ဆောင်ရန်လိုကြောင်း” အကြမ်းဖက်အာဏာသိမ်း စစ်ခေါင်းဆောင်မင်းအောင်လှိုင် က ပြောကြားခဲ့သည်။

Credit

Unicode






