သူမဘဝရဲ့ တစ်ခုတည်းသောပျော်စရာလေးကို ထုတ်ဖော်ပြသလာတဲ့ ထက်ထက်မိုးဦး

သူမဘဝရဲ့ တစ်ခုတည်းသောပျော်စရာလေးကို ထုတ်ဖော်ပြသလာတဲ့ ထက်ထက်မိုးဦး

သူမဘဝရဲ့ တစ်ခုတည်းသောပျော်စရာလေးကို ထုတ်ဖော်ပြသလာတဲ့ ထက်ထက်မိုးဦး

အကယ်ဒမီမင်းသမီးချောထက်ထက်မိုးဦးကတော့အနုပညာလမ်းကြောင်းတစ်လျှောက်မှာ အောင်မြင်မှုတစ်နေရာကိုအရယူထားနိုင်ခဲ့သူ ဖြစ်ပါတယ်။ သူမကတစ်ချိန်ကကြောငြာဘုရင်မလို့တောင်တင်စားရတဲ့အထိအောင်မြင်ခဲ့တဲ့

မင်းသမီးကြီးထက်ထက်မိုးဦးကတော့ကိုဗစ်ကာလမှာတန်ဖိုးကြီးပစ္စည်းတွေကိုlive လွှင့်ပြီးရောင်းချရာမှာစံချိန်တင်ရောင်းချနိုင်ခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ထက်ထက်ကတော့အာဏာသိမ်းပြီး နောက်ပိုင်းမှာလူထုလှုပ်ရှားမှုမှာမပါဝင်ခဲ့ဘဲအချိန်အတော်ကြာ ပျောက်နေခဲ့တာဘဲဖြစ်ပါတယ်။

မကြာခဏဆိုသလို  ထက်ထက်ကတောရွာလေးမှာ တရားအားထုတ်ရင်းဥပုတ်စောင့်နေတယ်ဆိုတဲ့ ပုံလေးတွေကိုလည်းတင်ပေးလာပါသေးတယ်နော်။ လွန်ခဲ့တဲ့ရက်တုန်းက သရုပ်ဆောင်ထက်ထက်မိုးဦးကလွတ်မြောက်နယ်မြေရောက်ရှိနေကြောင်း

သတင်းတွေထွက်ရှိနေခဲ့ပါတယ်။သူမကတော့ တောတောင်လေးတွေကို ပြပြီး Live လွှင့်ပြီး ပရိသတ်တွေနဲ့ပြောဆိုခဲ့ပေမဲ့ သူမရောက်ရှိနေတာဘယ်နေရာဆိုတာတော့ ထူတ်ဖော်မပြောသွားပါဘူး။ပရိသတ်တွေကလည်းထက်ထက်ရဲ့

နောက်ကွယ်ကရှုခင်းတွေကြောင့် လွတ်မြောက်နယ်မြေလားဘာလားဆိုပြီး ထင်မြင်ချက်ပေးနေကြတာ ဖြစ်မှာပါနော်။ ဒီနေ့လေးမှာတော့ ထက်ထက်က ” ချမ်းသာတယ်ဆိုတာငွေကြေးစည်းစိမ်ချမ်းသာနဲ့စိတ်စည်းစိမ်ချမ်းသာ

၂ မျိုးရှိတာကိုပြောတာပါရှင်ပျော်တယ်ဆိုတာလည်းအများကြီးရှိပါတယ်ရှင်၊ချမ်းသာလို့ပျော်တာ စိတ်ချမ်းသာလို့ပျော်တာကျန်းမာလို့ပျော်တာအများကြီးပျော်လို့ရပါတယ်။စိတ်ချမ်းသာပြီး ကျန်းမာသွားလို့ ပျော်သွားတာကိုအဓိပ္ပာယ်အမျိုးမျိုးရေးကြတယ်”

ဆိုပြီးမချမ်းသာပေမဲ့ပျော်ပါတယ်ဆိုတဲ့ ချစ်စရာကောင်းတဲ့ပုံလေးနဲ့အတူတင်လာခဲ့ပါတယ်။ ဖတ်ရှု့ပေးကြတဲ့ မြန်မာပြည်သူ/သားများအားလုံးစစ်အာဏာရှင်လက်အောက်ကနေ အမြန်ဆုံးလွ.တ်မြောက်ကြပါစေလို့ဆုတောင်းပေးလိုက်ရပါတယ်။
Credit

Unicode







