သုံးစားမရတဲ့ ရုပ်ရှင်အစည်းအရုံးကနေပြီး နှုတ်ထွက်တောခိုခဲ့ကြတဲ့ အနုပညာရှင်များကို သနားမိတယ်လို့ ရွှေရူပါဦးမှ ပြောလာသောအခါ
သုံးစားမရတဲ့ ရုပ်ရှင်အစည်းအရုံးကနေပြီး နှုတ်ထွက်တောခိုခဲ့ကြတဲ့ အနုပညာရှင်များကို သနားမိတယ်လို့ ရွှေရူပါဦးမှ ပြောလာသောအခါ
ရွှေရူပါဦး ဆိုတာကတော့ပရိတ်သတ် ကြီးအားလုံး ကိုအထူးတလည်ရှင်းပြစရာမလိုအောင်သိ ပြီးကျမယ်လို့ထင်ပါတယ်။တပ်ကုန်းမလေးလို့ အများကတင်စားခေါ်ဝေါ်ရလောက်တဲ့ အထိအောင် တပ်ချစ်သူမလေးတစ်ယောက်ပဲဖြစ်ပါတယ်။
တပ်နဲ့ပက်သက်တဲ့အခမ်းအနားပွဲတွေမှာ မမြင်ချင်မှအဆုံး မြင်ရတာကိုလည်းအားလုံးသိပီးဖြစ်မှာပါ။ရုပ်ရှင်အစည်းအရုံးကနေ နှုတ်ထွက်သွားကြတဲ့သူတွေကို ရွှေရူပါဦးက ရုပ်ရှင်ဇာတ်ကားပေါင်း(၂၀)ရိုက်ဖူးသူကိုမှ
ရုပ်ရှင်အစည်းအရုံးကဒ်ပေးတာဖြစ်လို့ ဇာတ်ကား(၂၀)မပြည့်ဘဲ အစည်းအရုံး ဝင်ဖြစ်ပြီး၊နှုတ်ထွက်စာတင်တဲ့သူတွေကိုတွေ့ရ‌တော့အံဩမိတယ် လို့သူမရဲ့လူမှုကွန်ယက်စာမျက်နှာမှာရေးသားခဲ့ပါတယ်။
သရုပ်ဆောင်လောကထဲဝင်မယ့်သူမို့ရုပ်ရှင်အစည်းအရုံးဝင် တစ်ယောက်ဖြစ်အောင် အစည်းအရုံးဝင်ကတ် သွားလျှောက်ဖူးပါတယ်။ရုပ်ရှင်ဇာတ်ကား(၂၀) ပြည့်အောင်ရိုက်ဖူးသူကိုမှ အစည်းအရုံးဝင် ကတ် တရားဝင်ပေးပါတယ်ဆိုတဲ့စည်းကမ်းချက်ကြောင့်
ခုချိန်ထိအစည်းအရုံးဝင်မဖြစ်နိူင်သေးပါ။ အံ့ဩတာက ဇာတ်ကား ၂၀ မပြည့်တဲ့သူတွေကအစည်းအရုံးဝင်ကတ်တွေရထားပြီး နှုတ်ထွက်ကြတယ်ဆိုလို့ပါ” လို့သူမကရေးသားထားတာပါ။စကစက မြန်မာနိုင်ငံရုပ်ရှင်
အစည်းအရုံးဥက္ကဌအဖြစ် သရုပ်ဆောင်အကယ်ဒမီ ခန့်စည်သူကိုခန့်အပ်ခဲ့တာကြောင့် အနုပညာလောကသားတွေကြားအငြင်းပွားတာတွေဖြစ်ပေါ်ခဲ့ပြီး အနုပညာရှင်တချို့ ရုပ်ရှင်အစည်းအရုံးမှ နှုတ်ထွက်စာတင်ခဲ့တာဖြစ်ပါတယ်။
မြန်မာပြည်ကြီးလဲအမြန်ဆုံးငြိမ်းချမ်းပြီးဖတ်ရှု့ပေးကြတဲ့ မြန်မာပြည်သူ/သားများအားလုံး စစ်အာဏာရှင်လက်အောက်ကနေ အမြန်ဆုံးလွတ်မြောက်ကြပါစေလို့ဆုတောင်းပေးလိုက်ရပါတယ်။
Credit
(Zawgyi)