သရုပ်ဆောင် ပြေတီဦးနဲ့ မောင်နှမဝမ်းကွဲတော်ကြောင်းပြောလာတဲ့ မို့မို့မြင့်အောင်

သရုပ်ဆောင် ပြေတီဦးနဲ့ မောင်နှမဝမ်းကွဲတော်ကြောင်းပြောလာတဲ့ မို့မို့မြင့်အောင်

မောင်နှမ နှစ်ဝမ်းကွဲလောက် တော်တယ်။မို့မို့မြင့်အောင်ဟာ သရုပ်ဆောင် ပြေတီဦးနဲ့ မောင်နှမ ဝမ်းကွဲ တော်စပ်တဲ့အကြောင်းကို အခုလို ပြောပြလာပါတယ်။ အကယ်ဒမီ များရှင် မို့မို့မြင့်အောင်နဲ့ အကယ်ဒမီ ပြေတီဦးတို့ဟာမောင်နှမဝမ်းကွဲတော်စပ်တယ်ဆိုတာကို မို့မို့မြင့်အောင်က ပြောပြခဲ့ပါတယ်။ အမျိုးတော်စပ်ပုံတွေကိုလည်း အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။

“ပြေတီဦးနဲ့ မမို့က မောင်နှမ နှစ်ဝမ်းကွဲတော်တယ်။ အဖေဘက်က တော်တာပါ။ သူတို့အဘွားနဲ့ မမို့တို့နဲ့ကအမျိုးတွေပါ။သူ့အဖေက ဆရာဝန်ဆိုတော့ နယ်တွေမှာ ဆေးလိုက်ကုနေရတော့ သူတို့နဲ့ နည်းနည်းဝေးသွားတာ။

အဒေါ်တွေနဲ့ကတော့ အရမ်းတရင်းတနှီးဖြစ်ကြတယ်။ မမို့ ငယ်ငယ်တုန်းကဆိုရင် ပြေတီဦး အဒေါ်ကပဲ မိတ်ကပ်လူးပေးတာ” ဆိုပြီးတော့ဖေဖော်ဝါရီလ ၁၆ ရက်နေ့မနက်ပိုင်းက “နှင်းဆီရဲတိုက်” ရုပ်ရှင်ဇာတ်ကားကြီး အထူးပြပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

မို့မို့မြင့်အောင်နဲ့ ပြေတီဦးတို့ကတော့ အနုပညာလောကမှာ အောင်မြင်မှုတွေ ပိုင်ဆိုင်ထားတဲ့ သရုပ်ဆောင် နှစ်ဦးဖြစ်ပါတယ်။ သူတို့ကိုတော့ မောင်နှမ တော်စပ်တယ်လို့ပရိသတ်တွေက မသိခဲ့ကြသေးပါဘူး။

မို့မို့မြင့်အောင်က လက်ရှိမှာလည်း အကယ်ဒမီ ဆုတွေ ပိုင်ဆိုင်ထားသူဖြစ်သလို ပြေတီဦးကလည်း အကယ်ဒမီ ဆုတွေ ပိုင်ဆိုင်ထားတာ တွေ့ရပါတယ်။နှစ်ယောက်အတူတွဲပြီးရုပ်ရှင်ကားကြီးတွေ ရိုက်ကူးထားတာတွေလည်း အများကြီးပါ။

လက်ရှိမှာလည်း မို့မို့မြင့်အောင်ဟာ “သရဲဆိုတာ ချိုနဲ့လား” ဆိုတဲ့ ရုပ်ရှင်ကားကြီးကို ပြေတီဦးနဲ့ အတူသရုပ်ဆောင်ထားတယ်လို့ သိရပါတယ်။ ဒီဇာတ်ကားထဲက ပြေတီဦးရဲ့ ကာရိုက်တာကိုစိုးရိမ်ခဲ့တယ်လို့လည်း သူက ပြောပါတယ်။

“ မမို့ စိုးရိမ်မိတဲ့အခန်းက ဂျုံ တို့၊ ဆန်မှုန့်တို့ သိုလှောင်တဲ့ အခန်းမှာ မမို့က သူ့အမေပေါ့။ဒါပေမယ့် သူ့ကို ဒီကာရိုက်တာ ဝင်နေတဲ့အချိန်မှာ သတိထားဖို့ပြောတယ်။ ဘာကြောင့်လဲဆိုတော့ ဒီကာရိုက်တာထဲကစရိုက်က ကြမ်းတဲ့အတွက်ကြောင့် ကူးစက်တတ်တယ်လို့ပေါ့။

ဒီကာရိုက်တာက စိတ်ထဲက မထွက်သွားလို့ရှိရင် အိမ်မှာ ပြဿနာရှာတာတို့၊ တကယ်လို့ လမ်းပေါ်မှာ မော်တော်ပီကယ်ဖမ်းရင် ပြန်အော်တာတို့ ရှိတတ်တယ်။ကိုယ်ကိုယ်တိုင်လည်း ကြုံတွေ့ခဲ့ဖူးတယ်လေ။ ဒါပေမယ့်သူ ဘာမှ မဖြစ်ခဲ့ပါဘူး။

အေးအေးဆေးဆေးပါပဲ” လို့ ဆက်လက်ပြောပြခဲ့ပါတယ်။မို့မို့မြင့်အောင် ဟာ ၁၉၈၀ ခုနှစ်က ‘’မွန်းတည့်ချိန်’’ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကနေ အနုပညာလောကထဲကို စတင်ဝင်ရောက်ခဲ့သူဖြစ်ပါတယ်။ သူမ ရဲ့ အနုပညာသက်တမ်းကတော့ ၃၉ နှစ်ရှိပါပြီ။

အဲဒီနောက်အနုပညာ မှတ်တိုင် ဖြစ်ခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေကတော့ ၁၉၈၅ ခုနှစ်က ‘’နှလုံးသားမြို့တော်’’ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသမီး ဇာတ်ပို့ ဆု အဖြစ် ပထမဆုံးအကယ်ဒမီဆုကို ရရှိခဲ့ပါတယ်။

အဲဒီနောက် ၁၉၈၉ ခုနှစ်မှာ ‘’ခပ်စိမ်းစိမ်း နေပါမယ်’’ ရုပ်ရှင်ကား၊ ၁၉၉၁ ခုနှစ်မှာ ‘’ သမီးနှင့် အမေများ’’ ဆိုတဲ့ ရုပ်ရှင်ကား၊ ၁၉၉၆ ခုနှစ်မှာ ‘’မသုဓမ္မစာရီ’’ ဆိုတဲ့ ရုပ်ရှင်ကား၊ ၂၀၀၈ ခုနှစ်မှာတော့ ‘’မြင်းမိုရ်ထက်က သရဖူ’’ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားတွေနဲ့ အကောင်းဆုံးအမျိုးသမီး ဇာတ်ဆောင်ဆုကို ရရှိပိုင်ဆိုင်ခဲ့သူဖြစ်ပါတယ်။

Credit

Unicode

သ႐ုပ္ေဆာင္ ေျပတီဦးနဲ႔ ေမာင္ႏွမဝမ္းကြဲေတာ္ေၾကာင္းေျပာလာတဲ့ မို႔မို႔ျမင့္ေအာင္

ေမာင္ႏွမ ႏွစ္ဝမ္းကြဲေလာက္ ေတာ္တယ္။မို႔မို႔ျမင့္ေအာင္ဟာ သ႐ုပ္ေဆာင္ ေျပတီဦးနဲ႔ ေမာင္ႏွမ ဝမ္းကြဲ ေတာ္စပ္တဲ့အေၾကာင္းကို အခုလို ေျပာျပလာပါတယ္။ အကယ္ဒမီ မ်ားရွင္ မို႔မို႔ျမင့္ေအာင္နဲ႔ အကယ္ဒမီ ေျပတီဦးတို႔ဟာေမာင္ႏွမဝမ္းကြဲေတာ္စပ္တယ္ဆိုတာကို မို႔မို႔ျမင့္ေအာင္က ေျပာျပခဲ့ပါတယ္။ အမ်ိဳးေတာ္စပ္ပုံေတြကိုလည္း အင္တာဗ်ဴးမွာ ေျဖဆိုခဲ့ပါတယ္။

“ေျပတီဦးနဲ႔ မမို႔က ေမာင္ႏွမ ႏွစ္ဝမ္းကြဲေတာ္တယ္။ အေဖဘက္က ေတာ္တာပါ။ သူတို႔အဘြားနဲ႔ မမို႔တို႔နဲ႔ကအမ်ိဳးေတြပါ။သူ႔အေဖက ဆရာဝန္ဆိုေတာ့ နယ္ေတြမွာ ေဆးလိုက္ကုေနရေတာ့ သူတို႔နဲ႔ နည္းနည္းေဝးသြားတာ။

အေဒၚေတြနဲ႔ကေတာ့ အရမ္းတရင္းတႏွီးျဖစ္ၾကတယ္။ မမို႔ ငယ္ငယ္တုန္းကဆိုရင္ ေျပတီဦး အေဒၚကပဲ မိတ္ကပ္လူးေပးတာ” ဆိုၿပီးေတာ့ေဖေဖာ္ဝါရီလ ၁၆ ရက္ေန႔မနက္ပိုင္းက “ႏွင္းဆီရဲတိုက္” ႐ုပ္ရွင္ဇာတ္ကားႀကီး အထူးျပပြဲကို တက္ေရာက္ရင္း ေျဖဆိုခဲ့တာပါ။

မို႔မို႔ျမင့္ေအာင္နဲ႔ ေျပတီဦးတို႔ကေတာ့ အႏုပညာေလာကမွာ ေအာင္ျမင္မႈေတြ ပိုင္ဆိုင္ထားတဲ့ သ႐ုပ္ေဆာင္ ႏွစ္ဦးျဖစ္ပါတယ္။ သူတို႔ကိုေတာ့ ေမာင္ႏွမ ေတာ္စပ္တယ္လို႔ပရိသတ္ေတြက မသိခဲ့ၾကေသးပါဘူး။

မို႔မို႔ျမင့္ေအာင္က လက္ရွိမွာလည္း အကယ္ဒမီ ဆုေတြ ပိုင္ဆိုင္ထားသူျဖစ္သလို ေျပတီဦးကလည္း အကယ္ဒမီ ဆုေတြ ပိုင္ဆိုင္ထားတာ ေတြ႕ရပါတယ္။ႏွစ္ေယာက္အတူတြဲၿပီး႐ုပ္ရွင္ကားႀကီးေတြ ရိုက္ကူးထားတာေတြလည္း အမ်ားႀကီးပါ။

လက္ရွိမွာလည္း မို႔မို႔ျမင့္ေအာင္ဟာ “သရဲဆိုတာ ခ်ိဳနဲ႔လား” ဆိုတဲ့ ႐ုပ္ရွင္ကားႀကီးကို ေျပတီဦးနဲ႔ အတူသ႐ုပ္ေဆာင္ထားတယ္လို႔ သိရပါတယ္။ ဒီဇာတ္ကားထဲက ေျပတီဦးရဲ့ ကာရိုက္တာကိုစိုးရိမ္ခဲ့တယ္လို႔လည္း သူက ေျပာပါတယ္။

“ မမို႔ စိုးရိမ္မိတဲ့အခန္းက ဂ်ဳံ တို႔၊ ဆန္မႈန႔္တို႔ သိုေလွာင္တဲ့ အခန္းမွာ မမို႔က သူ႔အေမေပါ့။ဒါေပမယ့္ သူ႔ကို ဒီကာရိုက္တာ ဝင္ေနတဲ့အခ်ိန္မွာ သတိထားဖို႔ေျပာတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ဒီကာရိုက္တာထဲကစရိုက္က ၾကမ္းတဲ့အတြက္ေၾကာင့္ ကူးစက္တတ္တယ္လို႔ေပါ့။

ဒီကာရိုက္တာက စိတ္ထဲက မထြက္သြားလို႔ရွိရင္ အိမ္မွာ ျပႆနာရွာတာတို႔၊ တကယ္လို႔ လမ္းေပၚမွာ ေမာ္ေတာ္ပီကယ္ဖမ္းရင္ ျပန္ေအာ္တာတို႔ ရွိတတ္တယ္။ကိုယ္ကိုယ္တိုင္လည္း ၾကဳံေတြ႕ခဲ့ဖူးတယ္ေလ။ ဒါေပမယ့္သူ ဘာမွ မျဖစ္ခဲ့ပါဘူး။

ေအးေအးေဆးေဆးပါပဲ” လို႔ ဆက္လက္ေျပာျပခဲ့ပါတယ္။မို႔မို႔ျမင့္ေအာင္ ဟာ ၁၉၈၀ ခုႏွစ္က ‘’မြန္းတည့္ခ်ိန္’’ ဆိုတဲ့ ႐ုပ္ရွင္ဇာတ္ကားႀကီးကေန အႏုပညာေလာကထဲကို စတင္ဝင္ေရာက္ခဲ့သူျဖစ္ပါတယ္။ သူမ ရဲ့ အႏုပညာသက္တမ္းကေတာ့ ၃၉ ႏွစ္ရွိပါၿပီ။

အဲဒီေနာက္အႏုပညာ မွတ္တိုင္ ျဖစ္ခဲ့တဲ့ ႐ုပ္ရွင္ဇာတ္ကားႀကီးေတြကေတာ့ ၁၉၈၅ ခုႏွစ္က ‘’ႏွလုံးသားၿမိဳ႕ေတာ္’’ ဆိုတဲ့ ႐ုပ္ရွင္ဇာတ္ကားနဲ႔ အေကာင္းဆုံး အမ်ိဳးသမီး ဇာတ္ပို႔ ဆု အျဖစ္ ပထမဆုံးအကယ္ဒမီဆုကို ရရွိခဲ့ပါတယ္။

အဲဒီေနာက္ ၁၉၈၉ ခုႏွစ္မွာ ‘’ခပ္စိမ္းစိမ္း ေနပါမယ္’’ ႐ုပ္ရွင္ကား၊ ၁၉၉၁ ခုႏွစ္မွာ ‘’ သမီးႏွင့္ အေမမ်ား’’ ဆိုတဲ့ ႐ုပ္ရွင္ကား၊ ၁၉၉၆ ခုႏွစ္မွာ ‘’မသုဓမၼစာရီ’’ ဆိုတဲ့ ႐ုပ္ရွင္ကား၊ ၂၀၀၈ ခုႏွစ္မွာေတာ့ ‘’ျမင္းမိုရ္ထက္က သရဖူ’’ ဆိုတဲ့ ႐ုပ္ရွင္ဇာတ္ကားေတြနဲ႔ အေကာင္းဆုံးအမ်ိဳးသမီး ဇာတ္ေဆာင္ဆုကို ရရွိပိုင္ဆိုင္ခဲ့သူျဖစ္ပါတယ္။