ဖယ်ခုံPDF က ရှော့တိုက်ဒုံးတွေ စတင် အသုံးပြုပြီး စကစကိုကစ်နေပြီ

ရှမ်းပြည်တောင်ပိုင်း ကယားပြည်စပ် ဖယ်ခုံမြို့မှာ မနေ့ညက လက်နက်ကြီးငယ် အပြန်အလှန်ပစ်ခတ်မှုတွေဖြစ်ပွားခဲ့တယ်လို့ ဖယ်ခုံ PDF က ပြောပါတယ်။မနေ့ည ၉နာရီလောက်က စစ်ကောင်စီရဲ့ ဖယ်ခုံမြို့ စကခ ၇ကနေ PDF တွေ

ရှိမယ်ထင်တဲ့နေရာတွေကို လက်နက်ကြီးငယ်တွေနဲ့အဆက်မပြတ်ပစ်ခတ်ခဲ့ပေမယ့် ထိခိုက်ကျဆုံးသူမရှိဘူးလို့ ဆိုပါတယ်။ဖယ်ခုံ PDF ကလည်း လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့ပါတယ်။ ဖယ်ခုံ PDF နဲ့ KNDF တပ်ဖွဲ့ဝင်တွေဟာ

ညနေ ၄နာရီလောက်က ခမရ ၃၃၆ အနီး စစ်ရေးလှုပ်ရှားခဲ့တယ်လို့ဆိုပါတယ်။ပြီးခဲ့တဲ့ ဩဂုတ်လဆန်းပိုင်းတုန်းက ဖယ်ခုံ PDF နဲ့ KNDF ပေါင်းပြီး ဖယ်ခုံ စကခ ၇ တပ်နယ်အတွင်းကို ၁၀၇ မမ ရှော့ဒုံးနဲ့တိုက်ခိုက်ခဲ့ပါတယ်။

ဒါကြောင့် ဖယ်ခုံတပ်နယ်ကို ထပ်ပြီးတိုက်ခိုက်လာမှာစိုးတဲ့အတွက်၁၀၇မမရှော့ဒုံးပစ်ခတ်ခဲ့တဲ့ တောင်ကြောဝန်းကျင်ကိုရမ်းသမ်းပစ်ခတ်တာဖြစ်နိုင်တယ်လို့ ဖယ်ခုံ PDF ကဆိုပါတယ်။

Source Khit Thit Media

Unicode




