လွန်ခဲ့သော ၃၃ နှစ်က ဒေါ်အောင်ဆန်းစုကြည်ပြောခဲ့တဲ့စကားတစ်ချို့ကို ပြန်လည်ပြောကြားပေးလိုက်တဲ့ သရုပ်ဆောင်သက်မွန်မြင့်

လွန်ခဲ့သော ၃၃ နှစ်က ဒေါ်အောင်ဆန်းစုကြည်ပြောခဲ့တဲ့စကားတစ်ချို့ကို ပြန်လည်ပြောကြားပေးလိုက်တဲ့ သရုပ်ဆောင်သက်မွန်မြင့်

လွန်ခဲ့သော ၃၃ နှစ်က ဒေါ်အောင်ဆန်းစုကြည်ပြောခဲ့တဲ့စကားတစ်ချို့ကို ပြန်လည်ပြောကြားပေးလိုက်တဲ့ သရုပ်ဆောင်သက်မွန်မြင့်

သရုပ်ဆောင်သက်မွန်မြင့်ကတော့အကောင်းဆုံးသရုပ်ဆောင်ချက်တွေနဲ့အတူပရိတ်သတ်တွေရဲ့အားပေးချစ်ခင်မှုကိုအခိုင်အမာရရှိထားတဲ့အကယ်ဒမီမင်းသမီးတစ်ယောက်ပဲဖြစ်ပါတယ်၊သက်မွန်မြင့်ကတော်လှန်ရေးကြီးမှာလဲနေထိလို့မရတဲ့ရောဂါရှိနေပေမယ့်လဲလမ်းထွက်ကာပြည်သူတွေနဲ့

အတူလူထုလှုပ်ရှားမှုတွေမှာပါဝင်ခဲ့ပါတယ်၊နောက်ပိုင်းအကြောင်းအမျိုးမျိုးကြောင့်မပါဝင်နိုင်ပေမယ့်လဲသူမတတ်နိုင်တဲ့ဘက်ကနေပါဝင်တော်လှန်နေပါတယ်၊ယခုတစ်ခါဒေါ်အောင်ဆန်းစုကြည်ပြောကြားထားတဲ့စကားတစ်ချို့ကိုသက်မွန်မြင့်ကပြန်လည်ရေးသားဖော်ပြထားပါတယ်။

သက်မွန်မြင့်ကတော့ဒေါ်အောင်ဆန်းစုကြည် ၇ရက်၉လ၁၉၈၈၊လွန်ခဲ့သော၃၃နှစ်ကပြောခဲ့တာ၊ပြည်သူဘက်ကအားကြီးနေပါပြီ၊ဒီအားကိုစနစ်တကျသုံးဖို့ပဲလိုပါတော့တယ်၊ကျွန်မကအဲ့တာကိုပိုပြီးအရေးထားပါတယ်၊အားကတော့ကြီးပါရဲ့အဲ့ဒီအားကိုမထိန်းနိုင်ရင်ပေါက်ကွဲသွားရင်ပြည်သူကိုပြန်ထိမယ်၊

ပြီးတော့ဘယ်လောက်ကြာကြာရုန်းကန်ရဦးမယ်ဆိုတာလဲမသိနိုင်သေးဘူး၊အားမွေးထားပြီးစနစ်တကျလုပ်သွားသင့်တယ်လို့ကျွန်မထင်ပါတယ်၊ပြည်သူတွေခြေကုန်လက်ပမ်းကျသွားမှာကျွန်မစိုးရိမ်တယ်၊အခုတောင် ကျွန်မတို့အတော်ပင်ပန်းနေကြပါပြီဆိုပြီးတော့ပြောကြားထားပါတယ်။

နောက်ပြီးတော့ပြည်သူ့ဆန္ဒမြန်မြန်ပြည့်ဝမှတိုင်းပြည်သက်သာမယ်၊ကြာလေတိုင်းပြည်နာလေပဲ၊ဖယ်မပေးရင်ဖယ်ပေးအောင်ပြည်သူလူထုကလုပ်ရမှာပေါ့၊ပြည်သူလူထုမှာအင်အားရှိနေပြီပဲ၊ကျွန်မရဲ့သဘောကတော့ပြည်သူလူထုဟာလိုအပ်လို့ဝုန်းခနဲထလုပ်စရာရှိရင်အအနေအထားမှာရှိရမယ်၊ရုတ်တရက်ရပ်လိုက်မယ်ဆိုရင်လဲရပ်လို့ရတဲ့ ထိန်းချုပ်နိုင်တဲ့စွမ်းအားရှိဖို့လိုပါတယ်၊ရှိလဲရှိစေချင်ပါတယ်

၊သွေးပူတုန်းလုပ်တာစစ်မှန်တဲ့တကယ့်သတ္တိမဟုတ်ဘူး၊သွေးအေးအေးနဲ့လုပ်မှတကယ့်သတ္တိပါ၊တခြားအသုံးကျတဲ့သူတွေရှိပါတယ်၊ကျွန်မတစ်ယောက်တည်းမဟုတ်ပါဘူး၊ဒီတစ်ယောက်တည်းရှိမှဖြစ်မယ်ဆိုတဲ့အဖြစ်မျိုးမဖြစ်စေချင်ပါဘူး

၊ပြည်သူတွေစည်းကမ်းရှိဖို့အရေးကြီးပါတယ်၊ဒါကြောင့်စည်းကမ်းရှိဖို့ကျွန်မဆက်လက်နှိုးဆော်မယ်၊စည်းကမ်းရှိတယ်ဆိုတာတကယ်တော့ဒီမိုကရေစီပါပဲဆိုပြီးတော့သက်မွန်မြင့်ကတစ်ဖန်ရေးသားဖော်ပြထားပါတယ်။

Credit

Unicode






နောက်ပြီးတော့ပြည်သူ့ဆန္ဒမြန်မြန်ပြည့်ဝမှတိုင်းပြည်သက်သာမယ်၊ကြာလေတိုင်းပြည်နာလေပဲ၊ဖယ်မပေးရင်ဖယ်ပေးအောင်ပြည်သူလူထုကလုပ်ရမှာပေါ့၊ပြည်သူလူထုမှာအင်အားရှိနေပြီပဲ၊ကျွန်မရဲ့သဘောကတော့ပြည်သူလူထုဟာလိုအပ်လို့ဝုန်းခနဲထလုပ်စရာရှိရင်အသင့်အနေအထားမှာရှိရမယ်၊ရုတ်တရက်ရပ်လိုက်မယ်ဆိုရင်လဲရပ်လို့ရတဲ့ ထိန်းချုပ်နိုင်တဲ့စွမ်းအားရှိဖို့လိုပါတယ်၊ရှိလဲရှိစေချင်ပါတယ်

