အိမ်ကခွေးလေးတွေကို နိုင်းဝမ်းနဲ့ ယုန်လေးဆိုပြီး နာမည်ပေးထားတဲ့ ပိုးကြာဖြူခင်ကြောင့် ရေတောင်သီးတယ်ဆိုတဲ့ နိုင်းဝမ်း (ရုပ်သံ)

အိမ်ကခွေးလေးတွေကို နိုင်းဝမ်းနဲ့ ယုန်လေးဆိုပြီး နာမည်ပေးထားတဲ့ ပိုးကြာဖြူခင်ကြောင့် ရေတောင်သီးတယ်ဆိုတဲ့ နိုင်းဝမ်း (ရုပ်သံ)

အောက်ဆုံးတွင်ရုပ်သံဖိုင်ပါရှိပါသည်

ကိုယ်ချစ်တဲ့တိရိစ္ဆာန်လေးတွေကို အမြတ်တနိုးအနေနဲ့ နာမည်လေးတွေပေးတတ်ကြတာ သဘာဝပါပဲ။

ပိုးကြာဖြူခင်ရဲ့ အိမ်ကခွေးလေးတွေကိုတော့ သူမတို့မိသားစု ချစ်စနိုး နာမည်လေးတွေပေးခဲ့ပါသေးတယ်။

မိသားစုရဲ့ပျော်စရာအချိန်လေးတွေကို Live လွှင့်ခဲ့တဲ့ ပိုးကြာဖြူခင်ရဲ့ ဗီဒီယိုကို နိုင်းဝမ်းကဝင်ကြည့်ခဲ့ပြီးနောက် အိမ်ကခွေးလေးတစ်ကောင်ရဲ့ နာမည်က သူ့ရဲ့အနုပညာနာမည်နဲ့ တူနေ

တာကြောင့် ရေတောင်သီးတယ်ဆိုပြီး စနောက်ခဲ့ပါသေးတယ်။ဒီဗီဒီယိုလေးကို နိုင်းဝမ်းက ပြန်တင်တဲ့အချိန်မှာတော့ ယုန်လေးက သူငယ်ချင်းအချင်းချင်း ဝင်ရောက်စနောက်ခဲ့တာကြောင့်

အပြန်အလှန်စနောက်နေတဲ့အချိန်မှာပဲ ပိုးကြာဖြူခင်က သူမတို့ အိမ်မှာ ယုန်လေးဆိုတဲ့နာမည်နဲ့ နောက်ထပ်ခွေးလေးတစ်ကောင် ရှိသေးကြောင်းနဲ့ ဒီ

နာမည်လေးတွေကို မိခင်ကိုယ်တိုင်ပေးတာဖြစ်ကြောင်း ထပ်မံပြောဆိုလိုက်တဲ့အချိန်မှာတောအားလုံးရယ်မောခဲ့ကြ ပါတယ်။ခွေးလေးရဲ့နာမည်က နိုင်းနိုင်းဖြစ်တာကြောင့် သူ့ရဲ့မျိုးဆက်လေးတွေ

ကို နိုင်းဝမ်းနဲ့ နိုင်းတူးဆိုပြီးပေးထားခဲ့တယ်လို့ ပိုးကြာဖြူခင်က ဆိုပါတယ်။

ရုပ်သံကြည့်ရန်👇👇

Credit








