ဆံပင် နှစ်ခွဖြစ်သူများနှင့် ထိပ်ပြောင်လို့စိတ်ညစ်နေသူများအတွက
ဆံပင် နှစ်ခွဖြစ်သူများနှင့် ထိပ်ပြောင်လို့စိတ်ညစ်နေသူများအတွက
ဆံပင်ကို နက်မှောင်ထူပြီး လှပချင်သူများအတွက်ပါ။
၁။ ဆံသား ထူခ်င္လား။
၂။ ဆံပင်ကျွတ်တာ နည်းချင်လား။
၃။ ဆံပင် နှစ်ခွဖြစ်တာ ရပ်တန့်ချင်လား။
၄။ ဆံပင် အရှည်မြန်ချင်လား။
၅။ ဆံပင် ပျက်စီးတာတွေ ပြန်ကောင်းချင်လား။
၆။ ထိပ်ပြောင်ပြီး စိတ်မညစ်နဲ့ ဒီနည်းကို ပါတဲ့အညွန်းအတိုင်း သုံးကြည့်ပါ။ လက်တွေ့ ကောင်းလို့ မျှဝေပေး တာပါ။ ကျန်းမာရေးနဲ့လည်း ညီညွတ် ပါတယ်။ ဓာတုမပါဘဲ သဘာဝအတိုင်း ဖော်စပ်တာမို့ မိန်းမ၊ ယောင်္ကျား၊ ကလေး၊ လူကြီး အကုန်လုံး စိတ်ချစွာ မိမိကိုယ်တိုင်ဖော်စပ် အသုံးပြုနိုင် ပါသည်။
ပါဝင်ပစ္စည်းများ
၁။ ရှားစောင်းလက်ပတ်ပင် ၂။ ကြက်သွန်နီဥ ၃။ အုန်းဆီ အစစ်။
ပြုလုပ်နည်းပါ
၁။ အိုး သန့်သန့်လေးကို မီးဖိုပေါ်မှာ အပူချိန် အသင့်အတင့် အနေအထားနဲ့ အပူပေးပြီး အုန်းဆီကို ချက်ပါ။
၂။ ရှားစောင်းလက်ပတ်ကို ပုံမှာပြ ထားတဲ့ အတိုင်း ဆေးကြောပြီး အတုံးလေးတွေ တုံးပြီး ပူနေသော အုန်းဆီထဲသို့ ထည့်ပြီး ရှားစောင်းလက်ပတ် အရောင်ပြောင်းသည် အထိ ချက်ပါ။
၃။ ကြက်သွန်နီဥကို အခွန်နွှာ၍ ဆေးကြောပြီး အရည်ထုတ်ပါ။
၄။ ရှားစောင်းလက်ပတ် အရောင် ပြောင်းတာနဲ့ ပုံတွင်ပြထားသည့်အတိုင်း အရည်တွေကို ယူပြီး အအေးခံထားပါ။
၅။ ကြက်သွန်နီအရည်ကို အအေးခံထားသော ရှားစောင်းလက်ပတ် အရည်ထဲသို့ ထည့်မွှေပါ။မိမိ၏ ဆံပင်အရင်းတွေမှာ ထည့်ပေးပါ။ ဆံပင်အမြစ်ထဲသို့စိမ့်ဝင်အောင် ထည့်ပေးပြီး နှိပ်ပေးပါ။ နှစ်မိနစ်ခန့်။
ပြီးလျှင် လေးဆယ့် ငါးမိနစ်(၄၅) မိနစ်ခန့် ထားပြီး ခေါင်းလျှော်လိုက်ပါ။ အမွှေးပေါက်ချင်သော နေရာများတွင် ထိုနည်းအတိုင်းလုပ်ပါ။ တစ်ပတ်ကို သုံးကြိမ်။ တစ်လ အတွင်း ထူးလာမည်။
ရွှေဣန္ဒြေ သျှင် သျှား သျှား
Via -Sai Min Thant
Unicode
၁။ ဆံသား ထူခ်င္လား။
ပါဝင်ပစ္စည်းများ
ပြုလုပ်နည်းပါ