ငါအဲ့ကောင်လေးကိုချစ်မိလို့ နောင်တရတယ်ဆိုတာမရှိခဲ့သလို ဘယ်တော့မှလည်းရှိလာမှာလည်းမဟုတ်တော့ဘူး။

သူ့ကိုစချစ်ထဲက ငါ့မှာသူနဲ့ပတ်သက်ပြီးအကြောင်းအမျိုးမျိုးကြောင့်ဂုဏ်ယူရတာတွေကြီးပဲအဲ့ကောင်လေးကငါ့ကိုဘယ်တော့မှမျက်နှာမငယ်စေဘူး။အဲ့ကောင်လေးကငါ့အတွက်တော့အဖိုးတန်တဲ့ဘုရားပေးတဲ့ဆုလာဒ်ကလေးပါပဲ။

သူကိုသိခွင့်ရတာသူများထက်နောက်ကျသည်ဖြစ်စေစောပြီးသိသည်ဖြစ်စေ အချိန်ဟာအရေးမကြီးပါဘူး။ဒီကောင်လေးကောင်းကောင်းမွန်မွန်နဲ့ကျန်းကျန်းမာမာကြီးပျင်းလာတာကိုပဲကျေးဇူးတင်မိပါတယ်။

“မနက်ဖြန်တိုင်းမှာ ဘာဖြစ်ချင်လဲ”လို့မေးလာရင်“အဲ့ကောင်လေးကို တစ်ရက်ထပ်တစ်ရက်မလျော့သောချစ်ခြင်းမေတ္တာတွေနဲ့ချစ်ပါရစေ”လို့ပဲဖြေမိပါလိမ့်မယ်။
Credit

Unicode



