သင့်ကောင်မလေးကို တကယ်ချစ်မြတ်နိုးလျှင် မပြုလုပ်သင့်သော အပြုအမူများ

သင့်ကောင်မလေးကို တကယ်ချစ်မြတ်နိုးလျှင် မပြုလုပ်သင့်သော အပြုအမူများ

သင့်ကောင်မလေးကို တကယ်ချစ်မြတ်နိုးလျှင် မပြုလုပ်သင့်သော အပြုအမူများ

သင် အခုတွဲနေတဲ့ ကောင်မလေးကို အမှန်တကယ်ချစ်မြတ်နိုးရဲ့လား။ဒါဆိုရင်တော့ လက်ရှိတွဲနေတဲ့အချိန်မှာရော နှစ်ယောက်သားလက်ထပ်ပြီးလို့နှစ်ယောက်တစ်ဘဝထူထောင်နေတဲ့အချိန်မှာရော ရှောင်ကြဉ်သင့်တဲ့အပြုအမူတစ်ချို့ရှိပါတယ်။ဘယ်လိုအပြုအမူတွေဖြစ်မလဲဆိုတာ ဆက်လေ့လာကြည့်လိုက်ရအောင်။

မာနကြီးလွန်းခြင်း

မိန်းကလေးတွေရဲ့သဘာဝ သူတို့ကို အလျော့ပေးတာကို ကြိုက်နှစ်သက်ကြပါတယ်။အထူးသဖြင့် သူတို့ရဲ့ ချစ်သူက သူတို့ကို အလျော့ပေးရင် ပိုသဘောကျကြပါတယ်။မာနလုံးဝမထားရမှာကို ဆိုလိုတာမဟုတ်ပါဘူး။

မလိုအပ်တဲ့နေရာမှာ မာနမထားပါနဲ့။ ဥပမာ နှစ်ယောက်သား စကားများရန်ဖြစ်တဲ့အခါ သင့်ဘက်ကအလျော့ပေးပြီး သူမစိတ်ပြေအောင် ချော့တဲ့အကျင့်လေးမွေးမြူထားပါ။စိတ်ကောက်ချင်ကောက် မကောက်ချင်နေ၊ ငါကတော့ လုံးဝမချော့ဘူးဆိုပြီး

ပစ်ထားမယ်ဆိုရင် တစ်ခေါက် နှစ်ခေါက်တော့ သူမသည်းခံပါလိမ့်မယ်။ဒါပေမဲ့ သည်းခံရတာကြာလာရင်တော့ သင်တို့သမီးရည်းစားဆက်ဆံရေးက စိုးရိမ်ရေးအမှတ်သို့ ရောက်ရှိနိုင်ချေရှိပါတယ်။မိန်းကလေးတွေ တစ်လတစ်ခါ ဓမ္မတာလာခြင်းကို ရွံရှာတဲ့ပုံသဏ္ဍာန်ပြသခြင်းကိုလည်း

သူမက ကြိုက်မှာမဟုတ်ပါဘူး။သင်တို့နှစ်ယောက် လက်ထပ်ပြီးတဲ့နောက်မှာလည်း သူမက ခြေသလုံးမွှေးရိတ်ခြင်း၊ ဂျိုင်းမွှေးရိတ်ခြင်း စတဲ့တစ်ကိုယ်ရည်သန့်ရှင်းမှုနဲ့ ပတ်သက်တဲ့အရာတွေပြုလုပ်တဲ့အခါ ရွံရှာတဲ့ပုံ မပြုလုပ်မိဖို့ အရေးကြီးပါတယ်။

သင့်ရဲ့မိခင် (သို့) သင့်ရဲ့ ရည်းစားဟောင်းနဲ့ သူမကို နှိုင်းယှဉ်ခြင်း

ငါ့ရည်းစားဟောင်းတုန်းက တစ်ခွန်းဆိုတစ်ခွန်းပဲ ငါပြေသမျှနားထောင်တယ်ဆိုပြီးနှိုင်းယှဉ်ပြောဆိုခြင်း၊ မင်းရဲ့ ဟင်းချက်လက်ရာကလည်း ဆိုးရွားလိုက်တာ ငါ့အမေ ငါ့ကိုချက်ကျွေးနေကျက

ဒီ့ထက် ဆယ်ဆသာတယ် စသည်ဖြင့်နှိုင်းယှဉ်ခြင်းတွေက သင်တို့နှစ်ယောက်ဆက်ဆံရေးကြားမှာ အဖုအထစ်လေးတွေဖြစ်သွားနိုင်ပါတယ်။သူမဆီမှာ မကောင်းတဲ့အချက်လေးတွေရှိရင် တခြားသူနဲ့နှိုင်းယှဉ်မယ့်အစား စိတ်ရင်းစေတနာနဲ့ပြုပြင်ပေးလိုက်ပါ။

စက်ပစ္စည်းများနဲ့ အခြားကိရိယာများကို စွဲလမ်းခြင်း

မိန်းကလေးတွေ ငယ်ငယ်တုန်းက အရုပ်မတွေနဲ့ ဆော့ကစားချိန်မှာယောကျာ်းလေးတွေကတော့ မော်တော်ကားအရုပ်၊ ဆိုင်ကယ်အရုပ်တွေနဲ့ ဆော့ကစားလေ့ရှိကြပါတယ်။ကြီးလာတဲ့အခါမှာလည်း မော်တော်ယာဉ်၊

မော်တော်ဆိုင်ကယ် စတဲ့စက်ပစ္စည်းတွေကို ကြိုက်နှစ်သက်လာကြပါတယ်သင်တို့နှစ်ယောက် လက်ထပ်ပြီးတဲ့အခါ သူမအတွက် အချိန်မပေးဘဲ ဂိုဒေါင်ထဲမှာပဲ အချိန်ဖြုန်းပြီးကားတို့၊ ဆိုင်ကယ်တို့ကိုပဲ

အားအားရှိကလိနေတာကိုတော့ သူမက ကြိုက်နှစ်သက်မှာမဟုတ်ပါဘူး။သူမကို နံပါတ်တစ်နေရာမှာမထားဘူး၊ ဦးစားမပေးဘူး အလေးမထားဘူးဆိုပြီး အထင်လွဲသွားပါလိမ့်မယ်။

သူမရှေ့မှာ အလွန်အကျွံလေချဉ်တက်ခြင်း၊ လေလည်ခြင်း

ကိုယ့်မျက်နှာရှေ့တည့်တည့်လာပြီး လေချဉ်တက်တာကို သင့်ကောင်မလေးမပြောနဲ့ လူတိုင်းကြိုက်ကြမှာမဟုတ်ပါဘူး။သင်တို့နှစ်ယောက် လက်ထပ်ပြီးတဲ့အခါမှာလည်း

ထိုနည်းအတိုင်းပါပဲ၊ မတော်တဆမဟုတ်ဘဲ တမင်တကာရည်ရွယ်ပြီးသူမရှေ့တည့်တည့်မှာ လေချဉ်တက်ခြင်း၊ လေလည်ခြင်းစတဲ့ အပြုအမူမျိုးကိုလည်း ရှောင်ကြဉ်သင့်ပါတယ်။

Credit

Zawgyi

သင့္ေကာင္မေလးကို တကယ္ခ်စ္ျမတ္ႏိုးလွ်င္ မျပဳလုပ္သင့္ေသာ အျပဳအမူမ်ား

သင္ အခုတြဲေနတဲ့ ေကာင္မေလးကို အမွန္တကယ္ခ်စ္ျမတ္ႏိုးရဲ႕လား။ဒါဆိုရင္ေတာ့ လက္ရွိတြဲေနတဲ့အခ်ိန္မွာေရာ ႏွစ္ေယာက္သားလက္ထပ္ၿပီးလို႔ႏွစ္ေယာက္တစ္ဘဝထူေထာင္ေနတဲ့အခ်ိန္မွာေရာ ေရွာင္ၾကဥ္သင့္တဲ့အျပဳအမူတစ္ခ်ိဳ႕ရွိပါတယ္။ဘယ္လိုအျပဳအမူေတြျဖစ္မလဲဆိုတာ ဆက္ေလ့လာၾကည့္လိုက္ရေအာင္။

မာနႀကီးလြန္းျခင္း

မိန္းကေလးေတြရဲ႕သဘာဝ သူတို႔ကို အေလ်ာ့ေပးတာကို ႀကိဳက္ႏွစ္သက္ၾကပါတယ္။အထူးသျဖင့္ သူတို႔ရဲ႕ ခ်စ္သူက သူတို႔ကို အေလ်ာ့ေပးရင္ ပိုသေဘာက်ၾကပါတယ္။မာနလုံးဝမထားရမွာကို ဆိုလိုတာမဟုတ္ပါဘူး။

မလိုအပ္တဲ့ေနရာမွာ မာနမထားပါနဲ႔။ ဥပမာ ႏွစ္ေယာက္သား စကားမ်ားရန္ျဖစ္တဲ့အခါ သင့္ဘက္ကအေလ်ာ့ေပးၿပီး သူမစိတ္ေျပေအာင္ ေခ်ာ့တဲ့အက်င့္ေလးေမြးျမဴထားပါ။စိတ္ေကာက္ခ်င္ေကာက္ မေကာက္ခ်င္ေန၊ ငါကေတာ့ လုံးဝမေခ်ာ့ဘူးဆိုၿပီး

ပစ္ထားမယ္ဆိုရင္ တစ္ေခါက္ ႏွစ္ေခါက္ေတာ့ သူမသည္းခံပါလိမ့္မယ္။ဒါေပမဲ့ သည္းခံရတာၾကာလာရင္ေတာ့ သင္တို႔သမီးရည္းစားဆက္ဆံေရးက စိုးရိမ္ေရးအမွတ္သို႔ ေရာက္ရွိႏိုင္ေခ်ရွိပါတယ္။မိန္းကေလးေတြ တစ္လတစ္ခါ ဓမၼတာလာျခင္းကို ႐ြံရွာတဲ့ပုံသ႑ာန္ျပသျခင္းကိုလည္း

သူမက ႀကိဳက္မွာမဟုတ္ပါဘူး။သင္တို႔ႏွစ္ေယာက္ လက္ထပ္ၿပီးတဲ့ေနာက္မွာလည္း သူမက ေျခသလုံးေမႊးရိတ္ျခင္း၊ ဂ်ိဳင္းေမႊးရိတ္ျခင္း စတဲ့တစ္ကိုယ္ရည္သန႔္ရွင္းမႈနဲ႔ ပတ္သက္တဲ့အရာေတြျပဳလုပ္တဲ့အခါ ႐ြံရွာတဲ့ပုံ မျပဳလုပ္မိဖို႔ အေရးႀကီးပါတယ္။

သင့္ရဲ႕မိခင္ (သို႔) သင့္ရဲ႕ ရည္းစားေဟာင္းနဲ႔ သူမကို ႏႈိင္းယွဥ္ျခင္း

ငါ့ရည္းစားေဟာင္းတုန္းက တစ္ခြန္းဆိုတစ္ခြန္းပဲ ငါေျပသမွ်နားေထာင္တယ္ဆိုၿပီးႏႈိင္းယွဥ္ေျပာဆိုျခင္း၊ မင္းရဲ႕ ဟင္းခ်က္လက္ရာကလည္း ဆိုး႐ြားလိုက္တာ ငါ့အေမ ငါ့ကိုခ်က္ေကြၽးေနက်က

ဒီ့ထက္ ဆယ္ဆသာတယ္ စသည္ျဖင့္ႏႈိင္းယွဥ္ျခင္းေတြက သင္တို႔ႏွစ္ေယာက္ဆက္ဆံေရးၾကားမွာ အဖုအထစ္ေလးေတြျဖစ္သြားႏိုင္ပါတယ္။သူမဆီမွာ မေကာင္းတဲ့အခ်က္ေလးေတြရွိရင္ တျခားသူနဲ႔ႏႈိင္းယွဥ္မယ့္အစား စိတ္ရင္းေစတနာနဲ႔ျပဳျပင္ေပးလိုက္ပါ။

စက္ပစၥည္းမ်ားနဲ႔ အျခားကိရိယာမ်ားကို စြဲလမ္းျခင္း

မိန္းကေလးေတြ ငယ္ငယ္တုန္းက အ႐ုပ္မေတြနဲ႔ ေဆာ့ကစားခ်ိန္မွာေယာက်ာ္းေလးေတြကေတာ့ ေမာ္ေတာ္ကားအ႐ုပ္၊ ဆိုင္ကယ္အ႐ုပ္ေတြနဲ႔ ေဆာ့ကစားေလ့ရွိၾကပါတယ္။ႀကီးလာတဲ့အခါမွာလည္း ေမာ္ေတာ္ယာဥ္၊

ေမာ္ေတာ္ဆိုင္ကယ္ စတဲ့စက္ပစၥည္းေတြကို ႀကိဳက္ႏွစ္သက္လာၾကပါတယ္သင္တို႔ႏွစ္ေယာက္ လက္ထပ္ၿပီးတဲ့အခါ သူမအတြက္ အခ်ိန္မေပးဘဲ ဂိုေဒါင္ထဲမွာပဲ အခ်ိန္ျဖဳန္းၿပီးကားတို႔၊ ဆိုင္ကယ္တို႔ကိုပဲ

အားအားရွိကလိေနတာကိုေတာ့ သူမက ႀကိဳက္ႏွစ္သက္မွာမဟုတ္ပါဘူး။သူမကို နံပါတ္တစ္ေနရာမွာမထားဘူး၊ ဦးစားမေပးဘူး အေလးမထားဘူးဆိုၿပီး အထင္လြဲသြားပါလိမ့္မယ္။

သူမေရွ႕မွာ အလြန္အကြၽံေလခ်ဥ္တက္ျခင္း၊ ေလလည္ျခင္း

ကိုယ့္မ်က္ႏွာေရွ႕တည့္တည့္လာၿပီး ေလခ်ဥ္တက္တာကို သင့္ေကာင္မေလးမေျပာနဲ႔ လူတိုင္းႀကိဳက္ၾကမွာမဟုတ္ပါဘူး။သင္တို႔ႏွစ္ေယာက္ လက္ထပ္ၿပီးတဲ့အခါမွာလည္း

ထိုနည္းအတိုင္းပါပဲ၊ မေတာ္တဆမဟုတ္ဘဲ တမင္တကာရည္႐ြယ္ၿပီးသူမေရွ႕တည့္တည့္မွာ ေလခ်ဥ္တက္ျခင္း၊ ေလလည္ျခင္းစတဲ့ အျပဳအမူမ်ိဳးကိုလည္း ေရွာင္ၾကဥ္သင့္ပါတယ္။