လူတိုင်းရဲ့ အကြည့်တွေကို သိမ်းပိုက်နိုင်တဲ့အလွန်အကျွံဆွဲဆောင်မှုမြင့်မားလွန်းသူတွေရဲ့ အလေ့အထများ

လူတိုင်းရဲ့ အကြည့်တွေကို သိမ်းပိုက်နိုင်တဲ့အလွန်အကျွံဆွဲဆောင်မှုမြင့်မားလွန်းသူတွေရဲ့ အလေ့အထများ

လူတိုင်းရဲ့ အကြည့်တွေကို သိမ်းပိုက်နိုင်တဲ့အလွန်အကျွံဆွဲဆောင်မှုမြင့်မားလွန်းသူတွေရဲ့ အလေ့အထများ

ကျွန်တော်တို့ထဲက တစ်ချို့လူတွေဟာ သူတို့ကိုလုံးဝကြည့်မရပါဘူးဆိုတဲ့လူတွေကိုတောင် ဆွဲဆောင်ပါတယ်။ တစ်ချို့က အလှအပ၊ ကိုယ်ဟန်အနေအထား၊ စတိုင်လ်တွေနဲ့ ဆွဲဆောင်တယ်။

တစ်ချို့က စံနှုန်းတွေ၊ မျှော်မှန်းချက်တွေနှင့် ရည်ရွယ်ချက်တွေနဲ့ လူတွေကို ဆွဲဆောင်တယ်။အခုမျှဝေပေးမှာကတော့ လူတိုင်းက သမင်လည်ပြန်မကြည့်ဘဲ မနေနိုင်လောက်အောင် အလွန်အကျွံဆွဲဆောင်မှုမြင့်မားလွန်းတဲ့ လူတွေရဲ့ အလေ့အထကို မျှဝေပေးချင်တာပါ။

၁။ ဟာသဉာဏ်ရှိခြင်း

ဘဝကြီးဟာ တစ်ခါတလေမှာ ခက်ခဲနိုင်ပါတယ်။ ကျွန်တော်တို့အားလုံးဟာ အပြင်းထန်ဆုံးသော စမ်းသပ်မှုအမျိုးမျိုးကို ရင်ဆိုင်ကြရတယ်။ ဒါ့ကြောင့် ခဏတဖြုတ် အနားဖြေဖို့နှင့် ရယ်မောဖို့စွမ်းရည်တွေက အလွန်အရေးကြီးတဲ့ အရည်အချင်းတစ်ခုဖြစ်ပါတယ်။

ဒီလိုလုပ်ရပ်တွေရဲ့ နောက်ကွယ်က ကောင်းတဲ့ရည်ရွယ်ချက်တွေရှိနေသရွှေ့ ဒီရယ်မောခြင်းဟာ အခြားသူတွေ (သို့) မိမိကိုယ်ကို တိုက်ရိုက်ဦးတည်နိုင်ပါတယ်။ နောက်ထပ်ပြောစရာမလိုတာ တစ်ခုက ဟာသဉာဏ်ဟာ သူငယ်ချင်းတွေနှင့် အိမ်ထောင်ဖက်တွေကြားထဲမှာ အလွန်ဆွဲဆောင်မှုရှိတဲ့ အရည်အချင်းတစ်မျိုးဖြစ်ပါတယ်။ အမြဲတမ်း တောင့်တောင့်တင်းတင်းကြီး ဘယ်သူနေချင်မှာလဲ။

၂။ ဘဝတိုးတက်မှုအတွက် စိတ်ဓာတ်ပြင်းပြခြင်

ကျွန်တော်တို့အများစုက အခြားသူတွေပါဝင်တဲ့ စိတ်အားထက်သန်မှုကို တန်ဖိုးထားကြတယ်။ စိတ်ဓာတ်ပြင်းပြမှုက ရည်ရွယ်ချက်တွေကို ဖြစ်ပေါ်စေပါတယ်။ ကျွန်တော်တို့အားလုံးဟာ အသက်ရှင်ဖို့အတွက် ရုန်းကန်ရန်အတွက် တစ်ခုခုလိုအပ်ပါတယ်။

ဝါသနာကြီးတာက ဆွဲဆောင်ခြင်းတစ်မျိုးဖြစ်ပါတယ်။ အကြောင်းရင်းက ဒါဟာ တစ်ကိုယ်ကောင်းမဆန်တဲ့ အကျင့်တစ်မျိးဖြစ်လို့ပါ။ ကျွန်တော်တို့က ရည်ရွယ်ချက်တစ်ခုကိုနက်နက်နဲနဲယုံကြည်ရတဲ့အခါ မိတ်ဆွေများ၊ မိသားစုဝင်များ၊ ချစ်ခြင်းမေတ္တာများ၊ အလုပ် (သို့) အခြားအရာတစ်ခုခုဖြစ်ဖြစ် တစ်သက်တာရဲ့ လေလှိုင်းလေထန်မှုကို လမ်းညွှန်ကူညီပေးနိုင်ပါတယ်။

၃။ ဆုံးဖြတ်ချက်ချနိုင်တဲ့စွမ်းရည်

ဆုံးဖြတ်ချက်ချခြင်းဆိုတာကလည်း ဆွဲဆောင်မှုရှိခြင်းတစ်မျိုးပါပဲ။ ဘာကြောင့်လဲ ၎င်းက ဦးတည်ချက်၊ ရည်မှန်းချက်တွေကို ပြနိုင်လို့ပါ။ ခက်ခဲသော ဆုံးဖြတ်ချက်ချနိုင်တဲ့ စွမ်းရည်တွေက နောက်ဆုံးမှပေါ်ပေါက်လာမယ့်အရာဖြစ်တာကြောင့် ၎င်းအရည်အချင်းက

အလားအလာရှိတဲ့အိမ်ထောင်ဖက်တွေအတွက်တော့ ဆွဲဆောင်မှုအရှိဆုံးဖြစ်နိုင်ပါတယ်။ အခြားတစ်ဖက်က ရူးသွပ်ခြင်းဆိုတာကတော့ ဆွဲဆောင်မှုရှိမနေပါဘူး။ ဆင်ခြင်တုံတရားနှင့် ဆိုင်တဲ့အဆုံးအဖြတ်ပေးခြင်းက တစ်ခြားသူတစ်ဦးဦးကို ရှာဖွေဖို့ ပိုထူးဆန်းတဲ့၊ ပိုပြီးတော့ ရိုဆန်တဲ့ ဆွဲဆောင်မှုတစ်ခုဖြစ်ပါတယ်။

၄။ အခြားသူများနှင့် မိမိကိုယ်ကိုကြင်နာခြင်

အခြားသူတွေအပေါ် ကြင်နာမှုရှိတဲ့ လူတစ်ယောက်ဖြစ်ဖို့ကျွန်တော်တို့ ကြိုးစားကြတယ်။ တကယ်တော့ ဒါက လူအများစုအတွက် ဆွဲဆောင်မှုတစ်ခုဖြစ်ရုံမကဘဲ လိုအပ်ချက်တစ်ခုလည်းဖြစ်ပါတယ်။

သူစိမ်းတွေနှင့် မိတ်ဆွေတွေကိုကိုပါ ကြင်နာပြခြင်းပါ။ စာနာမှုပြခြင်းနှင့် ကျပန်းကြင်နာတဲ့လုပ်ရပ်တွေကို ပြသခြင်းက လူကောင်းတစ်ဦးဖြစ်တယ်ဆိုတာ ဖော်ပြခြင်းလည်းဖြစ်ပါတယ်။

၅။ ပွင့်လင်းမြင်သာတဲ့စိတ်နေသဘောထား

ကျွန်တော်တို့အများစု ရွံ့မုန်းတဲ့အရာတစ်ခုရှိပါတယ်။ အဲ့ဒါက ခွဲခြားဆက်ဆံတာနဲ့ ပွင့်လင်းတဲ့ စိတ်သဘောထားမရှိခြင်းပါ။ လူအချင်းချင်း နိုင်ငံရေးကြောင့်၊ ဘာသာရေးကြောင့် ခွဲခြားဆက်ဆံတာဟာ လုံးဝမရှိသင့်တော့ပါဘူး။ ဒီလိုနေရာမှာ ပွင့်လင်းမြင်သာတဲ့ စိတ်နေသဘောထားက ကွဲပြားမှုတွေ အများအပြားဖြေရှင်းနိုင်ပါတယ်။

၆။ တစ်ခြားလူတွေကို ထောက်ခံခြင်း

ဒီကနေ့ကာလမှာ ပြဿနာတွေက လူတစ်ဦးက အခြားတစ်ဦးကို လက်ခံဖို့မဖြစ်နိုင်လောက်အောင် များပြားလွန်းပါတယ်။ လူအုပ်စုတစ်စုက အခြားအုပ်စုတစ်စုကို လက်ခံဖို့ဆန္ဒမရှိခြင်းကြောင့် ယခုအချိန်မှာ ပဋိပက္ခတွေ ဘယ်လောက်တောင်ဖြစ်နေကြပါသလဲ။ အခြားလူတွေကို လက်ခံခြင်းဆိုတာ ၎င်းတို့အပေါ် ချစ်ခြင်းမေတ္တာတွေကို ပြသခြင်းလည်း ဖြစ်ပါတယ်။

Credit

Unicode