လက်နက်ကြီးယူပြီး CDM ဝင်လာသည့်စစ်သားများကို ကျပ်သိန်း ၁၀၀ ချီးမြှင့်မည်

လက်နက်ကြီးယူပြီး CDM ဝင်လာသည့်စစ်သားများကို ကျပ်သိန်း ၁၀၀ ချီးမြှင့်မည်

လက်နက်ကြီးယူပြီး CDM ဝင်လာသည့်စစ်သားများကို ကျပ်သိန်း ၁၀၀ ချီးမြှင့်မည်

အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM)မှာပါဝင်ပြီး ပြည်သူ့ဘက်က ရပ်တည်လိုတဲ့ တပ်မတော်သားတွေ၊ ရဲတွေ၊ဌာနဆိုင်ရာအကြီးအကဲတွေကို ချင်းပြည်နယ်ကာကွယ်ရေးတပ် (CDF)က ကျပ်သိန်း ရာချီ ဆုကြေးပေးမယ်လို့ ဖိတ်ခေါ်ထားပါတယ်။

CDM လုပ်ပြီး ပြည်သူတွေနဲ့ လာရောက်ပူးပေါင်းတဲ့ တပ်မတော်သား၊ ရဲသားနဲ့ ဌာနဆိုင်ရာ အကြီးအကဲတွေအပါအဝင် မိသားစုဝင်တွေအတွက်လိုအပ်တဲ့ လုံခြုံရေး၊ စားဝတ်နေရေး၊ ကျန်းမာရေး စောင့်ရှောက်မှုတွေအပြင်

ဆုကြေးတွေကိုပါ လက်ငင်း ချီးမြှင့်သွားမယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။ဆုကြေးတွေအနေနဲ့ လက်နက်ငယ်နဲ့ ကျည်ဆန်တွေတစ်ပါတည်း ယူဆောင်လာနိုင်ပါက ကျပ်သိန်း ၅၀ ၊ လက်နက်ကြီးနဲ့ ကျည်ဆန်တွေ တစ်ပါတည်းယူဆောင်လာနိုင်ပါက

ကျပ်သိန်း ၁၀၀ ထိ ပေးအပ်မှာဖြစ်သလို ပြည်သူတွေပိုင်တဲ့ ဌာနဆိုင်ရာကားတွေကိုပါ တစ်ပါတည်း ယူဆောင်လာ နိုင်ပါက ကျပ်သိန်း ၅၀ ချီးမြှင့်ပေးအပ်သွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

မင်းအောင်လှိုင်နဲ့ သူ့ရဲ့စစ်ဗိုလ်တွေဟာ ကိုယ်ကျိုးစီးပွားအတွက် ပြည်သူတွေဆီက အကြမ်းဖက်အာဏာလုယူကာ အပြစ်မဲ့ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေကို မတရား သတ်ဖြတ်လုယက်ဖျက်ဆီးတာတွေ

ကျူးလွန်နေကြကြောင်း၊ အဲဒီလို အကြမ်းဖက်မှုတွေကို နိုင်ငံသားတာဝန်သိစိတ်အပြည့်နဲ့ ဖီဆန်ကာ ပြည်သူတွေနဲ့ လာရောက်ပူးပေါင်းလိုသူတွေကိုနွေးထွေးစွာ ကြိုဆိုကြောင်း ချင်း CDF စက်တင်ဘာ ၁၆ ရက်စွဲနဲ့ သဘောထားထုတ်ပြန် ထားတာပါ။

ချင်းပြည်နယ်မှာတော့ အကြမ်းဖက်အာဏာသိမ်းစစ်ကောင်စီတပ်တွေနဲ့ ဒေသခံ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲတွေစတင်ခဲ့တာလနဲ့ချီကြာမြင့်နေခဲ့ပြီ ဖြစ်ကာ တိုက်ပွဲတွေ ကြောင့် ဒေသခံတွေ ထောင်သောင်းချီ

နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။မန်မာနိုင်ငံမှာ ဖေဖော်ဝါရီ ၁ ရက်ကစပြီး အကြမ်းဖက်စစ်အုပ်စုက မတရား အာဏာသိမ်းယူခဲ့တာကို ဆန့်ကျင်ဆန္ဒပြခဲ့ကြတဲ့ နွေဦးတော်လှန်ရေးကာလဟာ ၇ လခွဲကျော် ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။

ဒီကာလတွေအတွင်း အကြမ်းဖက်ဖြိုခွင်းမှုတွေကြောင့် ထိခိုက်ကျဆုံးရသူတွေ၊ ဖမ်းဆီး ထောင်ချခံရသူတွေလည်းရှိခဲ့ပြီးနိုင်ငံတဝန်း တောရောမြို့ပါမကျန် ဒေသခံပြည်သူ့ကာကွယ်ရေး တပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေလည်း ပြင်းထန်နေတာပါ။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)ရဲ့ ထုတ်ပြန်ချက်အရ လတ်တလောအချိန်ထိအာဏာသိမ်းစစ်ကောင်စီတပ်ရဲ့ ပစ်ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ကျဆုံး ပြည်သူ ၁၁၀၀ ကျော်၊ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသူပေါင်း ၈,၀၀၀ ကျော် ရှိခဲ့တယ်လို့ ဆိုပါတယ်။

လတ်တလောမှာတော့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က စစ်အာဏာရှင် ဆန့်ကျင်ရေး ခုခံတွန်းလှန်စစ် စတင်ကြောင်းနဲ့ မင်းအောင်လှိုင်ဦးဆောင်တဲ့အကြမ်းဖက် စစ်အုပ်ချုပ်ရေးကို လှည်းနေလှေအောင်း မြင်းဇောင်းမကျန် တွန်းလှန်တိုက်ဖျက်ကြဖို့ စက်တင်ဘာ ၇ ရက်က ကြေညာခဲ့ပါတယ်။

DVB

Credit

Zawgyi

လက္နက္ႀကီးယူၿပီး CDM ဝင္လာသည့္စစ္သားမ်ားကို က်ပ္သိန္း ၁၀၀ ခ်ီးျမႇင့္မည္

အာဏာဖီဆန္ေရးလႈပ္ရွားမႈ(CDM)မွာပါဝင္ၿပီး ျပည္သူ႔ဘက္က ရပ္တည္လိုတဲ့ တပ္မေတာ္သားေတြ၊ ရဲေတြ၊ဌာနဆိုင္ရာအႀကီးအကဲေတြကို ခ်င္းျပည္နယ္ကာကြယ္ေရးတပ္ (CDF)က က်ပ္သိန္း ရာခ်ီ ဆုေၾကးေပးမယ္လို႔ ဖိတ္ေခၚထားပါတယ္။

CDM လုပ္ၿပီး ျပည္သူေတြနဲ႔ လာေရာက္ပူးေပါင္းတဲ့ တပ္မေတာ္သား၊ ရဲသားနဲ႔ ဌာနဆိုင္ရာ အႀကီးအကဲေတြအပါအဝင္ မိသားစုဝင္ေတြအတြက္လိုအပ္တဲ့ လုံၿခဳံေရး၊ စားဝတ္ေနေရး၊ က်န္းမာေရး ေစာင့္ေရွာက္မႈေတြအျပင္

ဆုေၾကးေတြကိုပါ လက္ငင္း ခ်ီးျမႇင့္သြားမယ္လို႔ ထုတ္ျပန္ခ်က္က ဆိုပါတယ္။ဆုေၾကးေတြအေနနဲ႔ လက္နက္ငယ္နဲ႔ က်ည္ဆန္ေတြတစ္ပါတည္း ယူေဆာင္လာႏိုင္ပါက က်ပ္သိန္း ၅၀ ၊ လက္နက္ႀကီးနဲ႔ က်ည္ဆန္ေတြ တစ္ပါတည္းယူေဆာင္လာႏိုင္ပါက

က်ပ္သိန္း ၁၀၀ ထိ ေပးအပ္မွာျဖစ္သလို ျပည္သူေတြပိုင္တဲ့ ဌာနဆိုင္ရာကားေတြကိုပါ တစ္ပါတည္း ယူေဆာင္လာ ႏိုင္ပါက က်ပ္သိန္း ၅၀ ခ်ီးျမႇင့္ေပးအပ္သြားမယ္လို႔ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပပါတယ္။

မင္းေအာင္လႈိင္နဲ႔ သူ႔ရဲ႕စစ္ဗိုလ္ေတြဟာ ကိုယ္က်ိဳးစီးပြားအတြက္ ျပည္သူေတြဆီက အၾကမ္းဖက္အာဏာလုယူကာ အျပစ္မဲ့ျပည္သူေတြရဲ႕ အသက္အိုးအိမ္စည္းစိမ္ေတြကို မတရား သတ္ျဖတ္လုယက္ဖ်က္ဆီးတာေတြ

က်ဴးလြန္ေနၾကေၾကာင္း၊ အဲဒီလို အၾကမ္းဖက္မႈေတြကို ႏိုင္ငံသားတာဝန္သိစိတ္အျပည့္နဲ႔ ဖီဆန္ကာ ျပည္သူေတြနဲ႔ လာေရာက္ပူးေပါင္းလိုသူေတြကိုေႏြးေထြးစြာ ႀကိဳဆိုေၾကာင္း ခ်င္း CDF စက္တင္ဘာ ၁၆ ရက္စြဲနဲ႔ သေဘာထားထုတ္ျပန္ ထားတာပါ။

ခ်င္းျပည္နယ္မွာေတာ့ အၾကမ္းဖက္အာဏာသိမ္းစစ္ေကာင္စီတပ္ေတြနဲ႔ ေဒသခံ ျပည္သူ႔ ကာကြယ္ေရးတပ္ဖြဲ႕ေတြၾကား တိုက္ပြဲေတြစတင္ခဲ့တာလနဲ႔ခ်ီၾကာျမင့္ေနခဲ့ၿပီ ျဖစ္ကာ တိုက္ပြဲေတြ ေၾကာင့္ ေဒသခံေတြ ေထာင္ေသာင္းခ်ီ

ေနရပ္စြန႔္ခြာထြက္ေျပးတိမ္းေရွာင္ေနၾကရတယ္လို႔ သိရပါတယ္။မန္မာႏိုင္ငံမွာ ေဖေဖာ္ဝါရီ ၁ ရက္ကစၿပီး အၾကမ္းဖက္စစ္အုပ္စုက မတရား အာဏာသိမ္းယူခဲ့တာကို ဆန႔္က်င္ဆႏၵျပခဲ့ၾကတဲ့ ေႏြဦးေတာ္လွန္ေရးကာလဟာ ၇ လခြဲေက်ာ္ ၾကာျမင့္ခဲ့ၿပီ ျဖစ္ပါတယ္။

ဒီကာလေတြအတြင္း အၾကမ္းဖက္ၿဖိဳခြင္းမႈေတြေၾကာင့္ ထိခိုက္က်ဆုံးရသူေတြ၊ ဖမ္းဆီး ေထာင္ခ်ခံရသူေတြလည္းရွိခဲ့ၿပီးႏိုင္ငံတဝန္း ေတာေရာၿမိဳ႕ပါမက်န္ ေဒသခံျပည္သူ႔ကာကြယ္ေရး တပ္ေတြနဲ႔ စစ္ေကာင္စီတပ္ေတြၾကား တိုက္ပြဲေတြလည္း ျပင္းထန္ေနတာပါ။

ႏိုင္ငံေရးအက်ဥ္းသားမ်ား ကူညီေစာင့္ေရွာက္ေရးအသင္း (ေအေအပီပီ)ရဲ႕ ထုတ္ျပန္ခ်က္အရ လတ္တေလာအခ်ိန္ထိအာဏာသိမ္းစစ္ေကာင္စီတပ္ရဲ႕ ပစ္ခတ္သတ္ျဖတ္မႈေၾကာင့္ အျပစ္မဲ့က်ဆုံး ျပည္သူ ၁၁၀၀ ေက်ာ္၊ ဖမ္းဆီးထိန္းသိမ္းခံခဲ့ရသူေပါင္း ၈,၀၀၀ ေက်ာ္ ရွိခဲ့တယ္လို႔ ဆိုပါတယ္။

လတ္တေလာမွာေတာ့ အမ်ိဳးသားညီၫြတ္ေရးအစိုးရ(NUG)က စစ္အာဏာရွင္ ဆန႔္က်င္ေရး ခုခံတြန္းလွန္စစ္ စတင္ေၾကာင္းနဲ႔ မင္းေအာင္လႈိင္ဦးေဆာင္တဲ့အၾကမ္းဖက္ စစ္အုပ္ခ်ဳပ္ေရးကို လွည္းေနေလွေအာင္း ျမင္းေဇာင္းမက်န္ တြန္းလွန္တိုက္ဖ်က္ၾကဖို႔ စက္တင္ဘာ ၇ ရက္က ေၾကညာခဲ့ပါတယ္။