တိုင်းပြည်နဲ့လူမျိုးကို သွားကာကွယ်ဦးမယ်ဆိုပြီး တိုက်ပွဲမှာကျဆုံးသွားတဲ့ဖခင်အတွက် ဖြေမဆည်နိုင်အောင် ယူကြုံးမရဖြစ်နေရှာတဲ့ သမီးဖြစ်သူ

တိုင်းပြည်နဲ့လူမျိုးကို သွားကာကွယ်ဦးမယ်ဆိုပြီး တိုက်ပွဲမှာကျဆုံးသွားတဲ့ဖခင်အတွက် ဖြေမဆည်နိုင်အောင် ယူကြုံးမရဖြစ်နေရှာတဲ့ သမီးဖြစ်သူ

စက်တင်ဘာ (၁၆)ရက်နေ့ညက ကရင်နီပြည်နယ်(ကယား) လွိုင်ကော်မြို့နယ်အတွင်းမှာ စကစတပ်နဲ့ ကရင်နီတပ်မတော် KA ၊ KNDFပူးပေါင်းအဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး KA မှ တပ်ကြပ်ကြီးတစ်ဦး ကျဆုံးသွားခဲ့ပါတယ်။

ည (၇) နာရီနဲ့ (၈)နာရီကြားမှာ လွိုင်ကော်မြို့နယ် ဒေါ်ပိုစီရွာနဲ့ (၆)မိုင်ကျေးရွာနယ်မြေအတွင်းရှိ စစ်ရှောင်စခန်းဆီကို ဦးတည်နေတဲ့ စကစတပ် အင်အား (၁၀၀)ခန့်နဲ့ (၄၅)မိနစ်ကြာတိုက်ပွဲဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

စကစတပ်ဘက်မှ (၄)ဦးခန့် ဒဏ်ရာရကျဆုံးခဲ့သလို KA မှ တပ်ကြပ်ကြီး နားရယ် (အယ်ဒီ)ဟာ တိုက်ပွဲမှာလက်နက်ကြီးကျည်ထိမှန်ဒဏ်ရာရပြီး တောတွင်းဆေးခန်းတစ်နေရာမှာ ကျဆုံးခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။

ပြည်သူတွေနဲ့ ယုံကြည်တဲ့အနာဂတ်တွေအတွက် အသက်ပေးစွန့်သွားတဲ့ တပ်ကြပ်ကြီး နားရယ် (အယ်ဒီ) ရဲ့ ကျန်ရစ်သူမိသားစုဝင်တွေမှာလည်း ဖြေမဆည်နိုင်တဲ့ ယူကြုံးမရဝမ်းနည်းမှုတွေနဲ့ ကျန်ရစ်ခံစားနေကြရတာ ဖြစ်ပါတယ်။

တိုင်းပြည်နဲ့လူမျိုးကို သွားကာကွယ်ဦးမယ်ဆိုပြီး တိုက်ပွဲမှာကျဆုံးသွားတဲ့ဖခင်နဲ့ ပတ်သက်ပြီးတော့လည်း ရင်နင့်အောင် ဝမ်းနည်းနေရပြီး ရှေ့ဆက်ရမယ့်အခက်အခဲတွေကို ပြောပြလာပါတယ်။(၁၈)နှစ်အရွယ်သူမအပြင် အသက်(၅)နှစ် အရွယ်

သမီးတွေကိုခဏထားခဲ့ကာ တိုင်းပြည်နဲ့ လူမျိုးကို သွားကာကွယ်ဦးမယ်ဆိုပြီး တစ်သက်လုံး ထားခဲ့လိုက်ရတဲ့ ဖခင်သူရဲကောင်းကြီးအတွက် ဂုဏ်ယူနေတဲ့အကြောင်းတွေလည်း စိတ်မကောင်းစွာ ပြောပြထားတာ ဖြစ်ပါတယ်။

Credit

Zawgyi

တိုင္းျပည္နဲ႔လူမ်ိဳးကို သြားကာကြယ္ဦးမယ္ဆိုၿပီး တိုက္ပြဲမွာက်ဆုံးသြားတဲ့ဖခင္အတြက္ ေျဖမဆည္ႏိုင္ေအာင္ ယူႀကဳံးမရျဖစ္ေနရွာတဲ့ သမီးျဖစ္သူ

စက္တင္ဘာ (၁၆)ရက္ေန႔ညက ကရင္နီျပည္နယ္(ကယား) လြိဳင္ေကာ္ၿမိဳ႕နယ္အတြင္းမွာ စကစတပ္နဲ႔ ကရင္နီတပ္မေတာ္ KA ၊ KNDFပူးေပါင္းအဖြဲ႕တို႔ တိုက္ပြဲျဖစ္ပြားခဲ့ၿပီး KA မွ တပ္ၾကပ္ႀကီးတစ္ဦး က်ဆုံးသြားခဲ့ပါတယ္။

ည (၇) နာရီနဲ႔ (၈)နာရီၾကားမွာ လြိဳင္ေကာ္ၿမိဳ႕နယ္ ေဒၚပိုစီ႐ြာနဲ႔ (၆)မိုင္ေက်း႐ြာနယ္ေျမအတြင္းရွိ စစ္ေရွာင္စခန္းဆီကို ဦးတည္ေနတဲ့ စကစတပ္ အင္အား (၁၀၀)ခန႔္နဲ႔ (၄၅)မိနစ္ၾကာတိုက္ပြဲျဖစ္ပြားခဲ့တာ ျဖစ္ပါတယ္။

စကစတပ္ဘက္မွ (၄)ဦးခန႔္ ဒဏ္ရာရက်ဆုံးခဲ့သလို KA မွ တပ္ၾကပ္ႀကီး နားရယ္ (အယ္ဒီ)ဟာ တိုက္ပြဲမွာလက္နက္ႀကီးက်ည္ထိမွန္ဒဏ္ရာရၿပီး ေတာတြင္းေဆးခန္းတစ္ေနရာမွာ က်ဆုံးခဲ့ျခင္းျဖစ္တယ္လို႔ သိရပါတယ္။

ျပည္သူေတြနဲ႔ ယုံၾကည္တဲ့အနာဂတ္ေတြအတြက္ အသက္ေပးစြန႔္သြားတဲ့ တပ္ၾကပ္ႀကီး နားရယ္ (အယ္ဒီ) ရဲ႕ က်န္ရစ္သူမိသားစုဝင္ေတြမွာလည္း ေျဖမဆည္ႏိုင္တဲ့ ယူႀကဳံးမရဝမ္းနည္းမႈေတြနဲ႔ က်န္ရစ္ခံစားေနၾကရတာ ျဖစ္ပါတယ္။

တိုင္းျပည္နဲ႔လူမ်ိဳးကို သြားကာကြယ္ဦးမယ္ဆိုၿပီး တိုက္ပြဲမွာက်ဆုံးသြားတဲ့ဖခင္နဲ႔ ပတ္သက္ၿပီးေတာ့လည္း ရင္နင့္ေအာင္ ဝမ္းနည္းေနရၿပီး ေရွ႕ဆက္ရမယ့္အခက္အခဲေတြကို ေျပာျပလာပါတယ္။(၁၈)ႏွစ္အ႐ြယ္သူမအျပင္ အသက္(၅)ႏွစ္ အ႐ြယ္

သမီးေတြကိုခဏထားခဲ့ကာ တိုင္းျပည္နဲ႔ လူမ်ိဳးကို သြားကာကြယ္ဦးမယ္ဆိုၿပီး တစ္သက္လုံး ထားခဲ့လိုက္ရတဲ့ ဖခင္သူရဲေကာင္းႀကီးအတြက္ ဂုဏ္ယူေနတဲ့အေၾကာင္းေတြလည္း စိတ္မေကာင္းစြာ ေျပာျပထားတာ ျဖစ္ပါတယ္။