တောင်ကိုရီးယားတွင် မြန်မာကိုယ်စားလှယ်ရုံး စတင်ဖွဲ့စည်းလိုက်ပြီဖြစ်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG

ပြည်သူလူထုက ရွေးကောက်တင်မြှောက်ထားတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က နှစ်နိုင်ငံအရေး ပိုမိုဆောင်ရွက်နိုင်ဖို့ မြန်မာကိုယ်စားလှယ်ရုံးအဖွဲ့ကို တောင်ကိုရီးယားနိုင်ငံမှာ စတင်ဖွင့်လှစ်လိုက်ကြောင်း သိရှိရတယ်။

NUG အစိုးရရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက ကိုရီးယားပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်အဖြစ် ဦးရန်နိုင်ထွန်း ကို ခန့်အပ်ကြောင်း ဩဂုတ်လ ၁၆ ရက်နေ့က ကြေညာခဲ့ပါတယ်။အဆိုပါအဖွဲ့အစည်းတွင် အဖွဲ့ဝင် (၁၁) ယောက်ကို

ဆက်လက်ခန့်အပ် တာဝန်ပေးအပ်လိုက်ပြီး ရုံးစတင်ဖွင့်လှစ်ကြောင်း သိရှိရပါတယ်။ရုံးအဖွဲ့အနေနဲ့ NUG အစိုးရရဲ့ လမ်းညွှန်ချက်တွေအတိုင်း အကောင်အထည်ဖော် ဆောင်ရွက်သွားမှာဖြစ်ပြီး သံတမန်ရေးရာ ရုံးလုပ်ငန်းဆိုင်ရာများကို

လုပ်ကိုင်ရာတွင် အင်အားဖြစ်စေဖို့၊ ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံ တည်ဆောက်ရေးတွင် အဓိကကျတဲ့ တိုင်းရင်းသားအင်အားစုများရဲ့အကြံဉာဏ် နဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။မြန်မာနိုင်ငံတွင်း ဖြစ်ပေါ်နေတဲ့ အခြေအနေအရပ်ရပ်ကို

တောင်ကိုရီးယားအစိုးရနဲ့ လွှတ်တော်ဆီ ချပြပေးသွားဖို့ ရည်ရွယ်တယ်လို့ ဦးရန်နိုင်ထွန်းက ပြောပါတယ်တောင်ကိုရီးယားနိုင်ငံအစိုးရက စစ်အာဏာသိမ်းမှုကို လက်မခံကြောင်း၊ အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ ဆက်လက်ပူးပေါင်းသွားမယ်လို့ အတိအလင်းထုတ်ပြောထားပါတယ်။

Credit

unicode





