PDF များ တိုက်ခိုက်လာပါက စစ်တပ်များ အသင့်ပြင်ထားကြရန်နှင့် ရဲမေများ လက်နက် ကိုင်တိုက်ရန် စစ်ကောင်စီက ညွှန်ကြား

PDF များ တိုက်ခိုက်လာပါက စစ်တပ်များ အသင့်ပြင်ထားကြရန်နှင့် ရဲမေများ လက်နက် ကိုင်တိုက်ရန် စစ်ကောင်စီက ညွှန်ကြား

PDF များ တိုက်ခိုက်လာပါက စစ်တပ်များ အသင့်ပြင်ထားကြရန်နှင့် ရဲမေများ လက်နက် ကိုင်တိုက်ရန် စစ်ကောင်စီက ညွှန်ကြား

PDF များ တိုက်ခိုက်လာပါက စစ်တပ်များ အသင့်ပြင်ထားကြရန်နှင့် ရဲမေများ လက်နက် ကိုင်တိုက်ရန်၊ အိမ်ငှားစာရင်းများ ကောက်ယူရန် စစ်ကောင်စီက ညွှန်ကြားရန်ကုန်၊ စက်တင်ဘာ ၁အကြမ်းဖက်စစ်ကောင်စီက တပ်ရင်း၊

တပ်ဖွဲ့များကို PDF များ တိုက်ခိုက်လာပါက အသင့်ပြင်ထားကြရန်နှင့် ရဲမေများ လက်နက်ကိုင် တိုက်ခိုက်ကြရန် ညွှန်ကြားချက်များရှိနေကြောင်း CDM တပ်မတော်သားများဖြင့် ဖွဲ့စည်းထားသည့် People’s Soldiers က တရားဝင်သတင်းထုတ်ပြန်သည်။

တပ်အင်အားချိနှဲ့လာတာကြောင့် PDF များတိုက်ခိုက်လာပါက ရဲမေများကိုပါ လက်နက်ကိုင်ခိုင်းပြီး ပြန်တိုက်ရန် တပ်တွင်းမှာ ခိုင်းစေနေကြောင်း တပ်တွင်းကြေးနန်းဖြင့် ညွှန်ကြားနေကြောင်းသိရပါတယ်။

ရဲမေများကို စစ်သည်အဖြစ်အသုံးပြုခြင်းမှာ စစ်ရာဇဝတ်မှုမြောက်ပါတယ်။ ရဲမေများအနေနဲ့ လက်နက် ကိုင်ခိုင်းပါက ငြင်းဆန်ကြဖို့လိုအပ်ပါတယ်” ဟု People’s Soldiers က သတင်းထုတ်ပြန်ထားသည်။

အလားတူ နိုင်ငံတစ်ဝန်း အိမ်ငှားအရေအတွက်စာရင်းများကို အတိအကျ ကောက်ယူပြီး သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များသို့ အမြန်ဆုံး ပေးပို့ကြရန်ဆိုသော ညွှန်ကြားချက်တစ်ရပ်ကိုလည်း စစ်ကောင်စီက စက်တင်ဘာလ ၁၄ ရက်နေ့ နေ့စွဖြင့် ထုတ်ပြန်ထားကြောင်း သိရှိရသည်။

source-khit thit media

Credit

Zawgyi





