ယောက်ျားတစ်ယောက်က သင့်ကိုလှည့်စားနေပြီဆိုတာ သိနိုင်တဲ့အမူအယာများ

ယောက်ျားတစ်ယောက်က သင့်ကိုလှည့်စားနေပြီဆိုတာ သိနိုင်တဲ့အမူအယာများ

” မိန်းမ မာယာသဲကိုးဖြာ” တဲ့၊ယောင်္ကျား မာယာကျတော့ မန်းကျည်းပင် နှစ်ပင်လောက်က မန်ကျည်းစေ့တွေလောက် ရှိတယ်တဲ့။ သဲနဲ့ မန်းကျည်းစေ့နဲ့ သဲက ပိုများတာ မှန်ပေမဲ့ မန်ကျည်းပင်ကလည်း တစ်နေ့တခြားကို တိုးလာတာပါ။ ဒါကလည်း ပုံပမာ တစ်ခုသာ ဖြစ်ပါတယ်။

လှည့်စားတတ်တဲ့ သူက ယောင်္ကျားလေးပဲဖြစ်ဖြစ် မိန်းကလေးပဲဖြစ်ဖြစ် လှည့်စားတတ်သလို့ မလှည့်စား တတ်တဲ့ သူကလည်း မလှည့်စားတတ်ပါဘူး။ အခုဒီမှာတော့ ယောင်္ကျားလေးတစ်ယောက်က သင့်ကို လှည့်စားနေသလားဆိုတာကို သိနိုင်မယ့် အချက်တွေကို ဖော်ပြပေးလိုက်ပါတယ်နော် ။

သင်ကြားချင်တာပဲ အမြဲပြောပါတယ်”

မိန်းကလေးတွေနဲ့ ပါတ်သတ်ပြီး ကျွမ်းကျင်တဲ့ ယောင်္ကျားလေးများဟာ သင်ဘာကြားချင်သ လဲဆိုတာကို သိကြပြီး သင်ကြားချင်တာကိုပဲ ပြောတတ်ပါတယ်။ သင့်နှလုံးသားကို အရည်ပျော်စေမဲ့ စကားတွေ ကြားရဖန်များနေရင် သတိထားပါ။မကြာခင်လူပါ အရည်ပျော်တော့မှာ ဖြစ်ပါတယ် ။

သူ့ရဲ့ အနာဂါတ်နဲ့ ပတ်သတ်ပြီး ဝေဝါးနေတယ်”

သင့်ကို သူ့ရဲ့ အနာဂါတ် အစီအစဉ်တွေက ဘာလဲဆိုတာ တိုင်ပင်ဖူ းပါသလား။သူ့ရဲ့အလုပ်၊နောင်လမှာ ဘာလုပ်မယ်၊ဘာတွေစဉ်းစား ထားသလဲဆိုတာကို တိုင်ပင်ဖူးပါသလား။ သင့်ကို မတိုင်ပင်ဖူး ဘူးဆိုရင်တော့ သင့်ကို ကစားနေတာ ဖြစ်ပြီး သူ့အနာဂါတ်မှာ လုပ်ဆောင်မဲ့ ကိစ္စတွေကို သင်မသိစေချင်တဲ့ အတွက်ပဲ ဖြစ်ပါတယ် ။

သူ့ဖုန်းကို ပေးမကြည့်ဘူး”

ဒါကတော့ တော့ သိသာပါတယ်။ ဖုန်းကို Lock ခတ်ထားတဲ့ဆိုတာ တခြားသူတွေကို ပေးမသိစေချင်တဲ့ဟာ တစ်ခုခုရှိပြီးလျှို့ ဝှက်ထားတယ်ဆိုတဲ့ အဓိပ္ပါယ်ဖြစ်ပါတယ်။ ဒါပေမဲ့ သင့်နဲ့စကားပြေ ာနေချိန် ဖုန်းလာတယ် ဆိုရင် ဖုန်းချပစ်လိုက် တာမျိုး၊ ဖုန်းပိတ်ထားတတ် တာမျိုးဆိုရင်တော့ သင့်ကို ကစားနေတာ ဖြစ်ပါတယ် ။

သင့်ကို ဘယ်လိုခံစားရလဲဆိုတာကိုပြောလေ့မရှိဘူး”

လှတယ်၊ချစ်ဖို့ကောင်းတယ်၊ချောတယ် ၊အံ့ဩဖို့ကောင်းတယ်ဆိုတာတွေက သင်နဲ့ပါတ်သတ်ပြီးသူခံစားနေရတာ မဟုတ်ဘဲ သူ့ကြိုက်တဲ့အရာတွေကို စာရင်းပြုစုနေခြင်းသာ ဖြစ်ပါတယ်။ သင်နဲ့ပါတ်သတ်ပြီး တကယ်ခံစားရတာတွေကို ပြောလေ့မရှိဘူး ဆိုရင်တော့ သင့်ကို ကစားနေတာ ဖြစ်နိုင်ပါတယ်နော် ။

သူ့ရဲ့ ချီးမွမ်းစကားတွေဟ သင့်ရုပ်နဲ့ပဲ ပတ်သတ်နေတယ်”

သင့်ကို ချီးမွမ်းစကားပြောတိုင်း သင့်ရုပ်အကြောင်း ပဲပြောနေခြင်းဟာ နားထောင်လို့ကောင်းရင်ကောင်းနေပေမဲ့ သင့်ရဲ့ ပင်ကိုယ်လက္ခဏာနဲ့ပါတ်သတ်ပြီး ချီးမွမ်းစကားမပြောခြင်းဟာ သင့်ပင်ကိုယ်လက္ခဏာ တစ်ရပ်ကို သူရှာဖို့ အချိန်မရလို့ပဲ ဖြစ်ပါတယ် ။

သူငယ်ချင်းတွေ၊မိသားစုတွေနဲ့ မိတ်ဆက်ပေးလေ့မရှိဘူး”

သူငယ်ချင်းတွေ၊ မိဘတွေနဲ့လည်း မိတ်ဆက်ပေးတိုင်း ထာဝရချစ်သွားမယ် လို့တော့ ပြောလို့မရပါဘူး။ ဒါပေမဲ့ ယောင်္ကျားလေးတွေဟာ မိဘတွေ၊ သူငယ်ချင်းတွေနဲ့ မိတ်ဆက်ပေးခြင်းကို သူတို့အချစ်ရဲ့ သက်သေ လို့ဖော်ပြလေ့ရှိပြီး

သင့်ဟာ အဲ့ဒီအဆင့် ထိတောင်မရောက်သေး ဘူးဆိုရင်ေ တာ်တော် အခြေအနေဆိုး တယ်လို့ပဲဆိုရမှာပါ။ အဲ့ဒါကြောင့် မိသားစုနဲ့ မိတ်ဆက်ပေး တယ်ဆိုတာ ခြေလှမ်းကြီး တစ်ခုဖြစ်ပြီး သူမိသားစုနဲ့ မိတ်ဆက်ပေးဖို့တောင် စိတ်ကူးမရှိရင် သင့်ကို ကစားနေပြီလို့ ယူဆနိုင်ပါတယ် ။

သင့်မိသားစုတွေ၊သူငယ်ချင်းတွေကိုလည်း ဂရုမစိုက်ဘူး”

သူရဲ့ မိသားစုတွေ သူငယ် ငယ်ချင်းတွေ အကြောင်း ကိုလည်း စိတ်ဝင် တစားမမေးဘူး။တွေ့ဆုံဖို့ကိုလည်း ရှောင်နေ တယ်ဆိုရင် သင့်ကို ကစားနေတာ ဖြစ်နိုင်ပါတယ်။ ဒီလိုမျိုးရှောင်ကြဉ်တာဟာ သံယောဇဉ်အနှောင်အဖွဲ့များနေရင် သူအချိန်တန်တဲ့အခါ ရုန်းထွက်ရခက်မှာဆိုးလို့ဖြစ်ပါတယ်နော် ။

Credit

Unicode